August 28, 2012

UWSA ဖမ်း SSA-S တပ်ဖွဲ့ဝင်များ ပြန်မလွတ်သေး

စံခလပူရီ (မဇ္စျိမ) ။      ။ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ တလခန့် ကြာပြီ ဖြစ်သော်လည်း ပြန်လည် လွတ်မြောက်လာ
ခြင်း မရှိသေးကြောင်း SSA-S က ပြောသည်။

ဇူလိုင်လ ၃ဝ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမှုး ကျေးရွာအုပ်စု ပုံတောင်းဒေသ ရာဘာခြံအတွင်း စိုက်ပျိုးရေး လုပ်ရန်ဟူ၍ ရောက်ရှိလာသည့် အရာရှိ နှစ်ဦးပါ SSA-S တပ်ဖွဲ့ဝင် ၁၄ ဦးကို နယ်မြေ ကျူးကျော်မှုဖြင့် UWSA တပ်ဖွဲ့ဝင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင် က ပြောသည်။

“လွှတ်လည်း မလွှတ်ပေးသေးဘူး။ သူတို့ဘက်က လွှတ်ပေးဖို့ တရားဝင် ပြောလာတာလည်း မရှိသေးဘူး” ဟု မဇ္စျိမကို ပြောသည်။

သြဂုတ်လအတွင်း SSA ကိုယ်စားလှယ်အဖွဲ့နှင့် UWSA တပ်ဖွဲ့တို့ နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ကြသော်လည်း ဖမ်းဆီးခံထားရ သည့် SSA တပ်ဖွဲ့ဝင်ကိစ္စကို ဆွေးနွေးနိုင်မှု မရှိသေးကြောင်းလည်း “သူတို့ရဲ့ ဖိတ်ခေါ်ချက်အရ ကျနော်တို့ နှစ်ကြိမ်
တွေ့ဆုံ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ကြိမ်လုံးမှာ (ထိုကိစ္စ) မဆွေးနွေး ဖြစ်ပါဘူး။ အထက်က ညွှန်ကြားချက်တွေ မရရှိသေးဘူး အဲဒီလိုပဲ ကျနော်တို့ကို ပြောပြတယ်” ဟု စိုင်းလောင်ဆိုင် က ပြောသည်။

ယင်းအခြေအနေကြောင့် UWSA နှင့် SSA တို့၏ ထိစပ်ဒေသတွင် နှစ်ဘက် တပ်အင်အား ဖြည့်တင်းထားကြပြီး တင်းမာမှုများ ရှိကြသော်လည်း စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းကြမည် မဟုတ်ကြောင်း နှစ်ဘက်တပ်ဖွဲ့များက ပြောဆို
ကြသည်။

“သူတို့ဘက်က စစ်ရေး လှုပ်ရှားတာတွေ ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ တောင်းပန်ပါတယ်။ ဒီကိစ္စကို ငြိမ်းချမ်းတဲ့ နည်းနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာလို့ ရပါတယ် ဆိုပြီးတော့။ အောက်ခြေမှာ ဖြစ်တဲ့ ကိစ္စလို့ပဲ ကျနော်တို့ သဘောထားပါတယ်” ဟု စိုင်းလောင်ဆိုင် က ပြောသည်။

သို့သော် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် အစီအစဉ်ရှိကြောင်း UWSA ဝိန်ကောင်း ခရိုင် အတွင်းရေးမှူး ဦးစောလွင် က ပြောသည်။

“နည်းနည်းတော့ တင်းမာတယ်။ တိုက်ဖို့ ခိုက်ဖို့ အဲတာတော့ မရှိသေးပါဘူး။ ဆက်ဆွေးနွေးဖို့ ရှိပါတယ်။ ကျနော်တို့ လည်း သူတို့ကို တိုက်ဖို့ခိုက်ဖို့ စိတ်ဆန္ဒ မရှိပါဘူး။ ကောင်းမွန်စွာ ပြန်လွှတ်ပေးဖို့ အစီအစဉ် ရှိတယ်” ဟု မဇ္စျိမကို ပြော သည်။

အဆိုပါ SSA တပ်ဖွဲ့ဝင်များအား ချုပ်နှောင်ထားခြင်း မရှိဘဲ UWSA တပ်မဟာ (၇၇၂) ဌာနချုပ် မိန်းကျွတ် တပ်တွင်း၌ ထိန်းသိမ်းထားပြီး ပြန်လွှတ်ပေးမည့် နေ့ရက်ကိုမူ မပြောနိုင်သေးကြောင်း ဦးစောလွင် က ဆိုသည်။

UWSA ဘက်ကမူ နယ်မြေကျူးကျော် ဝင်ရောက်လာသည့် SSA တပ်ဖွဲ့ဝင်များမှာ စိုက်ပျိုးရေး လုပ်ရန် မဟုတ်ဘဲ တပ်စခန်း လာရောက် ဆောက်လုပ်ခြင်းကြောင့် ဖမ်းဆီး ထိန်းသိမ်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

UWSA နှင့် SSA-S နှစ်ဖွဲ့လုံးမှာ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း အခြေချထားကြကာ ဒေသတွင်း နယ်မြေ သတ်မှတ်ရေးနှင့် ပတ်သက်၍ သီးသန့် သဘောတူထားခြင်း မရှိသေးကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ်၊ ဒီဇင်္ဘာလ ၂ ရက်နေ့က အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်
ရေးထိုးစဉ်က ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေး မြို့နယ်အတွင်းရှိ ဟိုမိန်းနှင့် မိုင်းတုံမြို့နယ် မုန်းထားမြို့နယ်ခွဲများ အား SSA-S ဗဟိုဌာနချုပ် ဒေသအဖြစ် သတ်မှတ်ရန် သဘောတူခဲ့သည်။

ထိုဒေသသည် UWSA နှင့် RCSS/SSA အပြင် အစိုးရတပ်နှင့် အစိုးရ၏ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် တပ်ဖွဲ့များ လည်း လှုပ်ရှားသွားလာရာ ဒေသ ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/9955-uwsa--ssa-s--.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India