August 28, 2012

ဖားကန့်တွင် KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲပြင်းထန်နေ

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်များအကြား တိုက်ပွဲများ ပြင်းထန်လာနေ၍ မြို့ပေါ်သို့ စစ်ပြေး ဒုက္ခသည် အများအပြား ထွက်ပြေးလာနေကြသည်။

ဖားကန့်မြို့နယ် တောင်ပြို-ဗလခကျေးရွာနှင့် ဆိုင်းဂျာတောင်အကြားတွင် မြန်မာ အစိုးရတပ် နမခ လက်အောက်ခံ တပ်မ ၃၃ မှ အင်အား ၃ဝဝ ခန့်ဖြင့် သြဂုတ်လ ၂၄ ရက်နေ့တွင် ထိုးစစ်ဆင်လာသဖြင့် KIA ၏ တပ်ရင်း ၆ မှ တပ်ဖွဲ့ များနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ်ပြီး တနင်္လာနေ့တွင်မူ ရှစ်နာရီခန့်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့
ကြောင်း KIA ရှေ့တန်းတပ်ဖွဲ့ဝင်တဦးက ပြောသည်။

“ဒီနေ့က မနက် ၉ နာရီကနေ ညနေ ၄ နာရီ ၄ဝ မိနစ်ထိ ပစ်တာ ခုတော့ ငြိမ်သွားပြီ။ အစိုးရတပ်က ၈ဝ လောက်တော့ ဒဏ်ရာရမယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက် ဒဏ်ရာရတာ မရှိသေးဘူး” ဟု မဇ္စျိမကို ပြောသည်။

နှစ်ဘက် အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရမှုတို့နှင့် ပတ်သက်၍ မဇ္စျိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

နှစ်ဖက် တိုက်ပွဲများကြောင့် ရွာသူရွာသားများ ဖားကန့်မြို့ပေါ်ရှိ ထွက်ပြေးခိုလှုံလာကြရာ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းတွင် ရ၇၅ ဦးရှိပြီး ကက်သလစ်အသင်း ဘုရားကျောင်းတွင် ၈၈ဝ ဦး၊ မှော်ဝမ်းနှစ်ခြင်း ဘုရားကျောင်း တွင် ၆၄၇ ဦး၊ အင်ကလီကန် ဘုရားကျောင်းတွင် ၂၆၆ ဦး၊ မူရင်းနှစ်ခြင်းဘုရားကျောင်းတွင် ၂၃ဝ စသည်ဖြင့် ရှိနေသည်ဟု နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာတော် ဦးတူးဂျာ က ပြောသည်။

“ကျနော်တို့ဖားကန့်မှာ လုံခြုံရေးအရ တိမ်းရှောင်လာတဲ့ ကျနော်တို့ လက်ခံထားတဲ့ နေရာ ဒုက္ခသည်စခန်းက ၂၃ ရှိတယ်။ ဒုက္ခသည် လူပေါင်းက ၆,ဝဝဝ ကျော်ရှိတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေထိုင်နေတာလည်း ရှိမယ်။ ဖားကန့်မြို့ပေါ် အားလုံးဆိုရင်တော့ ဒုက္ခသည် သုံးသောင်းလောက်တော့ ရှိမှာပေါ့” ဟု မဇ္စျိမကို ပြောသည်။

သြဂုတ်လ ၁၉ ရက်နေ့ကတည်းက နှစ်ဘက်တပ်များ တင်းမာမှုများ ဖြစ်လာ၍  မှော်မောင်ကုန်း၊ တောင်ပြို၊ သူဌေးချောင်း၊ ဆိုင်းဂျာဘွမ်၊ မနားချောင်း၊ ဗလခ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး၊ ရှရော်ခ၊ ဇွပ်ငိုင်၊ မျောက်ဖြူ၊
မှော်မောင်းလယန် စသည့် ကျေးရွာပေါင်း ၂ဝ ကျော်မှ ရွာသူရွာသားများ အိုးအိမ်များစွန့်ထား၍ မြို့ပေါ်သို့ တိမ်းရှောင်လာကြခြင်း ဖြစ်သည်။

ဗလခ ကျေးရွာတွင် ကျန်နေခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင် ဒေါ်ဂျာရှန်ကလည်း “အခုလောလောဆယ်တော့ ရပ်နေကြတယ်။ (တိုက်ပွဲက) ကျမတို့ ရွာနဲ့ သိပ်မဝေးဘူး။ ဒီကနေတောင် မြင်နေရတယ်။ ခုန ၅ နာရီလောက်ကျော်ထိ
ဖြစ်နေတယ်၊ ရွာမှာက လူတွေ မရှိတော့ဘူး။ တချို့က ပစ္စည်းတွေ ပစ်ပြီး ထားတော့ ကျမတို့ပဲ ကြည့်ပေးနေတယ်” ဟု မဇ္စျိမကို ပြောသည်။

လက်ရှိ စစ်ပြေးဒုက္ခသည်များအတွက် စားသောက်ကုန် ဝယ်ယူရန်အတွက် ရန်ပုံငွေ လိုအပ်နေသည်ဟု ဆိုသည်။

“ကျနော်တို့ အားလုံး ဒုက္ခရောက်နေတဲ့အချိန် စစ်မဖြစ်ချင်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ်။ အားလုံးက ကိုယ့်ကို ကိုယ် ကျောက်တွေလည်း တပိုင်တနိုင် ရေမဆေးရှာ၊ ခုနောက်ပိုင်းမှာ ကုမ္ပဏီတွေရဲ့ ကျဉ်းထဲမှာ တပိုင်တနိုင် သံတိုင် ကိုင်ပြီး ကျောက်တူးလုပ်စားနေကြတာ အားလုံးက ဒုက္ခရောက် သွားတာပေါ့” ဟု ဆရာကြီး ဦးတူးဂျာက ပြောသည်။

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့အကြား စစ်ရေးကိစ္စနှင့် ပတ်သက်၍
ဆွေးနွေးရန် ရှိသော်လည်း ဆွေးနွေးမည့် နေရာ ညှိနှိုင်းမရသဖြင့် နှစ်လနီးပါးထိ ပြန်လည် တွေ့ဆုံမှုကို ရပ်ဆိုင်းထား သည်။

ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဘက်မှ စာပို့မည်ဟု သြဂုတ်လ ၂၄ ရက်နေ့က အစိုးရ အကျိုးဆောင် ဦးလှမောင်ရွှေက တယ်လီဖုန်းဖြင့် ပြောဆိုခဲ့သော်လည်း ယနေ့ထိ မည်သည့်စာမှ ရောက်လာ
ခြင်း မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးခဗျာခွန်းအောင် က ပြောသည်။

“တနေ့က အပေါ်ယံတော့ ပြောတယ်။ စာဘယ်နေ့ ပို့မယ်ဆိုတာတော့ မသိသေးဘူး။ သောကြာနေ့က တောင်ကြီးက ဦးလှမောင်ရွှေက ဖုန်းနဲ့ ပြောတယ်။ သူတို့ ကမ်းလှမ်းချက် စာပို့မယ်လို့ ပြောတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ပို့မည်ဆိုသော စာတွင် မည်သည့်အကြောင်းကြားစာ ဖြစ်သည်ကိုမူ ပြောဆိုခြင်း မရှိကြောင်း သူက ဆိုသည်။

http://www.mizzimaburmese.com/news/inside-burma/9960--kio---.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India