October 12, 2012

သိန်းစိန်-အောင်မင်းဂိုဏ်းရဲ့ အကြံအဖန်လှိုင်း အလိမ်အညာမှိုင်းကို ဒေါက်တာစင်သီယာမောင်က ဖွင့်ချခြင်း

မြန်မာနိုင်ငံပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် မယ်တော်ဆေးခန်းဝန်ထမ်းအဖွဲ့တို့ တွေ့ဆုံမှုအပေါ် သဘောထားထုတ်ပြန်ကြေညာချက်

အနှစ်ချုပ်

ဇွန်လနှင့် သြဂုတ်လများတွင် သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီး (တွေ့ဆုံစဉ်က မီးရထားဝန်ကြီး) ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင် အပါအဝင် အခြားသော မယ်တော်ဆေးခန်း ဝန်ထမ်းအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။ ဝန်ကြီးနှင့်အဖွဲ့သည် မယ်တော်ဆေးခန်းသို့လည်း အလည်အပတ် လာရောက်ခဲ့ပြီး ပြုလုပ်ခဲ့သော အစည်းအဝေးများသည် အလွတ်သဘောသာဖြစ်ခဲ့သည်။ သို့သော်လည်း ဒေါက်တာစင်သီယာမောင်သည် ဦးအောင်မင်းအဖွဲ့နှင့် ဆွေးနွေးလိုသည့် အဓိကအကြောင်းအရာ ၃ ချက်ကို ရှင်းလင်းတင်ပြခဲ့သည်။

- ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၏ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လာအောင် ပြုလုပ်ရန်၊ အထူးသဖြင့် မြဝတီဆေးရုံ၊ မယ်တော်ဆေးခန်းနှင့် မဲဆောက်ဆေးရုံကြား လူနာလွဲပြောင်းမှုစနစ် (Referral System) လိုအပ်နေမှု။

- ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာပြည်သား မိဘများမှ မွေးဖွားလာသော ကလေးသူငယ်များ နိုင်ငံမဲ့ဖြစ်နေမှုအပေါ် ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများ ရှာဖွေချမှတ်ရန်၊ အထူးသဖြင့် မြန်မာနိုင်ငံသား မိဘများမှ မယ်တော်ဆေးခန်းနှင့် မဲဆောက်ဆေးရုံတို့တွင် မွေးဖွားခဲ့သော ကလေးသူငယ်များ၏ နိုင်ငံသားခံယူခွင့်ရရှိရန် လိုအပ်နေမှု။

- ထိုင်း-မြန်မာနယ်စပ်ဒေသအတွင်းရှိ ကျန်းမာရေး၊ ပညာရေး၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေကြသူများအတွက် ၎င်းတို့၏ သက်ဆိုင်ရာ နယ်ပယ်အလိုက် တတ်ကျွမ်းမှုများအပေါ် တရားဝင် အသိအမှတ်ပြုမှုရရှိရန် လိုအပ်နေမှု။

ဤအချက် ၃ ချက်ကို ဆွေးနွေးအဖြေရှာမှုများ ပြုလုပ်နိုင်ခြင်း မရှိသေးသည့်အပြင် အစိုးရကိုယ်စားလှယ် ဦးအောင်မင်းအဖွဲ့မှ သတင်းဌာနများသို့ ဒေါက်တာစင်သီယာမောင် မြန်မာပြည်တွင် ဆေးရုံ ပြန်လည် ဖွင့်လှစ်မည်ဟု အဓိပ္ပာယ်သက်ရောက်စေသည့် တရားဝင်မဟုတ်သည့် ညွှန်းဆိုပြောကြားမှုများ ပြုလုပ်ခဲ့သည်။ အကျိုးဆက်အားဖြင့် အများပြည်သူများအကြား နားလည်မှုလွဲမှားခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည်။

