October 12, 2012

KNU စစ်ဦးစီးချုပ် သတင်းစာရှင်းလင်းပွဲ အစီအစဉ် ဖျက်သိမ်း

စံခလပူရီ (မဇ္စျိမ) ။        ။ ကရင် အမျိုးသား အစည်းအရုံး KNU မှ ထိပ်တန်းခေါင်းဆောင် သုံးဦး ထုတ်ပယ်ခြင်း၊ ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်း ကိစ္စတို့နှင့် ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်၍ အောက်တိုဘာလ ၁၃ ရက်နေ့၌ မြဝတီမြို့၌ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ရန် ကနဦး စီစဉ်ထားသော်လည်း ပြန်လည် ဖျက်သိမ်း လိုက်ကြောင်း KNU ၏ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒို အော်မော်အေး ပြောသည်။

“ကျနော်တို့ ဗဟိုကော်မတီတွေ ပြန်လည်ညှိနှိုင်းကြတော့ ပြေလည်မှု ပြန်လည် ရရှိပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ အစီအစဉ်ကို ဖျက်လိုက်တယ်” ဟု မဇ္စျိမကို ပြောသည်။

ပထမ၌ KNU ဗဟိုအလုပ်မှုဆောင် ကော်မီတီ အချင်းချင်း ညှိနှိုင်းခဲ့ကြစဉ် သဘောတူညီမှု မရသဖြင့် ဗဟိုကော်မီတီ သို့ လွှဲအပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ KNU အဖွဲ့အတွင်း ဖြစ်ပေါ်နေသည့် လိပ်ခဲတည်းတည်း ပြဿနာရပ်များအား ယခုလအတွင်း အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေးတရပ် ခေါ်ယူကာ ဆုံးဖြတ် လုပ်ဆောင်ကြရန် ရှိကြောင်းနှင့် ၎င်းမှတဆင့် ကွန်ဂရက် အထိ ၎င်းကိစ္စရပ်အား ပြန်လည် ဆွေးနွေးကြမည် ဖြစ်ပြီး သည့်နောက်မှ သတင်းစာ ရှင်းလင်းပွဲ ထပ်မံ ပြုလုပ်ရန် လျာထားကြောင်း သိရှိရသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်၊ တွဲဖက် အတွင်းရေးမှူး (၂) လည်းဖြစ် ဗဟို တရားရေးဌာန တာဝန်ခံ ဗဒိုဒေးဗစ်ထော တို့အား ထုတ်ပယ်လိုက်သည့် ကိစ္စနှင့် စပ်လျဉ်း၍ ဆက်တိုက် ဖြစ်ပေါ် လာသည့် ပြဿနာများကို သင်ပုန်းချေကြကာ ပြန်လည် ညီညွတ်ရေးအပေါ် ဦးတည် လုပ်ဆောင်ကြရန်လည်း အောက်တိုဘာလ ၉ ရက်နေ့က မဲဆောက် နေအိမ်၌ ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့စဉ် မူတူးစေးဖိုး က ပြောကြားခဲ့သည်။

အဆိုပါ အင်္ဂါနေ့ ဆွေးနွေးပွဲသို့ တပ်မဟာ ၁၊ ၄၊ ၃၊ ၆၊ ရ မှ တပ်မဟာမှူးများနှင့် သထုံခရိုင်၊ ဘိတ်/ထားဝယ်ခရိုင်၊
မော်လမြိုင်ခရိုင် (ဒူးပလာယာ)၊ ဘားအံခရိုင်မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ စုစုပေါင်း ၃ဝ နီးပါးခန့် တက်ရောက်ခဲ့ကြ
ကြောင်း သိရှိရသည်။

ထို့ပြင် ပြည်တွင်း ပြည်ပမှ ကရင်အဖွဲ့အစည်းများ၊ ကရင်လူမျိုးများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၊ မဟာမိတ် အဖွဲ့အစည်းများကလည်း KNU အတွင်း သွေးကွဲမှု မရှိဘဲ ပြန်လည် ညီညွတ်ကြရန် စာဖြင့်လည်းကောင်း တယ်လီဖုန်း
ဖြင့် လည်းကောင်း ဆက်သွယ်၍ အားပေးခဲ့မှုများ ရှိခဲ့သည်။

