August 28, 2012

ဖားကန့်မှာ ပြင်းထန်လာသော တိုက်ပွဲကြောင့် လူထု ၄၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရ



ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ဖားကန့်မြို့အနီးကျေးရွာ ၁၀ ရွာမှစစ်ပြေးဒုက္ခသည် ၄၀၀၀ နီးပါးသည် လုံခြုံရာတွင် ထွက်ပြေးတိမ်းရှောင်လာကာ နေရာအခက်ခဲကြုံတွေ့ရကြသည်။
သြဂုတ် ၁၈ ရက်နေ့မှစ၍ ဖားကန့်ဒေသတို့ အစိုးရတပ်များ အင်အားတိုးချဲ့ထိုးစစ်ဆင်လာသောကြောင့် ပြီးခဲ့သည့်ပတ်မှ စစ်ပြေးဒုက္ခသည်အများစုသည် ဖားကန့် ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း၊ ကချင် ကက်သလိတ် RC ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးခိုလှုံလာခဲ့ကြောင်း သိရသည်။
အဆိုပါ ထွက်ပြေးတိမ်းရှောင်လာသူများ လူဦးရေများလာသောကြောင့် စခန်းတွင် နေရာချထားရေးအခက်ခဲ ကြုံတွေ့နေရကြောင်း ဒေသခံများပြောသည်။
“စစ်ပြေးတွေက တနေ့ထက်တနေ့ပိုမိုများလာတော့ ခရစ်ယာန်ဘုရားကျောင်း နေရာမဆန့် တော့ဘူး။ ငှက်ပျောတောဘုရားကျောင်းမှာဆို.. အိပ်ဖို့နေရာတောင်မရှိတော့ဘူး။ စစ်ပြေးတွေက တနေ့ထက်တစ်နေ့တိုးလာတော့ အရမ်းဒုက္ခရောက်နေတယ်” ဟု ဒေသခံတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
ကျေးရွာများတွင် အစိုးရနှင့် ကချင်တပ်ဖွဲ့များ လှုပ်ရှားမှုပြင်းထန်လာသောကြောင့် ဖားကန့်ရှိဒေသခံများနှင့် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းလုပ်ကိုင်နေသူများ ကုန်သည်များသည် လုံခြုံရာသို့ ထွက်ပြေးနေရခြင်း ဖြစ်ကြောင်း သိရသည်။
ယခုချိန်အဓိကအခက်အခဲများသည် နေရာထိုင်ခင်းနှင့် အစားအသောက်များအကူအညီလိုအပ်နေပြီး မိုးရာသီ ဖြစ်သောကြောင့် ဖျားနာမှုများရှိပြီး ပြီးခဲ့သည့်ပတ်တွင် မောမော်ဘွမ် (Maw Mau Bum)မှ လူနာ ၄ ဦး ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့လာစဉ် ကြောက်ရွံ့ထိတ်လန့်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကျမ်းမာရေးထိခိုက်နေကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့ချိန်တွင်း သြဂုတ်၂၅ ရက် ည ၈ နာရီခန့်တွင် ဆိုင်းတောင်ရွာဟောင်းတွင် ဗုံးပေါက်ကွဲခဲ့ပြီး အစိုးရဘက်မှ ၅ ဦးကျဆုံးသွားခဲ့ကြောင်း ဒေသခံမျက်မြင်များဆိုသည်။
“အစိုးရတပ်က အရပ်ဝတ်နဲ့ ဗဲန်ကားတစ်စီးမှာ ၅၊ ၆ ယောက်နဲ့ ဝင်လာတာ။ ကျောက်စိမ်းတူး လို့ရနေတဲ့အချိန်တောင် အရပ်ဝတ်နဲ့ဝင်တာ သိပ်မတွေ့ရဘူး…ခုစစ်ဖြစ် နေတဲ့အချိန်မှာ အရပ်ဝတ်နဲ့ တနေ့ထဲမှာ ရာကျော်တွေ့နေရတယ်”  ဟု ကျောက်ကုန်သည်တစ်ဦးပြောသည်။
တိုက်ပွဲများဖြစ်ပွားလာသောကြောင့် ဖားကန့်မြို့နယ် မောမော်ဘွမ်၊ မောမော်ကလေး၊ မော်ဝှမ်းကြီးကျောင်းမှ မူလတန်းကျောင်းများလည်း ပိတ်ထားရပြီး ထွက်ပြေးခိုလှုံနေသည့်နေရာတွင်လည်း နေရာအခန်းများ မလောက်ငှမှုကြောင့် သင်ရန်အခက်ခဲဖြစ်နေကြောင်းသိရသည်။
မြန်မာအစိုးရသည် စစ်အင်အားများကို နည်းအမျိုးမျိုးဖြင့် ဖြည့်တင်းမှုကြောင့် စစ်ပွဲသည် ပြင်းထန်လာပြီး စစ်ပြေးများ ဒုက္ခသည်များသည်လည်း ပိုမိုများပြား လာနိုင်ကြောင်း ဒေသခံများစိုးရိမ်ပူပန်နေကြသည်။
ကျောက်စိမ်းထွက်ရာဒေသ ဖားကန့်သည် အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကြား အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုပြီးနောက် အစိုးရနှင့် အကျိုးတူကုမ္ပဏီများ ဧရာမကျောက်စိမ်းတူးဖော်မှု စီမံကိန်းဒေသလည်းဖြစ်သည်။
နှစ်ဖက်သဘောတူညီမှု ပျက်ပြားသွားခဲ့ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် ဖားကန့်ဒေသတွင်းရှိ ကျောက်စိမ်းကုမ္ပဏီများကို အစိုးရဖက်မှ နေရပ်ပြန်ခိုင်းခဲ့ပြီးနောက် KIO အဖွဲ့မှ ပြည်သူလူထု တနိုင်တပိုင် လုပ်ငန်းပိုင်ရှင်များကို လုပ်ကွက်ပေး တူးဖော်ခွင့်ပေးထားသောအချိန် ယခုလို ထိုးစစ်ဆင်တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။

http://kachinnews.com/burmese/news/921-%E1%80%96%E1%80%AC%E1%80%B8%E1%80%80%E1%80%94%E1%80%B9%E1%82%94%E1%80%99%E1%80%BD%E1%80%AC-%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%B8%E1%80%91%E1%80%94%E1%80%B9%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%B2%E1%80%BC%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF-%E1%81%84%E1%81%80%E1%81%80%E1%81%80-%E1%80%94%E1%80%AE%E1%80%B8%E1%80%95%E1%80%AB%E1%80%B8-%E1%80%91%E1%80%BC%E1%80%80%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%B8-%E1%80%90%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%BD%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%94%E1%80%9B.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India