ဒေါက်တာစင်သီယာမောင်သည် မြန်မာပြည်အတွင်းတွင် တရားဝင် ဆေးရုံတည်ထောင်ရန် ရည်ရွယ်ချက် လုံးဝမရှိသေးပေ။ ထို့ပြင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ (ethnic health organisations) နှင့် လူထုအခြေပြုလူမှုအသင်းအဖွဲ့များ (community-based organisations) ၏ ကျန်းမာရေးလုပ်ငန်းများ အပါအဝင် ရှိထားပြီးသော ကျန်းမာရေးအဆောက်အအုံများကို အရည်အသွေးတိုးမြှင့်ပေးရန်နှင့် ပိုမိုခိုင်မာလာအောင် ပြုလုပ်ရန် အစိုးရတွင် အဓိကတာဝန်ရှိသည်ဟု မယ်တော်ဆေးခန်းမှ ခံယူထားသည်။ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များနှင့် လူထုအခြေပြုလူမှုအသင်းအဖွဲ့များ၏ ရှိပြီးသား ကျန်းမာရေးဝန်ဆောင်မှုပစ္စည်းများနှင့် နယ်လှည့်ကျန်းမာရေးအဖွဲ့များမှတဆင့် ရရှိထားသော အတွေ့အကြုံများ၊ အများလက်ခံယုံကြည်မှုများနှင့် လုပ်နိုင်ခွင့်များသည် ထိရောက်ပြီး ပြည့်စုံသော ကျန်းမာရေးစောက်ရှောက်မှုစနစ်တခု တည်ဆောက်ရာတွင် မရှိမဖြစ် လိုအပ်သည့် အရာများဖြစ်သည်။ သို့မှသာ မြန်မာပြည်သားများ “အားလုံးအတွက် ကျန်းမာရေး” (Health for All) ထောက်ပံ့ပေးခြင်း ဆိုသော ရည်ရွယ်ချက် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ဤရည်ရွယ်ချက်ကို တိုင်းရင်းသားဒေသများတွင် စတင်အကောင်အထည်ဖော်ရန် လေးနက်သော ဆွေးနွေးမှုများ ယနေ့အချိန်အထိ မရှိသေးပေ။ အထူးသဖြင့် တိုင်းရင်းသားဒေသ အများအပြားတွင် ကျန်းမာရေးဝန်ဆောင်မှုများ ချဲ့ထွင်နိုင်ရန် ဆောင်ရွက်လျက်ရှိသော ဒေသတွင်း ကျန်းမာရေးဝန်ဆောင်မှုများကို အလေးထားအသိအမှတ်ပြု ထောက်ပံ့ပေးရမည်။ ဤဒေသတွင်း ကျန်းမာရေးဝန်ဆောင်မှုများသည် မြန်မာပြည်အတွင်းရှိ ထောင်ပေါင်းများစွာသော ပြည်သူများ၊ အထူးသဖြင့် ဝေးလံခေါင်ဖျားသော ကျေးလက်ဒေသများတွင် နေထိုင်နေကြသော တိုင်းသားလူမျိုးများအတွက် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်အောင် မဖြစ်မနေ ပ့ံပိုးပေးရမည်။ လက်ရှိတွင် အသုံးစရိတ် အလွန်နည်းပါးပြီး ဗဟိုချုပ်ကိုင်မှု အလွန်မြင့်မားသော အစိုးရကျန်းမာရေးစနစ်အောက်၌ တိုင်းရင်းသားဒေသများတွင် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးပေ။

ဒေါက်တာစင်သီယာမောင် တင်ပြသည့် အကြောင်းအရာသုံးချက်မှာ ထိုသို့သောအခြေအနေများကို ကိုင်တွယ်ရန် အခြေခံကျသော ကနဦးခြေလှမ်းများ ဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးတည်ဆောက်ရန် ကြိုးပမ်းမှုများ၊ မယ်တော်ဆေးခန်းဝန်ထမ်းများနှင့် အခြားမြန်မာပြည်မှ ကျန်းမာရေးလုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံဆွေးနွေးမှုများအပေါ် မယ်တော်ဆေးခန်းအနေဖြင့် ကြိုဆိုပါသည်။ ထိုသို့သော ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်မည့်အပြင် မြန်မာပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် စစ်မှန်သော လက်တွဲလုပ်ဆောင်မှုများ ရှိလာလိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။ မိမိတို့အနေဖြင့် ဒေသတွင်း စီမံမှုဗဟိုပြုသော (Community-managed) အခြေခံကျန်းမာရေးဝန်ဆောင်မှုနည်းစနစ်ကို ဆက်လက်ထောက်ခံ တောင်းဆိုသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ဆောင်မှု အခွင့်အလမ်းများကို ချဲ့ထွင်နိုင်ရန် မိမိတို့၏ မိတ်ဆွေအဖွဲ့အစည်းများ၊ မြန်မာပြည်အရှေ့ပိုင်းတွင် လုပ်ကိုင်လျက်ရှိသော တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ (EHOs)၊ မဲဆောက်ဆေးရုံ အပါအဝင် အခြားသော ထိုင်းနိုင်ငံကျန်းမာရေးဌာနများနှင့်အတူ ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်လိုပါသည်။ သို့သော် မယ်တော်ဆေးခန်းမှ အကြိမ်ကြိမ် တင်ပြခဲ့ပြီးဖြစ်သော အကြောင်းအရာ ၃ ချက်အတွက် အဖြေရှာနိုင်ရန် ထိုသို့တွေ့ဆုံဆွေးနွေးမှုများသည် တရားဝင်ဖြစ်ပြီး အများပါဝင်မှုရှိကာ တိကျသော ဆွေးနွေးချက် အကြောင်းအရာများ၊ ခိုင်မာပြီး အချိန်သတ်မှတ်ချက်ရှိသော အဆိုပြုချက်များ ပါဝင်ရပါမည်။ ဤကနဦးဖြစ်စဉ်ကို မိမိတို့ လူနာများနှင့် ဒေသခံရပ်ရွာလူထုအတွက် အကျိုးဖြစ်ထွန်းစေမည့် ခိုင်မာသော လုပ်ဆောင်ချက်များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။


