October 9, 2012

မြန်မာ့ ငြိမ်းချမ်းရေးသည် ဘယ်ပညာရှင်ကမှ တတ်နိုင်လိမ့်မည် မထင်

PACRIM Associates အဖွဲ့မှ တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ အမေရိကန် မဟာဗျူဟာ ရေးဆွဲရေး ပညာရှင် Kristian Gould သည် အစိုးရနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲများ၌ အဆင်ပြေစေရန် အတွက် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ယမန်နေ့တွင် အမြင် ဖလှယ်ပွဲများ ကျင်းပ ခဲ့သည်ဟု တက်ရောက် ခဲ့သူ ကရင်နီ ကိုယ်စားလှယ် တဦးက ပြောပါသည်။
“ သူမ ကတော့ လက်ရှိ မြန်မာ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား တွေကြား တွေ့ဆုံ ဆွေးနွေးနေတဲ့ အခြေအနေ တွေကို လေ့လာ သုံးသပ် နေတဲ့သူ တစ်ဦးပါ။ သူမဟာ ကျနော်တို့နဲ့ အဆက်အသွယ်ရှိ သလို အစိုးရနဲ့လဲ အဆက်အသွယ် လုပ်နေ တဲ့သူပါ။ ဒီတော့ နှစ်ဖက် ဆွေးနွေးရေးကို ဘယ်လိုမျိုး ဆွေးနွေးသွားရင် အောင်မြင်လိမ့်မယ် ဆိုတဲ့ အကြံလေးတွေ မျှဝေ သွားပါတယ်” ဟု ဆိုပါသည်။
PACRIM Associates အဖွဲ့သည် မြန်မာ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ ကြားခံ ဆောင်ရွက်ပေးမည့် အဖွဲ့ လိုအပ် နေသည်ဟု ဆိုပါသည်။ ယင်းအမြင် ဖလှယ်ပွဲသို့ UNFC မှ ခေါင်းဆောင် (၇) ဦး တက်ရောက်ခဲ့ပြီး အောက်တိုဘာလ (၅) ရက်နေ့မှ (၇) ရက်နေ့ အထိ ကျင်းပ သွားပါသည်။
အမြင် ဖလှယ်ပွဲတွင်  မြန်မာ အစိုးရမှ ချမှတ်ထားသော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် (၈) ရပ်နှင့် တိုင်းရင်းသား လူမျိုးများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ညီလာခံမှ ချမှတ်ထားသော လမ်းပြမြေပုံ (၆) ရပ်ကို ပြန် လည် သုံးသပ် သွားခဲ့သည်။
သူမ၏ သုံးသပ်ချက်ထဲတွင် အစိုးရသည် သတင်း မီဒီယာကို လက်နက်သဖွယ် အသုံးပြုနေကြောင်း၊ ဤသို့ကြောင့် တိုင်း ရင်းသားများ ဘက်၌လည်း သတင်း မီဒီယာများ၏ မေးမြန်ချက်များကို ဖြေကြား ပေးရန် လိုအပ်ကြောင်း ပြောကြားသွားပါ သည်။
“အစိုးရရဲ့ လမ်းပြမြေပုံရဲ့ အချုပ်က ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံ တွင်းမှာ ရှိတယ် ဆိုတာ တွေ့ရတယ်။ အဲဒီ ဖွဲ့စည်းပုံကို ပြင်ဆင် နိုင်မှ ဖြစ်မယ် ဆိုတာ သိရတယ်” ဟု တက်ရောက် ဆွေးနွေးသူ တဦးက ဆိုပါသည်။
ထိုပညာရှင်သည် ပြည်ပရောက် တိုင်းရင်းသား ညီလာခံမှ ရေးဆွဲထားသော လမ်းပြ မြေပုံထဲ၌ ချက် (၄) သည် အစိုးရဘက်မှ လက်ခံနိုင်ဖွယ် ရှိနိုင်မည် မဟုတ်ဟု သုံးသပ် သွားပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2195-2012-10-05-08-15-49.html
“သူတို့ ဘယ်လက်ခံမှာလဲ တိုင်းရင်းသား ညီလာခံ ဖြစ်မြောက်ခဲ့လျှင် ကျနော်တို့ ဘက်က ပြည်တွင်းထဲက နောက်ထပ် အင်အား တဝက်ခန့်ကို ရရှိမယ်လေ။ အဲတာကြောင့် ဒီအချက်ကို အစိုးရဘက်က လက်မခံဘူးဆိုတာ သေချာတယ်” ဟု တအာင်း ကိုယ်စားလှယ် တစ်ဦးက ပြောပါသည်။
Gho_3ooo00အမေရိကန် မဟာဗျူဟာ ရေးဆွဲရေး ပညာရှင် Kristian Gould သည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့နှင့်လည်း တွေ့ဆုံဆွေး နွေးရန် ရှိသလို အစိုးရ ဖက်ကလည်း ဖိတ်ခေါ် ထားသည်ဟု သူမက ဆိုခဲ့ပါသည်။
မြန်မာ့ ငြိမ်းချမ်းရေးသည်၊ ဖက်နှစ်ဖက် စလုံးမှ စစ်မှန်သော စေတနာကို အခြေခံပါက ခက်ခဲမှု မရှိနိုင်ကြောင်း ၊ အစိုးရဖက်က အဓိက တာဝန်ရှိပြီး အပြောတခြား အလုပ်တခြားဖြင့် အမြတ်ထုတ် နေပါက ဘယ်လိုမှ ဖြေရှင်း နိုင်လိမ့်မည် မဟုတ်ကြောင်း၊ ဤအခြေအနေ ဖြစ်နေအောင်လည်း အစိုးရကသာ ဖန်တီးနေသည်သာ ဖြစ်ကြောင်း ဝေဖန်သူများက ဆိုနေကြ ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2211-2012-10-08-14-49-59.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India