September 12, 2012

ဒုတိယ ပင်လုံညီလာခံ ကျင်းပဖို့ KIO ဒု-စစ်ဦးစီးချုပ် ပြော

ချင်းမိုင် (မဇ္ဈိမ) ။       ။ အစိုးရမှ တိုင်းရင်းသားများအပေါ် မတရားဖိနှိပ်မှုများ မပြုလုပ်နိုင်ရန်နှင့် တိုင်းရင်းသားများ ဘက်မှလည်း မဖြစ်နိုင်သည့် မတရားတောင်းဆိုချက်များ ပြုလုပ်နိုင်ရန် ပင်လုံညီလာခံကဲ့သို့သော ဒုတိယပင်လုံ ညီလာခံတခု ကျင်းပ၍ ဘုံသဘောတူညီချက်ချမှတ်နိုင်ရေး ဆွေးနွေးသင့်နေပြီဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။

“အားလုံးပါဝင်နိုင်တဲ့ ညီလာခံကြီးတခုကို ခေါ်ပေးရမယ်။ ကျနော်တို့ပြောတာကတော့ အရင်ပင်လုံတွေ ကျင်းခဲ့ကြ သကဲ့သို့ ညီလာခံကြီး တခုကို ကျင်းပရမယ်။ အဲဒီမှာတော့ အကုန်လုံးပါဝင်ရမယ်။ ပါဝင်သင့်တဲ့လူတွေ အကုန်လုံး ပါဝင်ရမယ်။ အဲဒီမှာ ဘုံသဘောတူညီချက် တခုကို ရအောင် ကျနော်တို့က ဝိုင်းပြီးမှ ဆွေးနွေးရမယ်။ လူထုရဲ့ရှေ့မှာ အစည်းအဝေးလုပ်ရမယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် အစိုးရကလည်း မတရားလုပ်လို့ မရတော့ဘူး။ ကျနော်တို့ ဘက်ကလည်း မတရားတောင်းဆိုလို့ မရတော့ဘူး။ အဲတော့ အားလုံးက ဝိုင်းပြီးကြည့်နေရမယ်” ဟု ဗိုလ်ချုပ်ဂွမ်မော် က ဆိုသည်။

သြဂုတ်လ ၁၂ ရက်မှ ၂၂ ရက်နေ့ထိ ကချင်ငြိမ်းချမ်းရေးကွန်ယက် အဖွဲ့ဝင်များက တရုတ်နယ်စပ် KIO ၏ ဌာနချုပ် လိုင်ဇာမြို့သို့သွားရောက်၍ KIO ၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် သီးသန့်တွေ့ဆုံ မေးမြန်းမှုကို ဘားမား ဗီဂျေမီဒီယာက ပြန်လည်ဖေါ်ပြထားခြင်းဖြစ်သည်။

ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန်မှာ ဒုတိယ ပင်လုံညီလာခံ၏ ဘုံသဘောတူညီချက်များဖြင့်သာ
ပြင်ဆင်နိုင်မည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ယူဆသည်။ သူက လွှတ်တော်အတွင်းမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သည် လွှတ်တော်အတွင်း တပ်မတော်အရာရှိများ ပါဝင်နေခြင်းကြောင့် ပြင်ဆင်၍ မရနိုင်ဟုလည်း ယူဆနေသည်။

"လွှတ်တော်ထဲမှာ ပြင်လို့ မရသလို၊ ပြည်သူ့ဆန္ဒခံ  ဖြစ်လာဖို့လည်း ဘယ်လိုမှ မဖြစ်လာနိုင်ဘူး။ အဲတော့ ကျနော်တို့ ကတော့ အပြင်မှာ ညီလာခံ ကြီးတခုမှာ ဘုံသဘောတူညီချက်တခုကို မရဘူးဆိုရင် ဒီဥပဒေကို ဘယ်လိုမှ ပြင်လို့မရ ဘူး။ ဒါကြောင့် လွတ်တော်ပြင်ပမှာ ဒါကို လုပ်ချင်တယ်လို့ ဦးအောင်မင်းကိုပြောတယ်။ ပထမပိုင်းတော့ ဟုတ်တယ်တဲ့ ဒါပေမဲ့ ဒီက ဆွေးနွေးချက်ကို လွှတ်တော်ပြန်ယူသွားဖို့ လိုအပ်တယ်လို့ ဒါကြောင့်မလို့ ဒီဟာကို ဦးသိန်းဇော်ကို တာဝန်ပေးရမယ်။ ဒါပေမဲ့ ခုကျတော့ ဒီလေသံကတော့ ပျောက်သွားပြန်ရော”ဟု ပြောသည်။