အစည်းအဝေး အသေးစိတ်

ဇွန်လ ၂၆ ရက်နေ့တွင် ဒေါက်တာစင်သီယာမောင်သည် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့မှ နေ့လည်စာစားရင်း တွေ့ဆုံမှုပြုရန် ဖိတ်ကြားထားချက်အရ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Wattana Village Resort တွင် ဝန်ကြီးဦးအောင်မင်းနှင့် အလွတ်သဘော တွေ့ဆုံရန် သွားရောက်ခဲ့သည်။ အဆိုပါတွေ့ဆုံမှုသည် အလွန်တိုတောင်းခဲ့ပြီး ဒေါက်တာစင်သီယာမောင်မှ အဓိကအကြောင်းအရာ ၃ ချက်ကို ငြိမ်းချမ်းရေးအဖွဲ့ထံ တင်ပြနိုင်ခဲ့သည်။ ဇွန်လ ၂၇ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးခင်ရီ၊ Dawei Princess နှင့် Myanmar Egress ဦးဆောင်အဖွဲ့ဝင်များ အပါအဝင် ဦးအောင်မင်းနှင့်အဖွဲ့သည် မယ်တော်ဆေးခန်းသို့ အလည်အပတ် လာရောက်ခဲ့သည်။ ဤနှစ်ကြိမ်တိုင် တွေ့ဆုံမှုသည် အလွတ်သဘောသာ ဖြစ်ခဲ့သလို ဆွေးနွေးချက်များ အနည်းအကျဉ်းသာရှိခဲ့ပြီး တိကျသော ဆွေးနွေးမှုများနှင့် ခိုင်မာသော ရလာဒ်များ မရှိခဲ့သော်လည်း အလည်အပတ် လာရောက်မှုအပေါ် ဒေသခံမီဒီယာများ၊ အာရှဒေသတွင်း မီဒီယာများနှင့် နိုင်ငံတကာမီဒီယာများမှ အလုံးအရင်းနှင့် ပြန်လည်ဖော်ပြ အစီရင်ခံမှုများ ရှိခဲ့သည်။

