January 22, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေးချီတက်ပွဲ ဒုတိယနေ့

ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် ရပ်စဲဖို့ရည်ရွယ်ပြီး ရန်ကုန်ကနေ ကချင်ပြည်နယ်၊  လိုင်ဇာအထိ လမ်းလျှောက် ချီတက်နေကြတဲ့ သံဃာတော်တွေနဲ့  တက်ကြွလှုပ်ရှားသူတွေဟာ ဒီကနေ့ ပဲခူးမြို့ကို ရောက်နေကြပါပြီ။

ပဲခူးမြို့မှာ အာဏာပိုင်တွေက တားဆီးမှုတွေ ရှိခဲ့ပေမဲ့ အခုတော့  နှစ်ဘက်ကြား ညှိနှိုင်းမှု ပြေလည် သွားပြီလို့ ဦးဆောင်သူတွေက ပြောပါတယ်။ လမ်းလျှောက်လှုပ်ရှားသူတွေအနေနဲ့ အခက်အခဲကြား က လိုရာခရီးရောက်တဲ့အထိ ချီတက်သွားမှာဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အင်အားစု အားလုံး နဲ့ ဆွေးနွေးအဖြေရှာသင့်တယ်လို့လည်း ထောက်ပြ ပြောဆိုမှုတွေ ရှိနေပါတယ်။
ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က  သတင်းပေးပို့ထားပါတယ်။
 
ကချင်ပြည်နယ်မှာဖြစ်နေတဲ့စစ်ပွဲတွေ ရပ်တန့်ပေးဖို့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ သံဃာတော်တွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေကနေ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ကနေ မိုင်ပေါင်း ၈၀၀ ကျော် ကွာဝေးတဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အထိ လမ်းလျှောက်ရာမှာ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာ ပဲခူးမြို့အရောက်မှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေကနေ ဟန့်တားမှုတွေနဲ့ ကြုံတွေခဲ့ ရတယ်လို့ ချီတက်လမ်းလျှောက် အဖွဲ့ခေါင်းဆောင် ကိုရဲထွဋ်အောင်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“သူတို့ကတော့ ကျနော်တို့ကို တားတာပေါ့နော်။ ကျနော်တို့က ခွင့်ပြုမိန့် မတင်တဲ့အတွက်ကြောင့် သူတို့က တားတယ်လို့ ပြောတယ်။ ကျနော်တို့က ဒါကို လမ်းလျှောက်ပြီးတော့ ခရီးသွားတယ် လို့ ပြောတဲ့အခါကျတော့ သူတို့က ဒါက လမ်းလျှောက်ပြီး ခရီးသွားတယ်ဆိုပေမဲ့ စီတန်း လှည့်လည်တာ အဲဒီလို ပြောတယ်ခင်ဗျ။ အဲဒီဟာနဲ့ ကျနော်တို့ကို ခွင့်ပြုမိန့်တင်ဖို့ တားပါတယ်။”

ပဲခူးတိုင်းလုံခြံုရေးအဖွဲ့ကနေ လမ်းလျှောက်ချီတက်ခေါင်းဆောင် (၅) ဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်း၊ ကိုဇော်မင်းနိုင်၊ ကိုရဲထွဋ်အောင်၊ ကိုဇင်ကိုကို ကိုကျော်မင်းကျော်တို့ကို ခေါ်ယူတွေ့ဆုံခဲ့တာပါ။ ဒါပေမဲ့နှစ်ဘက်ကြား ညှိနှိုင်းမှုကြောင့် ပြေလည်မှုရရပြီး အခု ပဲခူးမြို့ကနေ ထွက်ခွာလာပြီ ဖြစ်သလို အခက်အခဲကြားကနေ ရှေ့ဆက်တိုးသွားမယ်လို့လည်း ချီတက်လမ်းလျှောက်အဖွဲ့ ခေါင်းဆောင် ကိုရဲထွဋ်အောင်က ဆက်ပြောပါတယ်။

