“ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မတက်ဘူး။ ဘာဖြစ်လို့လဲတော့မသိဘူး။ ကျနော်တို့ ကျားခေါင်းပါတီ ဥက္ကဌ စဝ်ခွန်ထွန်းဦး ကဘဲ အစည်းအဝေးဖွင့်လှစ်ပေးတယ်။ အမှာစကားပြောတယ်။ ဦးအောင်မင်း တို့လဲ တက်ရောက်တယ်။ သျှမ်းခေါင်းဆောင်တွေ သျှမ်းလူငယ်တွေနဲ့ ဓါတ်ပုံတွဲ ရိုက်တယ်။ မိန့်ခွန်းပြောသွားတယ်” ဟု အဆိုပါလူငယ် ကပြော ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်သူ ၁၅၀ ဝန်းကျင်ရှိပြီး ဦးအောင်မင်းကလည်း တက်ရောက်အမှာ စကားပြောခဲ့ကြောင်း ဆိုပါသည်။
“ ဦးအောင်မင်းကတော့ ဖက်ဒရယ် ပြည်ထောင်စုကို ပူးပေါင်းတည်ဆောက်ကြဖို့ တိုက်တွန်းသွားတယ်။ ကျနော်တို့ ဖိတ်ထား တဲ့ ပြည်တွင်းပြည်ပမှ ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေ သျှမ်းနိုင်ငံရေးပါတီကိုယ်စားလှယ်တွေ၊ သျှမ်းအမျိုးသမီးပူး ပေါင်း ဆောင်ရွက်ရေး SWAN၊ သျှမ်းလူငယ့်အင်အား SYP စတာတွေ တော်တော်များများလာကြတယ်။ တသီးပုဂ္ဂလတွေ တော့ အနည်းအကျဉ်းဘဲလာတာ” ဟုဆိုပါသည်။
နားလည်လက်ခံသော အဓိပ္ပာယ်ရရှိဆောင်ရွက်ခြင်းကဲ့သို့သော ကိစ္စရပ်မျိုး၊ အာဏာခွဲဝေမှုကဲ့သို့သော ကိစ္စရပ်မျိုး၊ သယံဇာတခွဲဝေမှုကိစ္စရပ်မျိုးကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းများကို ဦးစွာပထမရှင်းလင်းရန် လိုအပ်သည်ဟု ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသွားသည်ဟု 7Day News Journal ကရေးသားသည်။
တွေ့ဆုံပွဲနှင့်ပတ်သက်၍ တိုင်းလျဲန်ပါတီ ဥက္ကဌ စိုင်းဌေးအောင်က “ ဒီလိုဆွေးနွေးပွဲက လုပ်သင့်တာ တော်တော်ြကာနေပြီ။ ကျနော်တို့ သျှမ်းလူမျိုးအတွက် နောက်တောင်ကျနေပြီ လို့ပြောရမယ်။ စစ်ဖြစ်တာက သျှမ်းတွေအနေများတဲ့ဒေသ။ ဒါပေ မယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့တော့ ဒီအစည်းအဝေးတခုတည်းနဲ့ ပြီးမှာမဟုတ်ဘူး။ တိုင်းရင်းသားတွေလို အပ်ချက်က အများကြီးဘဲ။ အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မကြာခဏလုပ်သင့်တယ်။ လက်နက်ကိုင်တော်လှန်ရေးက လွတ်လပ်ရေး ရပြီးမှ ဖြစ်လာတာဘဲ။ အလကားတိုက်ချင်လို့ တိုက်တာမှမဟုတ်တာ။ ဆုံးရှုံးနေတဲ့အခွင့်အရေးတွေပြန်ရချင်လို့ တိုက်နေတာဘဲ” ဟု သျှမ်းသံတော်ဆင့်အား ပြောပါသည်။
မြန်မာပြည်တွင်း၌ ပြည်တွင်းပြည်ပသျှမ်းအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်းတို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုမှာ ယခုပထမဆုံးအကြိမ် တရားဝင်ဆွေးနွေးပွဲဖြစ်ပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3680-2012-11-26-10-51-17.html