December 13, 2012

KIA ကို တိုက်ခိုက်ရာတွင် အစိုးရတပ်များ ဆွွီဒင်ထုတ် လက်နက်သုံး

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က သိပ်ဆည်းရမိသည့် Carl Gustaf ရော့ကက် လောင်ချာ (ဓာတ်ပုံ – ဂျွန်စံလင်း)
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများတွင် အစိုးရတပ်မတော်သည် ဥရောပက ရောင်းချရန် ပိတ်ပင်ထားသည့် ဆွီဒင်နိုင်ငံလုပ် လက်နက်များကို အသုံးပြုနေကြောင်း သတင်းထွက်ပေါ်ပြီးနောက် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
လွန်ခဲ့သည့် တနင်္လာနေ့က အစိုးရ စစ်တပ်မှ ရဟတ်ယာဉ် ၂ စင်းဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အခြေစိုက် စခန်းများသို့ လာရောက်ပစ်ခတ်ပြီးနောက် ဒုံးကျည်ခွံများကို ကချင်လက်နက်ကိုင် အဖွဲ့ဝင်များက တွေ့ရှိခဲ့ကြောင်း ကချင်ပြည်နယ် စစ်မြေပြင်သတင်းထောက် ဂျွန်စံလင်းက ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ် ပန်ဝါဒေသရှိ စခန်းများ ဒုံးကျည်လက်နက်ဖြင့် တိုက်ခိုက်ခံခဲ့ရပြီး အဆိုပါ ဒုံးကျည်လက်နက်သည် ဆွီဒင်နိုင်ငံရှိ Saab Bofors Dynamics ကုမ္ပဏီမှ ထုတ်လုပ်သည့် Carl Gustaf ခေါ် ၈၄ မမ နောက်ပွင့် ဒုံးကျည် လက်နက်ဖြစ်သည်ဟု ကချင်လက်နက်ကိုင် အဖွဲ့ဝင်များက ယူဆခဲ့ကြကြောင်း သူက ဆက်ပြောသည်။
အဆိုပါ ဒေသတွင် KIA နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီးနောက် အဆိုပါ ဒုံးလက်နက်နှင့် ကျည်ဆံခွံများကို သိမ်းဆည်းရမိခဲ့ရာ ယခင်က သံသယဖြစ်မှု အဆင့်သာရှိခဲ့ရာမှ အထောက်အထား အခိုင်အမာဖြင့် သက်သေပြနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
ဆွီဒင်နိုင်ငံလုပ်အဆင့်မြင့် M-3 Carl Gustaf လက်နက်များကို KIA ကသိမ်းဆည်း ရရှိခဲ့ကြောင်း ဆွီဒင်သတင်းစာ Svenska Dagbladet ကို ကိုးကား၍ The Independent သတင်းတွင်လည်း ဖော်ပြထားသည်။
အဆိုပါ လက်နက်သည် တင့်ကားကဲ့သို့သော အမာစား ယာဉ်မျိုးကိုပင် အလွယ်တကူ ဖျက်ဆီးနိုင်စွမ်းရှိပြီး ပြည်တွင်း စစ်မျိုးတွင် သုံးစွဲလေ့ မရှိကြောင်းလည်း သိရသည်။
ဆွီဒင်နိုင်ငံသည် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်ပြီး ဥရောပ သမဂ္ဂကမြန်မာအစိုးရသို့ လက်နက် ရောင်းဝယ်မှု ပိတ်ပင်ထားဆဲ ဖြစ်သည်။ ယင်းကိစ္စကိုဆွီဒင်အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။
လွန်ခဲ့သည့် လ ၂၀ ကျော်ကာလက ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာသည့် ဦးသိန်းစိန် သမ္မတအဖြစ် တက်လာပြီး နောက်ပိုင်း အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ် အရေးယူ ပိတ်ဆို့ထားမှုတချို့ကို ဖယ်ရှားခဲ့သော်လည်း နယ်စပ်တလျှောက် တိုင်းရင်းသား ဒေသများတွင် လက်နက်ကိုင် ပဋိပက္ခများ ရှိနေသေးသည့်အတွက် လက်နက်ဝယ်ယူခွင့်ကိုမူ ယခုထိ ပိတ်ပင်ထားဆဲဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သတင်းများ၊ စာအုပ်များကို တစိုက်မတ်မတ်ရေးသားသူ၊ မြန်မာ့အရေး ကျွမ်းကျင်သူလည်းဖြစ်သည့် ဆွီဒင်သတင်းစာဆရာ ဘားတေးလ် လစ်တနာက အဆိုပါ ဆွီဒင်နိုင်ငံလုပ် ဒုံးလက်နက်ကိစ္စနှင့် ပတ်သက်၍ မြန်မာအနေဖြင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ ရရှိခြင်းဖြစ်နိုင်သည်ဟု ယုံကြည်ရကြောင်း၊ အိန္ဒိယနိုင်ငံသည် ဆွီဒင်နိုင်ငံမှ လက်နက်အများဆုံး ၀ယ်ယူသည့် နိုင်ငံဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
