September 7, 2012
ကရင်နီအရာရှိ တူရယ် ကွယ်လွန်
စံခလပူရီ (မဇ္စျိမ) ။ ။ မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန်နေသော ကရင်နီအစိုးရ၏ သာသနာရေးနှင့် ယဉ်ကျေးမှုဌာန ညွှန်ကြားရေးမှူး ဆရာကြီး တူရယ်သည် အင်္ဂါနေ့တွင် အသည်းရောဂါဖြင့် ကယားပြည်နယ် လွိုင်ကော် ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။
သြဂုတ် ၂၅ ရက်နေ့မှ စ၍ လွိုင်ကော် စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး၊ အခြေအနေ မကောင်းမွန်သဖြင့် လွိုင်ကော် ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းလဲ ကုသရာမှ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။
KNPP ဒုတိယ ပညာရေး ဝန်ကြီး ဦးအောင်ဆန်းမြင့် က “ကရင်နီစာပေ သင်တန်း ဖွင့်မယ် ဆိုပြီးတော့ အထဲကို ဝင်သွားတာ နှစ်ပတ်လောက်ပဲ ရှိသေးတယ်။ အဲဒီမှာ ရောဂါထပြီး ဆေးရုံတက်တယ်။ ဆရာဝန် ပြောပြချက်အရ အသည်းက သိပ်အလုပ်မလုပ်တော့လို့ အခုလို ဖြစ်သွားတာ” ဟု ပြောသည်။
အသက် ၆၅ နှစ်ရှိ ဆရာကြီး တူရယ်သည် ၎င်း၏ တော်လှန်ရေး ဘဝတလျှောက်တွင် ဆေးမှူး၊ မြို့နယ်ဥက္ကဋ္ဌ၊ ခရိုင်ဥကဋ္ဌ၊ ကရင်နီအစိုးရ စာပေနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး၊ KNPP ဒု ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဌာန ညွှန်ကြားရေးမှူး စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၁၉၄၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ကယားပြည်နယ် ဒီမောဆိုမြို့နယ် သေးဆူလဲရွာ၌ အဖ ဦးပါးရယ်၊ အမိ ဒေါ်မိုင်းမူ တို့မှ ဖွားမြင်သည့် ဆရာကြီး တူရယ်သည် မွေးချင်း ၆ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။
လွိုင်ကော် အထက ၁ မှ ပညာသင်ကြားပြီးနောက် ၁၉၆၇ ခုနှစ်မှ စ၍ တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခဲ့သည့် ဆရာကြီး တူရယ်သည် ယမန်နှစ်တွင် ကွယ်လွန်ခဲ့သည့် KNPP ဥက္ကဋ္ဌကြီး ခူးထဲဘူးဖဲနှင့် ပူးတွဲပြီး ကရင်နီ စာပေ
ပြန့်ပွားရန်အတွက် တစိုက်မတ်မတ် ကြိုးစားလာခဲ့သူ ဖြစ်ကြောင်း KNPP အသိုင်းအဝိုင်းက ပြောသည်။
“ဆရာကြီး ထဲဘူးဖဲ ဆုံးသွားပြီးတဲ့ နောက်မှာ သူ (ဆရာကြီး တူရယ်) အပါအဝင် တယောက် နှစ်ယောက်လောက်ပဲ ကရင်နီစာပေအတွက် လုပ်ပေးနိုင်တဲ့လူ ကျန်တယ်။ အခုက သူတယောက် ကွယ်လွန်သွားပြီ ဆိုတော့ ကျနော်တို့ အတွက် လှော်တက် ကျိုးသွားသလို ခံစားရတယ်” ဟု ဦးအောင်ဆန်းမြင့် က ပြောသည်။
၁၉၅၉ ခုနှစ်တွင် KNPP ဥက္ကဋ္ဌ ခူထဲဘူးဖဲ စတင် တီထွင်ခဲ့သည့် ကရင်နီစာပေသည် သူပုန်စာဟု အစိုးရ၏ သတ်မှတ်
ခြင်းကို ခံရပြီး KNPP သြဇာသက်ရောက်သည့် နယ်မြေတွင်သာ သင်ကြားနိုင်ခဲ့ရာမှ မတ်လ အပစ်အခတ် ရပ်စဲပြီး
နောက်ပိုင်းတွင် ရှားတောမြို့နှင့် လွိုင်ကော်မြို့များတွင် တရားဝင် စတင်သင်ကြားလာခဲ့သည်။
ဆရာကြီး တူရယ်၏ ရုပ်အလောင်းကို ၎င်း၏ ဖွားရာဇာတိ ဖြစ်သည့် သေးဆူလဲရွာတွင် ထားရှိပြီး စနေနေ့တွင် ခရစ်ယာန်ဘာသာ ထုံးတမ်းနှင့်အညီ မီးသဂြုႋဟ်မည် ဖြစ်ကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင် ဇနီး နော်ဖဲရှာ၊ သမီး ဦးမယ်နှင့် မြေး ၃ ဦး ကျန်ရစ်သည်။
သီးခြားနိုင်ငံ ထူထောင်မည့် ရည်ရွယ်ချက်ဖြင့် လွတ်လပ်ရေး မတိုင်မီ ၁၉၄၆ ခုနှစ် စက်တင်ဘာလက စတင်ဖွဲ့စည်း ခဲ့သည့် ကရင်နီ အစိုးရအဖွဲ့ကို ၁၉၈၆ ခုနှစ်တွင် KNPP ဥက္ကဌ ခူးပြားရယ် က ဦးဆောင်ကာ အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။
၂၀၀၀ ခုနှစ်တွင် စစ်မှန်သည့် ပြည်ထောင်စု ပုံစံကို လက်ခံခဲ့သော်လည်း ကရင်နီ အစိုးရအဖွဲ့ကို ဖျက်သိမ်းခြင်း မရှိသေးကြောင်း KNPP အတွင်းရေးမှူး ခူဦးရယ် က ပြောသည်။
http://www.mizzimaburmese.com/news/obituary/10054-2012-09-06-13-23-00.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။