October 22, 2012

KIO ဟု စွပ်စွဲခံရသည့် ဦးဘရန်ရှောင် အမှု စွဲချက်တင်ပြီ

ချင်းမိုင်(မဇ္စျိမ) ။         ။ ကချင်စစ်ပြေးဒုက္ခသည်စခန်းတခုမှ ဦးလထောင် ဘရန်ရှောင် အား ကချင်လွတ်လပ်ရေး အဖွဲ့ KIO အဖွဲ့ဝင်ဖြစ်သည်ဟူသော စွပ်စွဲချက်ကို တင်သင့်ကြောင့် တနင်္လာနေ့ မြစ်ကြီးနား မြို့နယ်တရားရုံးမှ တရားသူကြီး ဦးမြင့်ထူး က အမိန့်ချလိုက်သည်။

ဦးဘရန်ရှောင်မှာ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းတွင် ခိုလှုံနေစဉ် ဇွန်လ ၁၇ ရက်နေ့က ဖောက်ခွဲမှုဖြင့် စွပ်စွဲ၍ ဖမ်းဆီးခံခဲ့ရကာ နောက်ပိုင်းတွင် မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

“သူ့ကို ၂ဝဝ၄ ကနေ ၂ဝ၁၁ ထိ KIO ဝန်ထမ်းလုပ်တယ်၊ အပြစ်ရှိတယ်ဆိုပြီး စွဲချက်တင်ပြီး ဖြေရှင်းဖို့ အမိန့်ချလိုက် တယ်။ စရဖတွေ ထွက်ဆိုချက်ကိုပဲ အတည်ပြုလိုက်တဲ့ သဘောပဲ” ဟု အကျိုးဆောင်ရှေ့နေ ဦးမာခါးက ပြောသည်။

လေးလကြာ ဖမ်းဆီး ထိန်းသိန်းခံထားရသူ ဦးဘရန်ရှောင်သည် KIO ဝန်ထမ်းမဟုတ်ဘဲ ချုပ်နှောင်ခံနေရခြင်းမှာ
ကျေနပ်စရာ မရှိကြောင်း ၎င်းက မဇ္စျိမကို ဆက်ပြောသည်။

“စိတ်ညစ်စရာပါ။ အပြစ်မရှိတဲ့လူကို အချိန်အကြာကြီး ဖမ်းထားတယ်။ ခု စွဲချက် တင်လိုက်ရင် ဖြေရှင်းနေရတာက အချိန်ပိုကြာတယ်။ မတရား ခံစားနေရတယ်။ လူပင်ပန်း၊ စိတ်ပင်ပန်း လုပ်ခိုင်းနေတယ်။ ကျေနပ်စရာ လုံးဝ မရှိပါဘူး” ဟု ရှေ့နေ ဦးမာခါးက ပြောသည်။

ဦးဘရန်ရှောင် လွတ်မြောက်လာမည်ဟု မျှော်လင့်ချက်ဖြင့် ယနေ့ တရားရုံးသို့ ဘာသာရေး အသင်းတော်
ခေါင်းဆောင်များ ၂ဝ ဦးခန့် လာရောက် စောင့်မျှော်နေခဲ့သော်လည်း စိတ်ပျက်စွာဖြင့် ပြန်သွားခဲ့ကြသည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့တွင် အမှုအား ဆက်လက် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

မတရားအသင်း ဆက်သွယ်မှုနှင့် ဖောက်ခွဲမှုတို့ဖြင့် စွပ်စွဲ၍ ဖမ်းဆီးခံရသူ တချို့၏ အမှုများကို လိုက်ပါ ဆောင်ရွက်
ပေးနေသည့် ရှေ့နေကြီး ဦးမာခါး မှာ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF မှ နုတ်ထွက်ခွင့်ပြုရန် ပြည်နယ်
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ တနလာင်္နေ့က စာတင်လိုက်သည်။

မတ်လ ၂ဝ ရက်နေ့က ပါတီမှ နုတ်ထွက်ကြောင်း NDF ရန်ကုန်ရုံးချုပ်သို့ စာသင်ခဲ့သော်လည်း ယနေ့ထိ တရားဝင် စာပြန်လာခြင်း မရှိသေး၍ ယခုကဲ့သို့ ပြည်နယ်ကော်မရှင်သို့ စာတင်လိုက်ခြင်း ဖြစ်သည်။

“NDF ပါတီမှ မဟုတ်တော့ဘူးဆိုတာကို အများပြည်သူ သိစေချင်တယ်။ တချို့လူတွေက မသိလို့ ကျနော်ကို NDF ပါတီဝင်ပဲ ထင်နေကြတယ်။ ကျနော့် ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် နုတ်ထွက် ထားတယ်။ ကျနော် ဒီပါတီဝင် မဟုတ်တော့ဘူးဆိုတာ ကော်မရှင်ကို စာတင်လိုက်တယ်” ဟု ရှေ့နေ ဦးမာခါးက ပြောသည်။

ဦးမာခါးသည် NDF ဗဟိုဦးစီးအဖွဲ့ဝင် ကချင်ပြည်နယ် အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး သူ့နုတ်ထွက်စာ လက်ခံကြောင်း ဗဟိုဦးစီးကော်မတီ၏ တတိယအကြိမ် အစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုပြီးသွားပြီးဖြစ်၍ သက်ဆိုင်ရာ ပြည်နယ်၏ ကော်မရှင်အဖွဲ့ခွဲမှသာ အကြောင်းကြားရမည် ဖြစ်ကြောင်း NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/10298-kio-----.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India