လျှောက်သူများက ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားသဖြင့် ရန်ကုန်မှ စစ်ပွဲများ ဖြစ်ရာကချင်ပြည်နယ်အထိ လမ်းလျှောက်မည့် ငြိမ်းချမ်းရေး လိုလားသူလူငယ်များအဖွဲ့သည် ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှ ဇန်နဝါရီ ၂၁ရက်နေ့တွင် စတင်၍ လမ်းလျှောက်ခဲ့ရာ ပဲခူးအရောက်တွင် ယခုလို တားဆီးသတိပေးခံရခြင်းဖြစ်သည်။
“ကျွန်တော်တို့ လက်မှတ်ထိုးပေးလိုက်ပါတယ်။ သူတို့ပြောတဲ့အတိုင်းပဲ ကြည်ကြည်ဖြူဖြူနဲ့ ဆက်ပြီး လမ်းလျှောက်မှာ
ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားလို့ဖြစ်ပါတယ်” ဟု လမ်းလျှောက်ဆန္ဒပြု
သူ ကိုဇင်ကိုက မဇ္စျိမကို ပြောသည်။
ရဲတပ်ဖွဲ့အင်အား ၂၀၀ခန့်ဖြင့် ပဲခူးမြို့နယ် အုပ်ချူပ်ရေးမှူးနှင့် ရဲမှူး ဦးဇော်မင်းတို့က ပဲခူးမြို့ဝင် ဆိုင်းဘုတ် အနီးတွင် တားဆီးကာ ၂/၂၀၁၃ အမိန့်အား သိရှိကြောင်းနှင့် ပုဒ်မ၁၈အား မကျူးလွန်ရန် ခံဝန်ကတိလက်မှတ် တောင်းခံခဲ့
ကြောင်း သိရသည်။
ထိုသို့သတိပေးခံရသောကြောင့် ပုဒ်မ၁၈နှင့် မညှိစွန်းစေရန်အတွက် ရန်ကုန်မှ စတင်ကာ ကိုင်ဆောင်ခဲ့ကြသည့် ငြိမ်းချမ်းရေးအလံအား ဖြုတ်ချကာ ဆက်လက်ခရီးဆက်နေကြသည်ဟု လမ်းလျှောက်ဆန္ဒပြုသူများမှ ပြောသည်။
အဆိုပါအဖွဲ့သည် ယခုအခါ အင်းတကော်မြို့ သို့ ရောက်ရှိနေပြီး ရန်ကုန်မှ ထွက်ခွာသည့် လူအင်အားမှာ ၂၁ဦး ရှိခဲ့ရာ
မှ ယခုအခါ လူအင်အား ၂၉ဦးအထိတိုးမြင့်လာပြီဖြစ်ကြောင်းသိရသည်။
“ ကျွန်တော်တို့ အခုခရီးသွားပုံစံနဲ့ဘဲ ခရီးဆက်နေပါတယ်။ ဗီနိုင်းတွေ ပိုစတာတွေ ဘာမှ ကိုင်ဆောင်ခြင်း မပြုတော့
ပါဘူး ” ဟု ကိုဇင်ကိုက ဆက်လက်ပြောသည်။
http://mizzimaburmese.com/news/inside-burma/10811-2013-01-22-09-06-49.html