KIO နှင့် အစိုးရအကြား တနှစ်ကျော်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့မှုအပေါ် လွှတ်တော်အနေဖြင့် မည်သို့ သဘောထားရှိမှု၊ တိုက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးခြင်း ရှိ၊ မရှိကို KIO အနေဖြင့် အမှန်တကယ် သိရှိလိုကြောင်းနှင့် လွှတ်တော်က တိုက်ပွဲရပ်ရန် ဆုံးဖြတ်ချက်ကို တပ်မတော်က နာခံမှုမရှိခြင်းလား ဟူသည့် မေးခွန်းကိုလည်း မေးမြန်းထားသည်။

တိုက်ပွဲများ မဖြစ်ပွားစေရန် KIO နယ်မြေအတွင်း နီးကပ်နေသော အစိုးရ၏ စစ်တပ်များအား ဆုတ်ခွာရေးဆွေးနွေး ရန် ပြင်ဆင်လိုက်တိုင်း အစိုးရဘက်မှ ဆွေးနွေးမှုကို ရပ်ဆိုင်းထားမှု ဖြစ်နေသည်ဟု သူက ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့က တရုတ်နယ်စပ် မိုင်ဂျာယန်မြို့တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် အလွှတ် သဘောတွေ့စဉ် အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ဒု-ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် KIO ဘက်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွပ်မော်တို့ စစ်တပ်ပိုင်းဆိုင်ရာများ ဆွေးနွေးရန် သဘောတူခဲ့ပြီးနောက် ယနေ့ထိ နှစ်လကျော်ကြာ ပြန်လည် တွေ့ဆုံခြင်း မရှိခဲ့ပေ။

KIO က ယခင်ဆွေးနွေးပွဲများကို တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလပ်ခဲ့ပြီး ယခုတကြိမ်တွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့မည်သည့် ဘယ်နေရာ၌၊ မည်သူက တာဝန်ယူမည်ဟူ၍ ဆက်လက် ဆွေး နွေးကြမည်ကို စာတင်ထားသော်လည်း အစိုးရဘက်မှ တု့ံပြန်ခြင်းမရှိခဲ့ကြောင်း သူက ဆိုသည်။

ထို့နောက် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က လာအိုနိုင်ငံတွင် သွားရောက်တွေ့ဆုံရန် ထပ်မံ ကမ်းလှမ်းလာ မှုကို KIO ဘက်မှ ငြင်းဆိုခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် ထပ်မံတွေ့ဆုံ၍ နေပြည်တော်သို့ သွားရောက်ရန် ထပ်မံ ကမ်းလှမ်းခဲ့မှု ကိုလည်း KIO ဘက်မှ ပယ်ချခဲ့သည်။

KIO ၏ တောင်းဆိုချက်များအား ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖွဲ့စည်းခဲ့သော ကချင်ပြည်နယ်စပ်ရေးရာ ဝန်ကြီး ဦးသန်းအောင်နှင့် သုံးကြိမ်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
သောင်သာအမတ် ဦးအောင်သောင်း ဦးဆောင်သောအဖွဲ့နှင့် သုံးကြိမ်နှင့် လက်ရှိ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ သုံးကြိမ် စုစုပေါင်း အနည်းဆုံး ၉ ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

လာမည့် ၂ဝ၁၅ ခုနှ ရွေးကောက်သည် အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်ပြီး ၂ဝ၁၆ ခုနှစ် နောက်ပိုင်းမှ မြန်မာ့ ဒီမိုကရေစီအရေး အမှန်တကယ် ပြောင်းလဲနိုင်မည်ဟုလည်း ဗိုလ်မှူးချုပ် ဂွမ်မော်က ထည့်သွင်း ပြောဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ကလည်း “တမျိုးသားလုံးဆိုင်ရာ ညီလာခံကြီး” ကျင်းပ၍ ထိုမှ တမျိုးသားလုံး ဆိုင်ရာ သဘောတူညီချက် ရရှိရန် အင်အားစုများ အားလုံး ပါဝင် လက်မှတ် ရေးထိုးကြရန်နှင့် တမျိုးသားလုံးဆိုင်ရာ သဘောညီချက်ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆက်လက် ဆောင်ရွက်ရန် ထုတ်ပြန်ထားသည်။

UNFC တွင် ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ မွန်ပြည်တစ်ပါတီ၊ ရှမ်းပြည်မြောက်ပိုင်း
တပ်မတော်၊ ရှမ်းပြည်တောင်ပိုင်း တပ်မတော်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ အပါအဝင် ၁၂ ဖွဲ့ ပါဝင်ပြီး ယင်းအဖွဲ့များသည် ပြည်ထောင်စုအဆင့် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထူးပြီး
ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/10092--kio-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India