ကရင်အမျိုးသားထု တရပ်လုံးရဲ့ ညီညွတ်ရေးကို ရှေ့ရှူ တဲ့ အနေနဲ့ အခုလို ကြေအေးလိုက်ကြတာပါ။ ပြဿနာ အရင်းခံကတော့ ကရင်ပြည်နယ် ဘားအံမြို့မှာ KNLA တပ်မဟာများ ဆက်ဆံရေးရုံးဖွင့် တဲ့ ကိစ္စ အပေါ်မှာ KNU ခေါင်းဆောင်ပိုင်း အကြား သဘောထား ကွဲရာက KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဗိုလ်ချုပ်ကြီး မူတူးစောဆေး၊ ဖဒို စောဒေးဗစ်ထော နဲ့ ဗိုလ်မှူးကြီး ရောဂျာခင် တို့ကိုအဖွဲ့က ထုတ်ပစ်တဲ့ အထိ အခြေအနေ တင်းမာသွားတာပါ။
တဖက်မှာ လည်း ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ တပ်မဟာ ၃ ဆက်ဆံရေးရုံး၊ ထားဝယ်မှာ တပ်မဟာ ၄ ဆက်ဆံရေးရုံး နဲ့ မြဝတီမှာ တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ ဆက်ဆံရေး ရုံးတွေ ဖွင့်ထားပြီ ဖြစ်တဲ့ အတွက် နောက်ကွယ် မှာ နက်နဲတဲ့ အကြောင်းအရာတွေ ရှိနိုင်တယ် လို့ အကဲခတ် တွေ ကလည်းသုံးသပ် နေကြပါတယ်။
KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး ကိုတော့ ဘယ်နေရာ မှာ ဘယ်နေ့ ကျင်းပမယ် ဆိုတဲ့ အကြောင်း ကိုတော့ ထုတ်ဖေါ်ပြောခြင်း မရှိသေးပါဘူး။ ဒါပေမယ့် သတင်းစာ ရှင်းလင်းပွဲ မပြုလုပ်တော့ ဘူးလို့ ဖဒိုမန်းငြိမ်းမောင် က ဘီဘီစီ ကိုပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2012/10/121011_knu_reconcile.shtml