ဖားဆောင်းမြို့မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဆက်ဆံရေးရုံးမှ တာဝန်ခံဖြစ်တဲ့ ကရင်နီပြည်ထဲရေး ဝန်ကြီးဌာနမှ ဒု-ဝန်ကြီး ပဒိုဦးကွယ်က ယခုလိုရှင်းပြပါတယ်။
“သြဂုတ်လကတည်းက နေရာသွားကြည့်ထားကြတယ်။ ပထမနေရာ ရာထားတာက ၃ နေရာလို့ပြောတယ်။ နေရာ သတ်မှတ်ပြီးတော့မှ လာမည့်နွေဦးကျရင် အစီအစဉ်စလုပ်မယ်လို့ ပြောတယ်။ ဒါက သူတို့အပြောအရ ကျနော်တို့ကတော့ တိတိကျကျမသိဘူး တံတားလုပ်တာ ၆ လနဲ့ တနှစ်အတွင်းကြာမယ်လို့ပြောတယ်” လို့ ပြောပါတယ်။
ဖားဆောင်းသံလွင်မြစ်ပေါ် တည်ဆောက်မည့် တံတားက နိုင်ငံတော် အစိုးရစီမံကိန်း တခုအနေနဲ့ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြည်နယ် အစိုးရဝန်ကြီးအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးကိုးရယ်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
ဝန်ကြီးက “ကုန်ကျစာရိတ်တော့များမယ် ကုန်တော့ တော်တော်လေးကုန်မယ် အဲဒါလဲလုပ်မယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့ လုပ်မှာဖြစ်ပါတယ်။ ကျနော်တို့ ပြည်နယ်ဘတ်ဂျက်က အဲလောက်မရှိဘူး သိန်းထောင်နဲ့ ချည်ရှိတယ်။ ပြည်ထောင်စု ဘတ်ဂျက်နဲ့လုပ်မယ်” လို့ ပြောပါတယ်။
ယခုနှစ်ကုန်ပိုင်းတွင် အမြန်ဆုံးစတင် အကောင်အထည်ဖော် ပြုလုပ်နိုင်ဖို့ စီစဉ်ရခြင်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်နေဆဲ အချိန်ကာလလည်းဖြစ်တယ် တဖက်ထိုင်းနိုင်ငံကလည်း လမ်းတွေကို စတင်ပြုလုပ် လာပြီဖြစ်တဲ့အတွက်ကြောင့်လည်း ဖြစ်တယ်လို့ ဝန်ကြီးက ဆက်ရှင်းပြပါတယ်။
“မယ်ဟောင်ဆောင်ကနေလည်း လမ်းတွေလုပ်လာပြီလို့ ကြားတယ် သူ့နယ်နဲ့သူကတော့ လုပ်လာပြီလေး။ ဒီဘက်ကလည်း လမ်း ကျဉ်းကျဉ်းလေးနဲ့ မရဘူး လမ်းချဲ့ရမယ် ကောင်းအောင်တော့ မြင့်တင်ရမယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ ဖားဆောင်းမြို့ကနေ မော်ချီးဘက်ကိုသွားတဲ့လမ်းမှာ ၂ မိုင်ခန့်လောက်ကို ပေ ၅၀ ကျယ်အောင် လမ်းတွေကို ချဲ့ထွင်ထားပြီးဖြစ်တာကို တွေ့ရပါတယ်။
http://www.ktimes.org/index.php/news/351-2012-10-22-06-52-02