January 22, 2013

BGF နှင့် DKBA တပ်အကြား ပြဿနာများ ဦးအောင်မင်း ဖြန်ဖြေဆွေးနွေး

စံခလပူရီ (မဇ္စျိမ)။   ။ နယ်ခြားစောင့်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တပ် အကြား ရှိနေသည့် အထွေထွေ ပြဿနာများကို ဖြေရှင်းရန် အလွတ်သဘော ဆွေးနွေးပွဲတခုကို မြဝတီမြို့ရှိ
အေးချမ်းဖြိုး ရိပ်သာတွင် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်က ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် DKBA ၏ နိုင်ငံရေးအဖွဲ့အစည်း ကလို့ထူးဘော ကရင် အစည်းအရုံး (KKO)၊ ဦးအောင်မင်း ဦးဆောင်
သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် နယ်ခြားစောင့် တပ်များ ပါဝင်ဆွေးနွေးကြကြောင်း
ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေး က ပြောသည်။

“ပြဿနာက ပြီးခဲ့တဲ့ ခြောက်လလောက် ကတည်းက မြိုင်ကြီးငူ ဒေသကို လက်နက်မဲ့ ဇုန်အဖြစ် သတ်မှတ်ဖို့ နှစ်ဖက်
လုံး (နယ်ခြား စောင့်တပ်၊ DKBA) သဘောတူ ထားကြတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျနော်တို့ လူတွေက ကိုယ့်နယ်မြေ ဆိုတော့ လက်နက်တွေနဲ့ ဝင်နေကြတယ်။ အဲဒါကြောင့် တဖက်ကလည် ခင်ဗျားတို့ နေလို့ရရင် ကျနော်
တို့လည်း နေလို့ရတယ်ဆိုပြီး နှစ်ဖက် တပ်အကြား ကတောက်ကဆ ဖြစ်ထားတာ။ အဲဒါတွေ ဆွေးနွေး ဖြန်ဖြေပေး
တယ်” ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် အပစ်အခတ် ရပ်စဲပြီးနောက် ကြုံတွေ့ရသည့် ပြဿနာများအား ဝန်ကြီး ဦးအောင်မင်း တို့က အဓိက မေးမြန်းခဲ့
ရာ တပ် ရပ်တည်ရေးနှင့် တပ်မိသားစုများ ရေရှည် ရပ်တည်နိုင်ရေး စား၊ ဝတ်၊ နေရေး ပြဿနာများမှာ လက်ရှိ အဓိက ပြဿနာများ ဖြစ်ကြောင်း ၎င်းတို့ ဘက်မှ တင်ပြခဲ့သည်ဟု စောမိုးရှေးမှ ပြောသည်။

“တွေ့တာကတော့ အလွတ်သဘောပါပဲ။ အခုလိုမျိုး အလွတ်တွေ့ရတာ ကျနော်တို့ ပိုသဘောကျတယ်။ ဟိုခေါင်းစဉ် မဆွေးနွေးရ၊ ဒီအကြောင်းအရာ မဆွေးနွေးရ ကန့်သတ်တာ မရှိဘဲ အားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တာ
ကောင်းတယ်။ အရင်အပတ် ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်တာထက် ပိုပြီး လွတ်လပ်တယ်လို့ ကျနော် သုံးသပ်တယ်” ဟု စောမိုရှေး က ဆိုသည်။

ဆွေးနွေးပွဲသို့ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဦးအောင်မင်းနှင့် ဦးလှမောင်ရွှေ၊ DKBA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ် အပါအဝင် ကိုယ်စားလှယ် ၈ ဦး၊ နယ်ခြားစောင့်တပ်မှ ဗိုလ်ချုပ်
မောင်မောင်အုန်း တို့အပြင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးလည်း တက်ရောက်ခဲ့သည်။

ယခု တွေ့ဆုံ ခြင်းသည် ဦးအောင်မင်းနှင့် DKBA ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

DKBA သည် အပစ်အခတ် ရပ်စဲရေးကို ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့က ဘားအံမြို့ ပြည်နယ် ဝန်ကြီးချုပ်ရုံးတွင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ ညှိနှိုင်းပေးမှုမှ တဆင့် လက်မှတ်ရေးထိုးထားပြီး ဦးအောင်သောင်း ငြိမ်းချမ်းရေး အကျိုးဆောင် အဖြစ်မှ အနားယူသွားပြီးနောက် အစိုးရဘက်နှင့် ထပ်မံတွေ့ဆုံနိုင်ခဲ့
ခြင်း မရှိခဲ့ပေ။

၂၀၁၂ ခုနှစ်၊ ဖော်ဖော်ဝါရီလကလည်း နယ်ခြား စောင့်တပ် ၁ဝ၁၁ နှင့် ၁ဝ၁၉ တပ်ရင်း နှစ်ခု ပေါင်းတို့မှ DKBA ကလို့ထူးလား စစ်ကွပ်ကဲရေး စခန်းရှိ လက်နက် အလက် ၃ဝ ကျော် ဝင်သိမ်းခဲ့၍ တင်းမာမှု ဖြစ်ပွားခဲ့ဖူးကာ သိမ်းဆည်း လက်နက်များကို သမ္မတ ဦးသိန်းစိန် ညွှန်ကြားချက်ဖြင့် DKBA ထံ ပြန်လည်ပေးအပ်ခဲ့သည်။

DKBA အား ယခင်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်ဟု အသုံးပြု ခေါ်ဝေါ်ခဲ့ရာမှ ပါတီအား (KKO)၊ လက်နက်ကိုင် တပ်အား ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်  (DKBA) ဟူ၍ ပြောင်းလဲ
ခေါ်ဆိုရန် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ DKBA တပ်မှူးများ အစည်းအဝေးမှ အတည်ပြုခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ကရင် အမျိုးသား အစည်းအရုံး KNU မှ ခွဲထွက် တည်ထောင်ခဲ့သည့် DKBA မှာ အင်အား ၁,၅ဝဝ ခန့်ဖြင့် ဒေါနတောင် အရှေ့ခြမ်းနှင့် အနောက် ဘက်ခြမ်းရှိ ကြာအင်းဆိပ်ကြီး မြို့နယ် ကလိုထူးပေါ၊ ကော့ကရိတ် မြို့နယ် ကလို ထူးဝါးနှင့် မြိုင်ကြီးငူ-လှိုင်းဘွဲ့-ဖာပွန် နယ်စပ်ရှိ ကလူထူးလား စသည့်နယ်မြေများ၌ တပ်ရင်း ၁၁ ရင်း
ဖြင့် လှုပ်ရှားနေလျက် ရှိသည်။

http://mizzimaburmese.com/news/inside-burma/10818-bgf--dkba----.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India