October 5, 2012

SSPP တပ်များ ဆုတ်ပေးရန် ရှမ်းပြည်နယ်ဝန်ကြီးပြော

စံခလပူရီ (မဇ္စျိမ) ။      ။ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ၏ လက်အောက်ခံ တပ်များ တပ်စွဲထားသည့် ရှမ်းပြည်နယ် အလယ်ပိုင်း၊ မိုင်းရှူးမြို့နယ် အနီးရှိ ကူးတိုးဆိပ် (တာဆန်ပူး) မှ တပ်များ အားလုံးကို သောကြာနေ့
နောက်ဆုံးထားပြီး ဆုတ်ခွါပေးရန် ရှမ်းပြည် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ က SSPP အား စာပို့၍ အကြောင်းကြားခဲ့ကြောင်း SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

“စာ ပေးလာတဲ့ရက် အတိအကျကိုတော့ ကျနော် မမှတ်မိတော့ဘူး။ ကျနော်တို့ ဆက်ဆံရေး အရာရှိ ဂျွန်နော်လစ်က တဆင့် ကျနော်တို့ဆီကို ပေးလာတယ်။ ဂျွန်နော်လစ်က ကျနော်တို့ ဘက်က ငြိမ်းချမ်းရေး အကျိုးတော်ဆောင်လည်း
ဖြစ်တယ်။ ဒီလ ၅ ရက်နေ့ နောက်ဆုံးထားပြီး တပ်တွေ ဆုတ်ပေးဖို့ ပြောထားတယ်” ဟု မဇ္စျိမကို ပြောသည်။

ယခု အစိုးရတပ်မှ တပ်ဆုတ်ပေးရန် ပြောကြားခဲ့သော ကူးတိုးဆိပ်မှာ SSPP ဌာနချုပ်နှင့် ၈ မိုင်ခန့်သာ ကွာဝေးသည် ဟု သိရှိရပြီး တပ်ဆုတ်ပေးရန် ကိစ္စအား SSPP ဗဟိုမှ တစုံတရာ ညွှန်ကြားချက်ပေးခြင်း မရှိသေးဟု ဆိုသည်။
ssppssa
SSPP တပ်မတော်မှ စစ်သည်နှင့် ခေါင်းဆောင်များ (ဓါတ်ပုံ - SSPP)

“ကျနော်တို့ ဌာနချုပ်ကတော့ ကနေ့အထိ ဘာမှ ညွှန်ကြားတာ မရှိသေး။ မနေ့က တောင်ကြီး ဆက်ဆံရေး တာဝန်ခံ က ဗိုလ်မှူး ဆေးဖိန်ဖ ကနေ အစိုးရ တပ်ဘက်က ဗိုလ်မှူးကြီး သူရဆီကို သွားပြီး ရှင်းပြတယ်။ အဲဒီဒေသက ကျနော် တို့ နေလာတာ ကြာပြီ။ ဆုတ်ခိုင်းတဲ့ကိစ္စကို ဗဟိုကို တင်ပြမယ်။ ဗဟိုကနေ ဘာမှ အကြောင်းမပြန်သေးဘူးလို့ သွားရောက် ရှင်းပြခဲ့တယ်” ဟု SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

SSPP နှင့် အစိုးရတို့သည် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ကပင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်
ရေးထိုးခဲ့ပြီး ဖြစ်သော်လည်း ထိုသို့ လက်မှတ် ရေးထိုးပြီးနောက် ယနေ့အထိ တိုက်ပွဲပေါင်း ၅ဝ နီးပါး ဖြစ်ပွားခဲ့
ကြောင်းလည်း သိရှိရသည်။

နှစ်ဖက် တပ်များ ဖမ်းဆီးထားသည့် သုံ့ပန်းများကို လဲလှယ်၍ ပြန်လွှတ်ပေးကြရန် စက်တင်ဘာလ ၈ ရက်နေ့က လာရှိုးမြို့၌ SSPP ကိုယ်စားလှယ် ဂျွန်နော်လစ်နှင့် ဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး သဘောတူညီ မှု ရရှိခဲ့သည်။

အောက်တိုဘာလ ၁ ရက်နေ့ကလည်း SSPP တပ်မဟာ (၁)၊ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး၏ တပ်ရင်း (၂၅၇) နှင့် ကချင်လွက်လပ်ရေးတပ် KIA တပ်မဟာ (၄) မှ ပူးပေါင်း တပ်ဖွဲ့များနှင့် အစိုးတပ်၏ ကွတ်ခိုင် အခြေစိုက် ခမရ ၅ဝ၂၊ ၃၂၄ တပ်ဖွဲ့များနှင့် နမ့်ဆန်း၊ ကွတ်ခိုင် ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အစိုးရ တပ်ဖက်မှ SSPP အား တပ်ဆုတ်ပေးရန် ပြောကြားခဲ့မှုမှာ ယခုအကြိမ်မှာ လေးကြိမ်မြောက် ဖြစ်သည်။ ဇူလိုင်လ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး မိုင်းရှူးမြို့နယ်၊ မိုင်အွတ် တပ်စခန်း တခုနှင့် လာရှိုးမြို့နှင့် မိုင်းရယ် မြို့ကြား ရှိ နမ့်မဂွင်မှ SSPP တပ်များကို ဆုတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုအကြိမ်တွင် SSPP မှ ထပ်မံ၍ တပ်ဆုတ်ပေးရန် မဖြစ်နိုင်တော့ကြောင်း ဗဟို ကော်မီတီမှ ဆုံးဖြတ်ခဲ့သည်။

ဇူလိုင် လဆန်း၌လည်း ထိုကဲ့သို့ တပ်ဆုတ်ပေးရန် နှစ်ကြိမ် တောင်းဆိုခဲ့ပြီး မိုင်းရှူးဂွင်ရှိ ရ မိုင်ကုန်း ခေါ် မိုင်းအွတ် SSPP စခန်းနှစ်ခုကို ဆုတ်ပေးခဲ့သည်။

စစ်ရေး အခြေအနေ တင်းမာနေမှုကြောင့် သြဂုတ်လဆန်းမှ စပြီး SSPP ဌာနချုပ် ဖြစ်သော ဝမ်းဟိုင်းဒေသ အဝင် လမ်းကြောင်းများကို အစိုးရဘက်မှ ရှိပြီးသား အင်အား တပ်ရင်း ၁ဝ ရင်းအပြင် နောက်ထပ် အင်အား ၁,ဝဝဝ ခန့်ဖြင့် ထပ်မံအင်အား ဖြည့်တင်း၍ ယနေ့အထိ ပိတ်ဆို့ထားခဲ့သည်။

ဝမ်းဟိုင်း ဌာနချုပ်သည် ရှမ်းပြည်နယ် ကျေးတီမြို့နယ် အရှေ့ဖက် မိုင်းရှူး၏ အနောက်ဖက်၊ မိုင်းယောင်း၏ အရှေ့မြောက်ဖက်၊ တန်းယန်းမြို့နယ်နှင့် လာရှိုးအကြား၌ ရှိသည်။

SSPP ၏ တပ်ဖွဲ့များသည် ရှမ်းပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ မိုင်းရှူးဂွင်၊ မိုင်းမဂွင်နှင့် ဝမ်းဟိုင်းဂွင်များ ၌ လှုပ်ရှားနေကြသည်။

http://www.mizzimaburmese.com/news/inside-burma/10213-sspp-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India