“ရန်ကုန်ကနေ ကျနော်တို့ထွက်လာတဲ့အချိန်မှာ ကျနော်တို့ ကျောပိုးအိတ်တွေမှာ ငြိမ်းချမ်းရေး အလံလေးတွေကို တိုင်လေးတွေ ထူပြီးတော့ စိုက်လာခဲ့တယ်ပေါ့။ အလံတိုင်လေးတွေ လွှင့်လာခဲ့ တာကို  ဒီပဲခူး တိုင်းကနေဖြတ်လာတဲ့အခါကျလို့ရှိရင် အလံတိုင် အဲဒီလို လွှင့်မသွားဖို့။ အလံကို ကျနော်တို့ ရင်ဘတ်မှာချိတ်ရင်ချိတ်၊ ကျနော်တို့ ကျောပိုးအိတ်မှာချိတ်ရင်ချိတ်ဆိုပြီးတော့ သူတို့က တောင်းဆိုတယ်ခင်ဗျ။ ကျနော်တို့တော့ သဘောတူညီမှု ယူပေးတယ်ခင်ဗျ။ ဒီအဝင် မှာတော့ ကျနော်တို့ ဖြုတ်ပေးလိုက်မှာပေါ့နော်။ ပဲခူးမြို့ထဲ၊ ဒါမှမဟုတ် ဒီအထွက်လောက် ကျနော်တို့ ဖြုတ်သွားမယ်ခင်ဗျ။ ပဲခူးတိုင်းက ထွက်ဖြစ်သွားရင်တော့ ကျနော်တို့ ပြန်ပြီးတော့ ပထမလာခဲ့တဲ့ပုံစံအတိုင်း ပြန်လုပ်မယ်ခင်ဗျ။ ကျနော်တို့ တိုးရသလောက် တိုးသွားမယ် ခင်ဗျ။ နောက်ဆုံး ကျနော်တို့ကို ထိန်းသိမ်းလိုက်တဲ့အခါကျတော့မှ ကျနော်တို့ ဆက်မတိုးနိုင်မှ မတိုးတော့မှာခင်ဗျ။”

ရန်ကုန်မြို့ကနေ ပဲခူးမြို့ခရီးစဉ်မှာ အခက်ခဲတွေရှိနေပေမဲ့လည်း လမ်းတလျှောက် ဒေသ ခံ ပြည်သူတွေရဲ့ ထောက်ခံမှု ရရှိခဲ့တယ်လို့ ချီတက် လမ်းလျှောက် အဖွဲ့ ခေါင်းဆောင် ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“အခက်အခဲတော့အများကြီးပါခင်ဗျ။ ကျန်းမာရေးအခြေအနေက လက်ရှိ ကျနော်တို့လူတွေက သိပ်နေမကောင်းကြဘူး။ အာဏာပိုင်တွေရဲ့ တားဆီးတာလည်း ကျနော်တို့ ကြံုတွေ့ရတာပါပဲ။ ဒါပေမဲ့ အားရစရာကောင်းတာတခုက ပြည်သူတွေ ကျနော်တို့ကို လုံးဝ ထောက်ခံချက်ပေးတယ်။ ထမင်းကျွေးတယ်။ အဲဒါတွေကြောင့် ဒီအချိန်အထိ ကျနော်တို့ ခရီးထွက်လာတာပေါ့။”

ဒီလှုပ်ရှားမှုကို ငြိမ်းချမ်းရေးကိုလိုလားပြီး ပြည်တွင်းစစ်ရပ်စဲရေးအတွက် တောင်းဆိုတဲ့အနေနဲ့ သံဃာတော်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ကနေ ရန်ကုန်မြို့ကနေ ဇန္နာဝါရီ (၂၁) မနက်ပိုင်းမှာ လမ်းလျှောက် ချီတက်ခဲ့ကြတာပါ။

