“ကြာသပတေးနေ့ညတုန်းက ဖမ်းသွားတာ၊ နှစ်ယောက်ဖမ်းသွားတယ်။ ဝမ့်ပိန်းထော်န် ရွာသားတယောက်၊ ဝမ့်နောင်အော့ ရွာသားတယောက်၊ လားရှိုးနဲ့ နမ္မတူ ပူးပေါင်းတပ်က လို့ဘဲ သိတယ်” - ဟု ဒေသခံ နန်းအေးမန့် က ပြောပါသည်။
ဩဂတ်စ် ၂၃ ရက် ည ၈ နာရီ အချိန်တွင် စိုင်းကျော်အေး နှင့် စိုင်းကမ်တို့ နှစ်ဦး နမ္မတူမြို့နယ် ဝမ့်စန် ကျေးရွာအုပ်စုမှ နောင်အော့်ရွာသို့ ဆိုင်ကယ်ဖြင့် ပြန်သွားစဉ် နမ္မတူအခြေစိုက် ခမရ ၃၂၄ က နောင်အော့ နတ်စင်အနီး၌ ဖမ်းဆီးလိုက် ခြင်း ဖြစ်သည်ဟု မန်စန်ဒေသခံများက ပြောပါသည်။
“စိုင်းကျော်အေးရဲ့ လက်ကိုင်ဖုန်းထဲမှာ သျှမ်းတပ်ကလူတွေရဲ့ နာမည်တွေ့လို့တဲ့။ အဲဒါကို ဗမာတပ်က သျှမ်းတပ်ရဲ့ အမာခံလူဆိုပြီးဖမ်းသွားတာဖြစ်တယ်။ စိုင်းကမ်ကိုတော့ မနေ့က ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီ။ စိုင်းကျော်အေးကိုတော့ နမ္မတူ ရဲစခန်းကို ပို့လိုက်ပြီ။ အခု အချုပ်ခန်းထဲမှာ ” - ဟု မိသားစု နှင့် နီးစပ်သူတဦးက ပြောပါသည်။
သျှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တည်ဆောက် ထားနိုင်ပြီးဖြစ် ကြောင်း၊ လူထုအနေဖြင့် မည်သည့်အဖွဲ့မဆို မလွှဲ မရှောင်နိုင်ဘဲ ကူညီနေရကြောင်း၊ သို့သော် အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်နေပြီဆိုသော်လည်း အဘယ်ကြောင့် တိုက်ပွဲဖြစ်နေကြသည်ကို နားမလည်ကြောင်း၊ လူထုအနေဖြင့်လည်း တိုက်ပွဲကြောင့် ဝမ်းရေးအခက်တွေ့ကာ တနေ့ထက်တနေ့ ပိုမိုဆင်းရဲဒုက္ခ ရောက် လာနေကြောင်း၊ စစ်ဘေးစစ်ဒဏ်လဲ ခံနေရဆဲဖြစ်သောကြောင့် လွှတ်တော်အတွင်း ဆက်လက်တင်ပြသွားမည်ဖြစ် ကြောင်း နမ္မတူ ကျားဖြူပါတီ ဝင်တဦးက ဤကဲ့သို့ ဆက်လက်ပြောပြပါသည်။
“သျှမ်းတပ်တွေ ရပ်ရွာထဲရောက်လာတယ် ဆိုတာမှန်တယ်။ သူတို့က အပစ်ရပ်ထားပြီးပြီဘဲ။ တိုက်ပွဲဖြစ်တိုင်း လေ့လာ ကြည့်ရင် အစိုးရတပ်ကဘဲ သွားရောက် ရန်ရှာတိုက်ခိုက်တာတွေ့ရတယ်။ အခုလဲ လက်ကိုင်ဖုန်းထဲမှာ သျှမ်းတပ်က လူနာမည်ရှိလို့ ဖမ်းတယ်ရိုက်တယ် အချုပ်ခန်းထဲထဲ့တယ်။ မျက်နှာတွေကွဲအက်ပြီး မျက်နှာပြင်တခုလုံးညိုမည်း နေတာဘဲ။ မယုံရင် နမ္မတူ အချုပ်ခန်းထဲလာကြည့်ပါ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။
သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ဟုလူသိများသည့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည် ဦးသိန်းစိန် အစိုးရနှင့် ၂၀၁၂ ဂျန္နဝါရီ ၂၈ ရက်နေ့၌ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး ထားသည့် အဖွဲ့ဖြစ်ပါသည်။
လူအများမလိုက်နာနိုင်သော ဥပဒေသည် ဥပဒေမမည်ဟု ဥပဒေပညာရှင်များကဆိုပါသည်။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3433--sspp----.html