“ကွဲစေချင်လားလို့ မေးလာရင် ဘယ်သူမှ မကွဲ စေချင်ဘူး။ ညီညွှတ် စေချင်လားလို့ မေးရင် ညီညွတ်စေချင်တယ်လို့ပဲ
ပြောရမယ်လေ။ ကျနော်တို့ KNU ကြီးကို မကွဲစေချင်ဘူး။ တောင်ကလေး ဆရာတော် ဦးပညာသာမိတို့၊ ကျမ်းစာ
ကျောင်းအုပ် ဒေါက်တာ ဆိုင်းမွန်တို့၊ ကိုထွန်းအောင်ကျော်တို့၊ ALP ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်တို့ ကျနော်နဲ့ တွေ့ပြီး
ပြည်လည်ပေါင်းစည်းဖို့ ညီညွတ်ကြဖို့ ပြောတယ်။ အဲဒီ ဖိအားတွေလည်း ကျနော်တို့ ဗဟိုကော်မီတီတွေပေါ်မှာ အများကြီး ရှိတယ်” ဟု ဗဒို အောင်မော်အေး က ပြောသည်။

အဖွဲ့အတွင်း ဖြစ်ပေါ်ခဲ့သော ပြဿနာရပ်သည်လည်း ဗဟိုဦးစီးအဖွဲ့၏ နိုင်ငံရေး ဦးဆောင်မှု အားနည်း၍ ဖြစ်သည်ဟု အခြားနိုင်ငံရေး အဖွဲ့အစည်းများမှ သုံးသပ် ရှုမြင်ကြောင်း ဗဒို အော်မော်အေး က ဆိုသည်။

ဘားအံမြို့၌ KNU ၏ ဗဟိုအဆင့် ဆက်ဆံရေးရုံးကို စစ်ဦးစီးချုပ်နှင့်အဖွဲ့ သွားရောက် ဖွင့်လှစ်ခဲ့စဉ် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ဗိုလ်မှူးကြီး ဂျော်နီကိုယ်တိုင် တွဲဘက်အတွင််းရေးမှူး (၁) ဖဒိုလှငွေ ထံ ကိုယ်တိုင် သွားရောက် ၌ ပြဿနာအား အဖွဲ့အစည်းအတွင်း ရှင်းရန်နှင့် ထုတ်ပြန်ချက် တစုံတရာ ထုတ်ပြန်ခြင်း မပြုသေးရန် တောင်းပန်
ပြောဆိုခဲ့ပြီး ဗဒို အော်မော်အေး ကလည်း ဗဟိုရုံးချုပ်အား ထိုကိုယ်စားလှယ် အဖွဲ့များ ပြန်ရောက်လာသည့်အထိ
စောင့်ဆိုင်း၍ ပြန်လည်ညှိနှိုင်း လုပ်ဆောင်ကြရန် ပန်ကြားထားသော်လည်း ခေါင်းဆောင် သုံးဦးအား တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း ဖဒိုစောလှငွေ လက်မှတ်ဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ဗဟို အလုပ်မှုဆောင် ကော်မီတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခဲ့ခြင်း
ဖြစ်သည်။

အောက်တိုဘာလ ၁ဝ ရက်နေ့ကလည်း အထွေထွေ အတွင်းရေးမှူး နော်စီ ဖိုးရာစိန် လက်မှတ်ဖြင့် KNU ခေါင်းဆောင် များ၊ ကရင်အမျိုးသား အားလုံးနှင့် ပြည်တွင်း ပြည်ပ ကရင် အဖွဲ့အစည်း အားလုံးသို့ လိပ်မူ၍ ကြေညာချက်တစောင် ထုတ်ဝေခဲ့သည်။ KNU အတွင်း လက်ရှိ တာဝန်ယူနေသူ အားလုံးမှာလည်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလား
ကြောင်းနှင့် အစိုးရနှင့် ဆက်လက်တွေ့ဆုံကာ ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် ဆက်လက် ကြိုးပမ်းသွားမည်ဟု ကရင်ဘာသာဖြင့် ရေးသား ထုတ်ပြန်ထားသည်။

ထို့ပြင် KNLA တပ်မတော် အနေနှင့်လည်း KNU မှ ချမှတ်ထားသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ
နှင့် လမ်းစဉ်များကို လိုက်နာရမည် ဟူလည်း ဖော်ပြပါရှိသည်။

ထိုစာနှင့် စပ်လျဉ်း၍ နော်စီ ဖိုးရာစိန်အား မဇ္စျိမမှ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

လက်ရှိ တာဝန်ယူထားသည့် ဗဟို ကော်မီတီ၊ ဗဟို အလုပ်အမှုဆောင် ကော်မီတီ များကိုလည်း လာမည့် ကွန်ဂရက်၌
ပြန်လည် ရွေးချယ်ရန် ရှိပြီး အများစုဆန္ဒ ဒီမိုကရေစီ နည်းလမ်းဖြင့်သာ ကွန်ဂရက် ရလဒ်အတိုင်း ပြန်လည် ရွေးချယ် သွားမည် ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/10243-knu----.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India