November 8, 2012

ဝန်ကြီး ဦးအောင်မင်း ABSDF အပါအဝင် အခြားအဖွဲ့များနှင့် ထိုင်းနိုင်ငံမှာ တွေ့ရန်ရှိ

စံခလပူရီ (မဇ္စျိမ) ။      ။ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ သည် နိုဝင်ဘာလ ၉ ရက်နေ့၌ ထိုင်းနိုင်ငံသို့ ထပ်မံ လာရောက်ရန် ရှိပြီး ၎င်းခရီးစဉ် အတွင်း ကျောင်းသား တပ်မတော် ABSDF၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် အခြားအဖွဲ့အစည်းများအားလည်း တွေ့ဆုံနိုင်ရန် စီစဉ်လျက်ရှိကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

“မနက်ဖြန်တော့ ကျနော်တို့တော့၊ ဦးအောင်မင်း အဖွဲ့ကတော့ ဗန်ကောက်၊ ချင်းမိုင်ကို သွားဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံ မှာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့နဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။ အခြားအဖွဲ့တွေနဲ့လည်း တွေ့ဖို့ စီစဉ်ထားပါတယ်။ ဘယ်အဖွဲ့တွေနဲ့
တွေ့ဖြစ်မလဲ ဆိုတာတော့ တွေ့ပြီးမှပဲ ပြောပြနိုင်မှာပါ” ဟု ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

ယခု လာရောက် တွေ့ဆုံမည့် အစီအစဉ်သည်လည်း အလွတ်သဘောဟု ဆိုနိုင်သည့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ သာ ဖြစ်ကြောင်းလည်း ဦးလှမောင်ရွှေ က ဆိုသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း နှင့် အဖွဲ့သည့် သောကြာနေ့ နေ့လည်တွင် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဆိုက်ရောက်မည် ဖြစ်သည်။

KNPP နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး တွေ့ဆုံကြသည့်အခါ ဆွေးနွေးရန်ရှိသည့် အကြောင်းအရာများနှင့် ပတ်သက်၍ လည်း အတွင်းရေးမှူး ဖြစ်သူ အောင်ဆန်းမြင့် က မဇ္စျိမကို ပြောပြသည်။

“အခု အချိန်အထိ ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေက ဌာနချုပ်မှာပဲ ရှိပါသေးတယ်။ ဦးအောင်မင်းတို့နဲ့ တွေ့ဖို့ကို အစီအစဉ် ရှိပါတယ်။ ဘယ်နေ့ ဖြစ်မလဲ ဆိုတာ ကျနော်တို့ကို တိတိကျကျ အကြောင်းကြား လာသေးခြင်း မရှိပါဘူး။ ကျနော်တို့ ဘက်ကတော့ ဇွန်လ ၉ ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ထားကြတုန်းက သဘောတူ ထားသည့် အချက် (၁၄) ချက်အား ပြန်လည် သုံးသပ် သွားရန် ဆွေးနွေးကြရန် ရှိကြောင်း” ဦးအောင်ဆန်းမြင့်မှ မဇ္စျိမအား ပြောသည်။

ထို ဇွန်လ အပစ်အခတ် ရပ်စဲစဉ် သဘောတူထားသည့် အချက်များထဲမှ တပ်ပိုင်းဆိုင်ရာ ကိစ္စတွင် ကယားပြည်နယ် ထဲ၌ ရှိသည့် ဧည့်တပ်များ ဆုတ်ခွာပေးရန်၊ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ ထားရှိရေး၊ အပစ်အခတ် ရပ်စဲရေးအပေါ် လေ့လာ စောင့်ကြည့်ရေး အဖွဲ့များ ထားရှိရေး၊ ရွာသစ် ရေကာတာ စီမံကိန်း ဆောက်လုပ်ရေး အပေါ်
လေ့လာခွင့် ကိစ္စရပ်များ၊ ဖလူးဆိုး မြို့၌ တန်းမြင့် စစ်ရေး လေ့ကျင့်ရေးကျောင်း ရပ်တန့်ပေးပြီး လူထုအတွက် အကျိုးပြုမည့် အခြား စီမံကိန်း တခုခုအား ပြန်ပြောင်း ပေးရန်အတွက် တောင်းဆိုထားသည့် ကိစ္စရပ်များကို တင်ပြ
ဆွေးနွေး သွားဖွယ် ရှိသည်ဟု ဆိုသည်။

ဖလူးဆိုး မြို့၌ အစိုးရက တည်ဆောက်လျက်ရှိသည့် တန်းမြင့် စစ်ရေး လေ့ကျင့်ရေးကျောင်းမှာမူ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ ၅ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်ဟု ဦးအောင်ဆန်းမြင် က ပြောသည်။

ABSDF နှင့် တွေ့ဆုံရန် အစီအစဉ် ရှိသည့်အပေါ် မဇ္စျိမမှ ဆက်သွယ် မေးမြန်းခဲ့ရာတွင် “ကျနော်တို့နဲ့ ဦးအောင်မင်း တို့နဲ့ တွေ့ဖို့တော့ ရှိပါတယ်။ တွေ့ပြီးမှပဲ သဘောထားတွေကို ကျနော်တို့ တရားဝင် ထုတ်ပြန်မယ်လေ။ အခု ကြိုပြီး ပြောဖို့အတွက် ကျနော်တို့ဘက်မှာ သဘောထား မရှိပါဘူး” ဟုသာ ABSDF ၏ အထွေထွေအတွင်းရေးမှူး ရဲဘော် မျိုးဝင်း က ပြန်လည် ဖြေကြားခဲ့ပါသည်။

ABSDF မှာ လက်ရှိအထိ အစိုးရအား လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းတရပ် ဖြစ်နေ၍ ထိုအပေါ်၌ ငြိမ်းချမ်းရေးအဖွဲ့၏ သဘောထားနှင့်ပတ်သက်၍ အကျိုးဆောင် ဦးလှမောင်ရွှေ က “ကျနော့်ဘက်က ပြောလို့ရတာ လက်ရှိ ဦးအောင်မင်း ရှင်းပြတာကိုက ဒီငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ နိုင်ငံ ပြည်လည် ထူထောင်ရေး အစီအစဉ် (Peace Process and Nation Building) မှာ Stake Holder အကုန်လုံးကို သူတို့ ထိတွေ့ ဆက်ဆံပြီး အားလုံးရဲ့ ယုံကြည်မှုနဲ့ တဆင့်ပြီးတဆင့် လုပ်သွားဖို့ ဆိုတာကို ကျနော်တို့ကို ရှင်းပြထားပါတယ်” ဟု မဇ္စျိမကို ပြောဆိုသွား သည်။

အစောပိုင်း၌ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် တွေ့ဆုံကြရန် ရှိသည်ဟု သတင်းများ ထွက်ပေါ် ခဲ့သော်လည်း “ကျနော်တို့ ဒီခရီးစဉ်အတွင်းမှာတော့ UNFC နဲ့ အစည်းအဝေး အစီအစဉ် မရှိပါဘူး” ဟုသာ ဦးလှမောင်ရွှေ က ဆိုသည်။

ဦးအောင်မင်းနှင့် ABSDF တို့မှာ အလွတ်သဘောအဖြစ် ဇွန်လလယ်ပိုင်းတွင် တကြိမ် တွေ့ဆုံခဲ့ကြပြီးလည်း
ဖြစ်သည်။

http://mizzimaburmese.com/news/inside-burma/10359---absdf----.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India