“ ဒီနေ့ တွေ့ကြတယ်။ လာရှိုုးမြို့မှာ အဓိက ကတော့ ရှမ်းရဲ့ နယ်စပ် ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူရဲ့ ရာဇသံ ကိစ္စပါဘဲ။ အသေးစိပ်တော့ မသိရသေးဘူး။ အခုလာတဲ့ ဦးသိန်းဇော်က အရင်ဇွန်လ ကတည်းက ရာဇသံ ပေးခဲ့ဘူးသူဗျ။ သူမေတ္တာ ရပ်ခံပါတယ်တဲ့ တပ်ဆုတ်ပေးပါ။ မဆုတ်ပေးဘူးဆိုလျှင် စစ်တပ် အင်အားနဲ့ လာတိုက်မယ် ဆိုတဲ့ စကားမျိုး ခြိမ်းချောက်ခဲ့တဲ့ လူတွေဘဲ ” ဟု ဆိုပါသည်။
ရှမ်းပြည်နယ်၊ နယ်စပ် ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူသည် ရှမ်းပြည်နယ် အလယ်ပိုင်း မိုင်းရှူးမြို့နယ်ရှိ တာ့ဆမ်းဖူး ကူးတို့ဆိပ် ပတ်ဝန်းကျင် နေရာအား အောက်တိုဘာ (၅) ရက်နေ့ နောက်ဆုံး ထားပြီး တပ်ဆုတ်ပေးရန် ရာဇသံ ပေးထား ခြင်း ဖြစ်ပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2196-2012-10-05-11-03-10.html
မိုင်းရှူးမြို့နယ်ရှိ တာ့ဆမ်းဖူး ကူးတို့ဆိပ်သည် SSPP ၏ ဌာနချုပ်နှင့် (၈) မိုင်ခန့်သာ ရှိပါသည်။ ဤနေရာသည် SSPP ၏
တောင်ပိုင်း ထွက်ပေါက် လည်းဖြစ်သလို ဗဟို စခန်းအတွက် အရေးကြီးသည့် နေရာလည်း ဖြစ်ပါသည်။ ဤနေရာမျိုးကို ရာဇသံပေး ဆုတ်ခိုင်းပြီး တံတား ဆောက်ရန်ဟု အကြောင်းပြ ထားကြောင်း ဗိုလ်မှူးကြီးက ဆိုပါသည်။
“ သူတို့ တောင်းဆိုထားတဲ့ တာ့ဆမ်းဖူး ကူးတို့ဆိပ်ဟာ ကျနော်တို့ တောင်ပိုင်း မိုင်းနောင် ဘက်က ထွက်တဲ့လမ်းလေ။ အ ရေးကြီးတဲ့ လမ်းပါ။ ကျနော်တို့က တန့်ယန်းသွားတဲ့ လမ်းလဲ ပေးလိုက်ပြီးပြီး ။ မိန်အွန် လမ်းဘက်ကလဲ ပေးလိုက်ပြီးပြီး အခုတစ်ခါ ထပ်ပေး ပြန်ရင် ဝမ်ဟိုင်း ဌာနချုပ် စခန်းကိုပါ ထပ်ပြောင်း ခိုင်းတာနဲ့ အတူတူဘဲ။ ဒီတော့ အရင်တုန်းက ရာဇသံ တွေမှာ ကျနော်တို့ ဆုတ်ပေး လိုက်လို့ ဝ ဘက်က ထွက်ပေါက်ဟာ ပိတ်သွားခဲ့တယ်။ အခုဟာက တောင်ပိုင်းက ထွက်ပေါက်ကို ထပ်ပိတ်ချင်တဲ့ သဘောဘဲ။ သူတို့အတွက် အရေးကြီး နေတာက လက်နက်ကျည်ဆံ ယူသွားဖို့နဲ့ လက်နက်ကြီးတွေ ယူသွားဖို့ လမ်းစ ဖော်ပြီးသား ဖြစ်တယ်” ဟု ဆိုပါသည်။
SSPP သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ထားသည်ဟု ဆိုသော်လည်း အစိုးရ တပ်များ၏ တိုက် ခိုက်မှုကို အကြိမ် (၄၀) ထက်မနဲ ခံခဲ့ရပါသည်။ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးစဉ် ကမူ အစိုးရသည် (၅) ရက် အတွင်း ၄င်းတို့ တပ်များကို ရုတ်သိမ်း ပေးမည်ဟု ဂတိ ပေးထား ခဲ့သလို နှစ်ဖက် တပ်ဖွဲ့များ သူ့နေရာနှင့် သူ အခြေစိုက် ထားရန် ဂတိပေး ထားခဲ့ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2212--------sspp.html