ဆွီဒင် သတင်းစာအဆိုအရ ဆွီဒင်အစိုးရက စုံးစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ပြီး လက်နက် မပြန့်ပွားရေးကိစ္စ အတွက် KIA က သိမ်းဆည်းရမိသည့် ဒုံးကျည်လက်နက်နှင့် ပတ်သက်၍ ဆွီဒင် အေဂျင်စီတခုကို စတော့ဟုမ်းမြို့တွင် စုံးစမ်းမှု လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း ဆိုထားသည်။
သို့သော် ဘာတေးလ် လစ်တနာကမူ “ဒါကတော့ စုံစမ်းစစ်ဆေး ခံရပါလိမ့်မယ်။ ဒါပေမယ့် ဆွီဒင် လက်နက်တွေကို အဓိက ၀ယ်ယူသူ အိန္ဒိယနိုင်ငံဟာ စျေးကွက်ကြီးတခု ဖြစ်တာကြောင့် တစုံတရာ ကန့်သတ်မှု လုပ်လာရုံလောက်ပဲ ဖြစ်ပါလိမ့်မယ်။ ဆိုလိုတာက အိန္ဒိယအနေနဲ့ တောင်းပန်ရပြီး နောက်ထပ် ဒါမျိုး ထပ်မလုပ်ဖို့လောက်ပဲ ဖြစ်နိုင်ပါလိမ့်မယ်” ဟု မှတ်ချက်ပေးသည်။
၂၀၁၁ ဇွန်လက အပစ်အခတ် သဘောတူမှု ကျိုးပေါက်ပြီး ၁၈ လတာ ပစ်ခတ်မှုများ ဖြစ်ပွားချိန်တွင် မြန်မာစစ်တပ်က ရုရှားလုပ် ရဟတ်ယာဉ်များ အသုံးပြုနေကြောင်းလည်း KIA က ပြောသည်။
ရုရှားလုပ် Mi-35 ရဟတ်ယာဉ်များသည် လက်နက်တပ်ဆင် ပစ်ခတ်၍ရသည့် Mi-24 Hind Helicopter Gunships အမျိုးအစား ပို့ကုန်တခုဖြစ်ပြီး မြန်မာအစိုးရတပ်များ အသုံးပြုသည်ဟု သတင်းများက ဆိုသည်။
“သူတို့ (KIA တပ်ဖွဲ့တွေ) က ထောက်ပံ့ရေး ရဟတ်ယာဉ်တချို့ကို ပစ်ချနိုင်ဖွယ်ရှိတယ်။ Mi-35 ရဟတ်ယာဉ်လို လက်နက်တပ်ဆင်ထားတဲ့ ဟာမျိုးကို ပစ်ချဖို့ကတော့ တော်ရုံ တန်ရုံလက်နက်မျိုးနဲ့တော့ မလွယ်ဘူး” ဟု ဘာတေးလ် က ပြောသည်။
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) က မြန်မာစစ်တပ်သည် အဆိုပါကိစ္စမျိုးကို ထုတ်ဖော်ပြောဆိုမည် မထင်ကြောင်း ပြောသည်။
“KIA နဲ့ စစ်ပွဲတွေ နောက်ထပ်ဖြစ်လာမှ မဟုတ်ဘူးလို့ ဦးအောင်မင်းက ကျနော်တို့ကို ပြောတယ်” ဟု KIO မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ဧရာဝတီကို ပြောသည်။
ဦးအောင်မင်းသည် ယခု သမ္မတရုံး ၀န်ကြီးဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး စကားပြောဆိုရာတွင် အဓိက လုပ်ကိုင်နေသူဖြစ်သည်။
“နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မီဒီယာတွေက သူပြောတာကို ယုံကြည်ကြတယ်။ ဒါပေမယ့် လက်တွေ့မှာ ရှေ့တန်း စစ်မျက်နှာတွေမှာ ဖြစ်နေတာနဲ့ လုံးဝ တခြားစီပဲ” ဟု ဦးလနန်က ပြောသည်။
ယခုအခါ ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်က တပ်အင်အား၊ ရိက္ခထောက်ပံ့မှုများ ယခင်ကထက် ပိုမို လုပ်ဆောင်လာသည့်အတွက် နေ့စဉ် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေကြောင်း၊ ယခုဆိုလျှင် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁ သိန်းလောက်အထိ ရှိလာသည်ဟု အကူအညီပေးရေး အေဂျင်စီများက ခန့်မှန်းနေကြောင်း သူက ဆက်ပြောသည်။
“နိုင်ငံသား အခွင့်အရေးကို အာမခံနိုင်တဲ့ တခုတည်းသော နည်းလမ်းဟာ နိုင်ငံရေးတည်ငြိမ်မှု ပြေလည်မှုရရှိရေး ဖြစ်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်ပဲ နိုင်ငံရေးအရ အဖြေရှာကြဖို့ ကျနော်တို့ ခဏခဏ တောင်းဆိုနေတာဖြစ်တယ်” ဟု ဦးလနန်က ဆိုသည်။

http://burma.irrawaddy.org/archives/27987
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India