January 22, 2013

ကချင်စစ်ပြေးဒုက္ခသည် အမျိုးသမီးတွေကို ဒေါ်အောင်ဆန်းစုကြည် အားပေးစကားပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ကချင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းက အမျိုးသမီးတွေ အနေနဲ့ ပြဿနာတွေကို အတူတကွ လက်တွဲဖြေရှင်းသွားကြဖို့နဲ့ အနာဂတ်မျှော်လင့်ချက်တွေကို လက်မလွှတ်ကြဖို့ အားပေးစကား ပြောကြား လိုက်ပါတယ်။
RFA
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့၏ ၂၀၁၁ ခုနှစ် ဇွန်လ ၂၀ ရက်က မှတ်တမ်းပုံ ဖြစ်ပါသည်။
ပြည်တွင်း သတင်းမီဒီယာသမားအဖွဲ့ဟာ ကချင်ပြည်နယ်က စစ်ပြေးရှောင်ဒုက္ခသည်တွေ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ဘဝအခြေအနေ ရည်မှန်းချက်တွေကို တင်ပြနိုင်ဖို့အတွက် သွားရောက်လေ့လာကြရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူတို့နဲ့အတူ သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။
ရသအလင်းမီဒီယာအုပ်စုက တရုတ်မြန်မာနယ်စပ် မန်ဝိန်းကြီးဒေသကို မနေ့ကသွားရောက်ခဲ့ပြီး ဒီနေ့မှာတော့ မိုင်ဂျာယန်နဲ့ လိုင်ဇာဒေသအနီးက စစ်ဘေးဒုက္ခသည်စခန်းတွေက ဒုက္ခသည်အမျိုးသမီးနဲ့ ကလေးတွေကို သွားရောက်တွေ့ဆုံမေးမြန်းနေပြီး  မီဒီယာတွေမှာ ဖေါ်ပြနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ အဲဒီအဖွဲ့ကို ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ မမွန်မွန်မြတ်က RFA ကို ပြောပြပါတယ်။

စစ်ပွဲတွေရဲ့ အနိဌာရုံတွေကို အများဆုံးခံစားရတာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တာကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေက ပိုပြီးတော့ ပါ၀င်နိုင်ဖို့လိုတဲ့အကြောင်း၊ ဒေါ်အောင်ဆနး်စုကြည် က အခုလို ပြောလိုက်တာပါ။  

“နောင်ကြီးလာမဲ့ကလေးတွေဟာ ငြိမ်းချမ်းရေးကို တန်ဖိုးထားတတ်အောင် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးအောင်လို့ သင်ပေးသွားရမှာက မိခင်များရဲ့တာဝန်ဖြစ်ပါတယ် အဲဒါကြောင့်မို့ လက်တွေ့ကျကျဒီကိစ္စကိုလုပ်ပါ၊ ဒါတော့ရေရှည်အတွက် လုပ်ငန်းတစ်ခုဖြစ်ပါတယ်၊ ချက်ချင်းလက်ငင်းမှာတော့ အမျိုးသမီးများစုစည်းပြီးတော့ ကိုယ်တတ်နိုင်သမျှ အမျိုးသမီးများခံနိုင်ရည်ရှိအောင် ပြဿနာတွေကို အတူပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျော်လွှားနိုင်အောင်လို့ ကြိုးစားကြပါ၊ အခုခေတ်မှာဆိုရင် ကမ္ဘာကြီးက အမျိုးသမီးတွေဘက်က ရပ်တည်ချင်တဲ့စိတ် အများကြီးရှိလာပါတယ်၊ အမျိုးသမီးတွေရဲ့ ဒုက္ခတွေကိုလဲ အသိအမှတ်ပြုလာကြပါတယ်၊ ဒါကြောင့်မို့လို့ စိတ်အားမငယ်ကြပါနဲ့၊ မျှော်လင့်ချက်ကို လက်မလွှတ်ကြပါနဲ့”

ဒါ့အပြင် ဒေါ်အောင်ဆနး်စုကြည်က ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် အမျိုးသမီးတွေကို အားပေးစကား ပြောရုံတင်မကပဲ အခုလို ဆုမွန်ကောင်း ပို့သလိုက်ပါသေးတယ်။

“အခုခေတ်မှာ တကမ္ဘာလုံးက အမျိုးသမီးတွေရဲ့ ဒုက္ခတွေကို အသိအမှတ်ပြုပါတယ်၊ အမျိုးသမီးတွေဘက်က ရပ်တည်ချင်တဲ့စိတ်တွေရှိပါတယ်၊ ဒါကြောင့်မို့ ကျမတို့အားလုံးဟာ ကိုယ့်ရဲ့အင်အားတွေကို တနေ့နဲ့တနေ့ ပိုပြီးတော့တိုးတက်အောင်လို့ အတူတူကြိုးပမ်းသွားရမှာပါ၊ ကျမတို့အနေနဲ့လဲ ကချင်ပြည်နယ်မှာရှိတဲ့ အမျိုးသမီးတွေအနေနဲ့ အမြဲပဲ ဆက်ပြီးနီးနီးကပ်ကပ် ငြိမ်းချမ်းရေးရဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ လုပ်သွားပါ့မယ်လို့ နိဂုံးချုပ်ပါတယ်၊ အားလုံးကျန်းကျန်းမာမာ ချမး်ချမ်းသာသာနဲ့ ဒုက္ခမျိုးစုံပြဿနာမျိုးစုံကို ကျော်လွှားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားပေးစကားနဲ့ ဆုတောင်းစကားတွေကို ဒုက္ခသည်တွေက ကြားသိရတဲ့အခါ  အင်မတန်ဝမ်းသာကြကြောင်း၊ အမြန်ဆုံးအိမ်ပြန်နိုင်အောင် လုပ်ပေးပါဆိုတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိဖို့ အားကိုးပါတယ်ဆိုတဲ့အကြောင်း တုံ့ပြန်ပြောဆိုကြတယ်လို့လည်း ကချင်စစ်ပြေးဒုက္ခသည်စခန်းတွေမှာ သတင်းရယူနေတဲ့ ရသအလင်း မီဒီယာအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မမွန်မွန်မြတ် က RFA ကို ပြောပါတယ်။
ရသအလင်းမီဒီယာ အုပ်စုမှာ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာနနဲ့ ၊ မြန်မာတိုင်းဂျာနယ် က သတင်းထောက်တွေလဲ ပါ၀င်ပြီး မီဒီယာတွေမှာဖော်ပြနိုင်အောင်  ဒုက္ခသည်စခန်းတွေကို သွားရောက် ကွင်းဆင်းမေးမြန်းခဲ့တာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/dassk-kachin-refugee-01222013091016.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India