October 23, 2012

ဗဟိုအထူးအရေးပေါ် အစည်းအဝေး ကျင်းပရန် KNU ညှိနှိုင်းဆွေးနွေးပြီးစီး

အောက်တိုဘာလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ကြီး ၅ ကြီးအဖွဲ့နှင့် တဘက်မှ ပဒိုရောဂျာခင် အပါအဝင် ခရိုင် ခေါင်းဆောင်အချို့တို့သည် ကေအဲန်ယူအတွင်း ဖြစ်ပွားခဲ့သည့် သဘောထားကွဲလွဲမှုများကို နှစ်ရက်ကြာ ညှိနှိုင်းဆွေးနွေးပြီး လာမည့် အောက်တိုဘာလ ၂၅ရက်နေ့တွင်ဗဟိုအထူးအရေးပေါ် အစည်းအဝေးကျင်းပရန် သဘောတူညီမှု ရရှိခဲ့ သည်။
ကေအဲန်ယူ တပ်မဟာ(၇) ဘားအံခရိုင်၊ လေးဝါးတပ်စခန်း၌ ယမန်နေ့ကစတင်၍ နှစ်ရက်ကြာပြုလုပ်သည့် ယင်းဆွေးနွေးပွဲတွင် ကြီး ၅ ကြီးဘက်မှ ကေအဲန်ယူ ဒုဥက္ကဌ ပဒိုဒေးဗစ်သာ့ကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေ၊ တွဲဘက်အတွင်းရေးမှူး(၂)ပဒိုစောဒေါ့လေးမူတို့နှင့် တဘက်မှ ပဒို စောရောဂျာခင်၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း၊ ဘိတ်/ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစော ကွယ်ထူးဝင်း၊ ပဒိုစောလေးလော်ဆော၊ ဗိုလ်မှူးကြီး စောထူးထူးလေးတို့က ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် ဆွေးနွေးပွဲတွင် ကြားခံအဖြစ် ကေအဲန်ယူ ဗဟိုတရားသူကြီးချုပ် ပဒိုမန်းရင်စိန်၊ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီ၊ တပ်မဟာ(၅) မှူး ဗိုလ်မှူးချုပ် စောဘောကျော်ဟဲနှင့် အရံဗဟိုကော်မတီဝင် စောစေး လယ်တောတို့က တက်ရောက်နားထောင်ခဲ့သည်။
ဆွေးနွေးမှုတွင် ပါ၀င်သည့် ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေက “ဗဟိုကော်မတီ ပုံမှန် အစည်းအဝေး ကျင်းပဖို့အတွက် အစည်းအဝေးမှာ လူတွေစုံစုံလင်လင်နဲ့။ နောက် ကျင်းပနိုင်အောင်ဆိုလို့ရှိရင် အထူးဗဟိုကော်မတီအစည်းအဝေး ခေါ်မှဖြစ်မယ်ဆိုတာကို Agenda(အစီအစဉ်)ဆွဲပြီး ဆွေးနွေးခဲ့ကြတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ ကေအဲန်ယူအတွင်း ဖြစ်ပွားခဲ့သည့် ပြဿနာအပေါ် အားကောင်းချက်၊ အားနည်းချက်များကို အကောင်းဆုံး ဆွေးနွေးအဖြေရှာခဲ့ပြီး အာနည်းချက်များကို သင်ခန်းစာယူရန်နှင့် အားကောင်းချက်များကို ရှေ့ဆက် သယ်ဆောင်သွားကြရန် ဆွေးနွေးခဲ့ကြသည်ဟုလည်း ဗိုလ်မှူးစောလှငွေက ပြောသည်။
ကေအဲန်ယူ ဗဟိုကော်မတီဝင်များက အောက်တိုဘာလ ၂၅ရက်တွင် ပြုလုပ်မည့် အထူးအရေးပေါ်အစည်း အဝေးတွင် မကြာသေးမီက ထုတ်ပယ်ခံရသည့် ထိပ်တန်းခေါင်းဆောင်တို့၏ ကိစ္စနှင့် အဖွဲ့အတွင်း ဖြစ်ပေါ်နေ သည့် အခြေအနေများကို ဆွေးနွေးညှိနှိုင်းကြကာ ထိုမှတဆင့် ၁၄ ကြိမ်မြောက် ညီလာခံသက်တမ်း၏ နောက်ဆုံးဗဟိုကော်မတီအစည်းအဝေးကို ကျင်းပသွားရန် ရှိသည်ဟု သိရသည်။
၎င်းနောက် ၁၅ ကြိမ်မြောက် ကေအဲန်ယူ ညီလာခံကို ဆက်လက် ကျင်းပပြီး လာမည့်သက်တမ်းအတွက် တာဝန်ယူမည့် ကေအဲန်ယူ ခေါင်းဆောင်သစ်တို့ကို ရွေးချယ်သွားမည်။

 http://www.kicnews.org/?p=13836
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India