နိုင်ငံတော်အနေနဲ့ လက်ရှိအပြောင်းအလဲကို ဦးတည်နေတဲ့ကာလမှာ ပြည်တွင်းစစ်တွေရပ်စဲဖို့ အတွက် အင်အားစုအားလုံးနဲ့ ဆွေးနွေး အဖြေရှာသင့်တယ်လို့လည်း ငြိမ်းချမ်းရေးအတွက် ချီတက်လမ်းလျှောက်လူငယ်အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဇင်ကိုကိုက ပြောပါတယ်။

“တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးသွားဖို့အတွက်ကို တဦးတည်း တစ်ယောက်တည်း၊ တဖွဲ့တည်းနဲ့ သွားပြီးတော့ဆွေးနွေးလိုက်။ ပြီးတော့ ပြန်ပျက်သွားလိုက်ဆိုတာမျိုး မဖြစ်သင့်တော့ဘူး။ ပြီးတော့ ဖြစ်နေတာလည်း ကျနော်တို့ ညီအကိုမောင်နှမတွေဖြစ်နေတာပဲ။ အဲဒီဖြစ်နေတဲ့ ပြဿနာကြီးကိုပဲ ကျနော်တို့က ဟိုဘက်အပြစ်ပုံလိုက်၊ ဒီဘက်အပစ်ပုံလိုက် ဆိုတာ မဖြစ်သင့်ဘူးဗျ။ ဒီအင်အားစု အားလုံးပါ၀င်တဲ့ တကယ် စစ်မှန်တဲ့ငြိမ်းချမ်းရေးသွားဖို့အတွက်ကို ဒိုင်ယာလော့လမ်းကြောင်းအနေနဲ့ အသေအချာ ဆွေးနွေးတိုင်ပင်ပြီးတော့ လုပ်ရင်တော့ ပိုအဆင်ပြေမယ်ဗျ။”

တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွါးနေတဲ့ ကချင်ပြည်နယ်ဒေသတွေမှာ တိုက်ပွဲတွေ ရပ် စဲပြီး နှစ်ဘက်ကြားတွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီ တီကနေ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ကမ်းလှမ်းခဲ့တဲ့ အပေါ်မှာ KIO အနေနဲ့ စစ်ရေးအရ ဖိအားပေးနေတဲ့အခြေအနေမှာ တဖွဲ့တည်းမဆွေးနွေးလိုပဲ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ အနေနဲ့သာ ဆွေနွေးလိုကြောင် းပြန်ကြားခဲ့ပါတယ်။

အခုလို KIO အနေနဲ့ UNFC နဲ့သာ ဆွေးနွေးလိုကြောင်း တုံ့ပြန်တဲ့အပေါ်မှာ ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့တစ်ဖွဲ့ချင်း အရင်မဆွေးနွေးဘဲ တပ်ပေါင်းစုအနေနဲ့သာ ဆွေးနွေးချင်တာဟာ တိုက်ပွဲကို ရပ်တန့်ချင်တဲ့သဘောမဆောင်လို့ စိုးရိမ်မှု ဖြစ်ရတယ်လို့လည်း မြန်မာအစိုးရ ပြန်ကြားရေးဌာနက ဒုတိယဝန်ကြီး ဦးရဲထွဋ်ကနေ ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

ကချင်ဒေသစစ်ပွဲရပ်စဲရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကရော ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆိုနေပေမဲ့လည်း နှစ်ဘက်အပြန်အလှန်စွပ်စွဲချက်တွေရှိနေပြီး လက်ရှိ အခြေအနေ မှာတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးတာကြောင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အချိန်ယူရဦးမယ့် အခြေအနေ ရှိနေသေးတယ်လို့ စစ်ရေးသုံးသပ်သူတွေကပြောပါတယ်။

http://burmese.voanews.com/content/peace-wali-to-laiza-is-now-arrived-to--pago/1588620.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India