September 8, 2012

မြန်မာ့သတင်းစာရေးသားသကဲ့သို့ အစိုးရ နှင့် PNLO ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်မထိုးရ

ပြီးခဲ့သည့်လက အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးစဉ် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေး အဖွဲ့ချုပ်က ပြည်ထောင်စုအဆင့်ဆွေးနွေးရန် အကြိုသဘောသာ ဆွေးနွေးခဲ့ရပြီး  သဘောတူ လက်မှတ်ရေးထိုးသည့်အဆင့် မလုပ်ရကြောင်း PNLO ခေါင်းဆောင်တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
MMAL_about_PNLO
မြန်မာ့အလင်းသတင်းစာပါအစိုးရ နှင့် PNLO ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသတင်း(မြန်မာ့အလင်း)

“ကျနော်တို့ ဩဂတ်စ်လ ၂၅ ရက်တုန်းက အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်ငြိမ်းချမ်း ရေးဆွေးနွေးတာ ပြည်နယ်အဆင့်ဘဲဆွေးနွေးသဘောတူပါတယ်။ သို့ပေမယ့် မြန်မာ့အလင်းသတင်းစာမှာ ပြည်ထောင်စု အဆင့်ကိုပါ ဆွေးနွေးသဘောတူလက်မှတ်ထိုးကြပြီလို့ ထည့်သွင်းဖော်ပြထားတယ်။ တကယ်တော့ ကျနော်တို့ ပြည်ထောင် စုအဆင့်သဘောတူညီချက်လက်မှတ်ထိုးခဲ့တာမရှိဘူး၊ မြန်မာ့အလင်းက ဘာလို့အဲဒီလိုရေးလဲမသိဘူးဗျ” ဟု အမည်မဖော် လိုသည့် PNLO တာဝန်ရှိပုဂ္ဂိုလ်တဦးကပြောပါသည်။

ဩဂတ်စ်လ ၂၅ ရက်က PNLO မှ ခွန်မြင့်ထွန်း ဦးဆောင်သော အဖွဲ့နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်းတို့ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တောင်ကြီးဟော်တယ်တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရာ သဘောတူညီချက် ၅ ချက်အပြင် ညနေပိုင်းတွင် ပြည်ထောင်စုအဆင့်ဆွေးနွေး ရန်အတွက်ပါ အကြိုဆွေးနွေးခဲ့ရကြောင်း၊ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲအား လာမည့်အောက်တိုဘာ၌ ထပ်မံတွေ့ဆုံ ဖွယ်ရှိကြောင်း ထိုစဉ်က တောင်ကြီးရောက် ဗိုလ်မှူးကြီးခွန်သူရိန်က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပြဖူးပါသည်။

“နှစ်ဦးနှစ်ဘက်ယုံကြည်စိတ်ချမှုရှိဖို့ အချိန်ယူရမယ် ထို့အတွက် ဒုတိယအကြိမ်ပြုလုပ်မယ့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာလဲ ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ ပိုမိုလိုအပ်တယ်” - ဟု ဗိုလ်မှူးကြီးခွန်သူရိန်က ဆို၏။

မြန်မာ့အလင်းသတင်းစာ၌ ထိုကဲ့သို့ထင် ယောင်ထင်မှားဖြစ်အောင်မှားယွင်းဖော်ပြထားမှုသည် ကြီးမားသော ပြဿနာ တခုမဟုတ်သည့်တိုင် အနာဂတ် မိမိတို့ကြား ယုံကြည်မှုတည်ဆောက်ရန် အတွက် အခက်အခဲဖြစ်စေကြောင်း  အဆိုပါ အမည်မဖေါ်လို PNLO တာဝန်ရှိပုဂ္ဂိုလ်ကပြောသည်။

“ အချင်းချင်း ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ အမှန်တရားနဲ့တည်ဆောက်ရမှာဖြစ်တယ်။ မမှန်ကန်မှုနဲ့တည်ဆောက် လို့မရပါဘူး။ အဲဒီလို မီဒီယာမှာ မှားယွင်းဖော်ပြလိုက်တာ ကြီးမားတဲ့ ပြဿနာတခုမဟုတ်ဘူးဆိုပေမယ့်  အသေးအမွှား ကိစ္စမှာတောင်ယုံကြည်လို့မရရင် ကြီးမားပြီး အရေးကြီးတဲ့ကဏ္ဍမှာ ဘယ်လိုလုပ် ယုံကြည်နိုင်ပါတော့မလဲ ဆိုတာတွေးစရာ တခု ဖြစ်လာစေတယ်” - ဟု အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

လက်ရှိတွင် သမ္မတဦးသိန်းစိန် ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးကိစ္စအား လက်ခံဆွေးနွေးပြီး သဘောတူလက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့ရှိပြီးဖြစ်သည်။ အများအားဖြင့်လည်း ပြည်ထောင်စုအဆင့်သဘောတူညီမှု ရယူ နိုင်ခဲ့ကြသည်။

သို့သော် အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် ၂ ဖွဲ့စလုံးနှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည့်အပြင် ရပ်ရွာ လူထု လည်း စစ်ဘေးစစ်ဒဏ်အလူအလဲခံနေရဆဲ ဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အစိုးရ တို့ကမူ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးသော်ငြားးလည်း  အစိုးရက နိုင်ငံရေးကိစ္စ ဦးစားပေးဆွေးနွေးခြင်းမရှိသောကြောင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အနှောင့်အယှက််ဖြစ်ခဲ့ရပြီး ယနေ့တိုင် တိုက်ပွဲများလည်း ဖြစ်ပွားနေဆဲဖြစ်သည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3471--pnlo-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India