August 28, 2012

လက်နက်ကိုင် အင်အားစုများအပေါ် အစိုးရ ခွဲခြားဆက်ဆံဟု (မဒမခ) ထုတ်ပြန်

သြဂုတ်လ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အစိုးရအနေဖြင့် လက်နက်ကိုင်အင်အားစုများအပေါ် ခွဲခြားဆက်ဆံလျှက်ရှိသည်ဟု မြန်မပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်(မဒမခ)အဖွဲ့က ကြေညာချက်တစ်စောင် သြဂုတ်လ ၂၅ရက်နေ့က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံရှိ လက်ရှိဖြစ်ပေါ်နေသည့် တွေ့ဆုံဆွေးနွေးမှုနှင့် အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်များအတွင် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင် သည်အထိ သဘောတူညီမှုများ မရရှိကြသေးသည့်အပြင် စစ်ရေးပဋိပက္ခများသည် ယနေ့ထိ ဖြစ်ပေါ်လျှက်ရှိပြီး လက်နက်ကိုင်အဖွဲ့များ နှင့်လည်း တွေ့ဆုံမှုများ၌ ကွဲပြားမှုများရှိနေကြောင်း ကြေညာချက်တွင် ဖော်ထားသည်။
တပြည်လုံး အတိုင်းအတာဆောင်သည့် အပစ်ခတ်ရပ်စဲရေးကို အများက တောင်းဆိုနေသော်လည်း မြန်မာပြည်မြောက်ပိုင်းတွင် ပြင်းထန် သည့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် အစိုးရသည် လက်နက်ကိုင်အင်အားစုများအပေါ် အမျိုးမျိုး ခွဲခြားဆက်ဆံနေသည်ဟု (မဒမခ) အတွင်းရေးမှူး ဦးမျိုးဝင်းက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ကရင်ဆိုရင် တမျိုး၊ ရှမ်းနဲ့ ကချင်ဆိုရင် တမျိုး တခြားအဖွဲ့အစည်းတွေဆိုရင် တမျိုး ဒီလိုမျိုးတွေ တွေ့ နေရတယ်။ ပုံစံအမျိုးမျိုးနဲ့ ခွဲခြား ဆက်ဆံနေတယ်။ အလေးပေး ကူညီဆောင်ရွက်ပေးမှုတွေလည်း မတူညီဘူး။ ဒီလို မတူညီမှုတွေက ဒီကနေ့ အစိုးရသွားနေတဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အပေါ်မှာ သံသယတွေဖြစ်စေတယ်”ဟု ဦးမျိုးဝင်းက ပြောသည်။
ဆက်လက်၍ တွေ့ဆုံဆွေးနွေးပြီး အပစ်ခတ်ရပ်စဲရေး ဖြေရှင်းသည့်နည်းအပေါ် တိုင်းရင်းသားအင်အားစုအားလုံး အပါအဝင် ပြည်သူတစ် ရပ်လုံး သိရှိနိုင်အောင် (မဒမခ)အဖွဲ့၏ သဘောထားကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း ဦးမျိုးဝင်းက ဆက်ပြောသည်။
(မဒမခ)အဖွဲ့၏ ထုတ်ပြန်ချက်သဘောထားသည် ကရင့်အမျိုးသားအစည်းအရုံး(KNU)၏ ထုတ်ပြန်ထားသည့် သဘောထားနှင့်လည်း ထပ်တူထပ်မျှကျကြောင်း KNU မှ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဖြစ်ရပ်မှန်တွေကို ထင်ဟပ်ပြီး ဝေဖန်သုံးသပ်ထား တယ်ဆိုတော့ ဒါက လက်ရှိ သက်ဆိုင်ရာ အစိုးရအနေနဲ့ ဒီအချက်အလက်တွေကို ပြုပြင်သင့်တယ်”ဟု ပြောသည်။
ယင်းထုတ်ပြန်ချက်ထဲတွင် စစ်မက်ဖြစ်ပွားသည် ဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်း၊ လတ်တလော အပစ် အခတ်ရပ်စဲခဲ့ သည့် အဖွဲ့တချို့နှင့် စစ်ရေးတိုက်ပွဲများ ထပ်မံဖြစ်ပေါ်နေခြင်း၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် ခွဲထုတ်စည်းရုံးနေခြင်းကိုလည်း အစိုးရဘက်မှ ဆက်လက် ဆောင်ရွက်လျှက်ရှိနေသည်ဟု ဖော်ပြထားသည်။
ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၈)ချက်တွင် ပါ၀င်သော ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် နေထိုင်ရေး၊ လွှတ်တော်တွင်း၌ အများ သဘောတူ ဆန္ဒနှင့်အညီ ဆောင်ရွက်ရေးနှင့် ဖွဲ့စည်းပုံနှင့်အညီ တခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေး စသည့်အချက်များကို (မဒမခ)အနေဖြင့် သဘောတူရန် ခက်ခဲကြောင်းလည်း ထောက်ပြထားသည်။
အစိုးရအနေဖြင့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိရန် တပြည်လုံး အတိုင်းအတာဆောင်သည့် အပစ်ခတ်ရပ်စဲရေးကို ကြေညာ ပြီး လက်နက်ကိုင်အင်အားစုများနှင့် အစိုးရ တွေ့ဆုံဆွေးနွေးသွားပါက တဖွဲ့ချင်းစီနှင့် တွေ့ဆုံခြင်းထက် ပိုမို အားကောင်းစေနိုင်မည်ဟု (မဒမခ)ဘက်မှ အစိုးရကို တိုက်တွန်းလိုကြောင်း ဦးမျိုးဝင်းက ပြောသည်။
မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (မဒမခ) ကို ၁၉၈၈-ခုနှစ် နိုဝင်္ဘာလ (၁၈) ရက်နေ့တွင် KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့-KIO ဥက္ကဌ ဘရမ်ဆိုင်း၊ မွန်ပြည်သစ် ပါတီ-NMSP ဥက္ကဌ နိုင်ရွှေကျင်၊ ပြည်သူ့ ပြည်ချစ်ပါတီ ဥက္ကဌ ဗိုလ်ချုပ်သွင်တို့က ဦးဆောင်ဖွဲ့စည်းခဲ့သော တပ်ပေါင်းစု ကြီးဖြစ်သည်။
(မဒမခ)အဖွဲ့တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၁ဖွဲ့ပါ၀င်ပြီး နိုင်ငံရေးရည်မှန်းချက််မှာ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံထူထောင်ရေး ဖြစ်သည်။

http://www.kicnews.org/?p=13097
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India