ဝန်ကြီးဦးအောင်မင်းမှ ဇနီးဖြစ်သူ ဒေါက်တာဝေဝေသာကို မယ်တော်ဆေးခန်းသို့ အလည်လိုက်လာစေလို၍ အစိုးရအဖွဲ့၏ တောင်းဆိုမှုအရ သြဂုတ်လ ၅ ရက်နေ့တွင် အစည်းအဝေးတရပ် ကျင်းပခဲ့သည်။ ထို့ကြောင့် ဒေသတွင်း နယ်စပ်ဖြတ်ကျော် ပူးပေါင်းလုပ်ဆောင်မှုများအကြောင်း စတင်ဆွေးနွေးမှု ပြုလုပ်နိုင်ရန် ဒေါက်တာစင်သီယာမောင်မှ မြဝတီဆေးရုံမှ ဆရာဝန်များကိုပါ အစည်းအဝေးသို့ ဖိတ်ခေါ်ရန် တောင်းဆိုခဲ့သည်။ ဤအစည်းအဝေးသည်လည်း အလွတ်သဘောသာဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေးအဖွဲ့မှ ဖိတ်ကြားခဲ့သော တက်ရောက်သူများ၏ အခန်းကဏ္ဍကို ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။ ဇွန်လ ၂၆ ရက်နေ့တွင် တင်ပြခဲ့သော အဓိကအကြောင်းအရာ ၃ ချက်အပေါ် ဒေါက်တာစင်သီယာမောင်မှ ထပ်မံတင်ပြခဲ့သည်။ နေ့လည်ထမင်းစားချိန်အပြီးတွင် ဦးအောင်မင်းနှင့်အဖွဲ့မှ ၎င်း၏ဇနီးကို လာကြိုကာ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင်လည်း မီဒီယာများစွာမှ လာရောက်သတင်းယူနေခဲ့သည်။ ဤအလည်အပတ် လာရောက်မှုအပေါ် ဒေသခံ ထိုင်းအာဏာပိုင်များမှ များစွာသတိထား အာရုံစိုက်လာပြီး မေးခွန်းများစွာ မေးမြန်းလာခဲ့သည်။ ဒေါက်တာဝေဝေသာ၊ မြဝတီမှ ဒေါက်တာတဦး၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်တဦး၊ မဲဆောက်ဆေးရုံ ညွှန်ကြားရေးမှူးနှင့် မယ်တော်ဆေးခန်းတို့ တွေ့ဆုံဆွေးနွေးနိုင်ရန် အစည်းအဝေးတခုကို မယ်တော်ဆေးခန်းမှ စီစဉ်ပြုလုပ်ခဲ့သည်။ အောက်ပါ အဓိကအကြောင်းအရာ ၃ ချက်ကို ဖြေရှင်းနိုင်ရန် များစွာသော လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်မှာ ဆွေးနွေးမှုများအရ ထင်ရှားနေသည်။

လွှဲပြောင်းမှုစနစ်

မြဝတီဆေးရုံ၊ မယ်တော်ဆေးခန်းနှင့် မဲဆောက်ဆေးရုံတို့ တခုစီ၌ လက်ခံတာဝန်ယူပေးသော လူနာအရေအတွက်နှင့် တပ်ဆင်ထားရှိသော ပစ္စည်းကိရိယာများကို နှိုင်းယှဉ်ကြည့်သောအခါ မြန်မာအစိုးရ၏ ဆေးရုံကို အရည်အသွေး မြှင့်တင်ရန်နှင့် ပစ္စည်းကိရိယာများ ထပ်မံတိုးချဲ့ထားရှိရန် လိုအပ်နေသည်မှာ အထင်အရှားပင်ဖြစ်သည်။ လက်ရှိအချိန်တွင် မြဝတီဆေးရုံ၌ လူနာကုတင် ၅၀ သာရှိပြီး မွေးကင်းစကလေးငယ်များ စောင့်ရှောက်မှုအတွက် ပစ္စည်းကိရိယာများ မရှိပေ။ ကေ့စ် (case) အရေအတွက်ကို နှိုင်းယှဉ်ကြည့်ပါက မယ်တော်ဆေးခန်းမှ နှစ်စဉ် ကလေးငယ် ၃,၀၀၀ ခန့်ကို မွေးပေးပြီး မဲဆောက်ဆေးရုံမှလည်း နှစ်စဉ်ကလေးငယ် ၃,၀၀၀ ခန့်ကို မွေးပေးလျက်ရှိသည်။ မဲဆောက်ဆေးရုံမှ မွေးပေးသော ကလေးတဝက်နီးပါးမှာ မြန်မာပြည်သား ကလေးငယ်များ ဖြစ်သည်။ မြဝတီဆေးရုံမှ နှစ်စဉ် ကလေးငယ် ၁,၂၀၀ ခန့်ကိုသာ မွေးပေးခဲ့သည်။ မြဝတီဆေးရုံမှ ကုသမှုမပြုနိုင်သော လူနာများကို မယ်တော်ဆေးခန်း (သို့မဟုတ်) မဲဆောက်ဆေးရုံသို့ ပို့လွှတ်သည်။ ထို့သို့ ပို့လွှတ်သော်လည်း လူနာလွှဲပြောင်းမှု စာရွက်စာတမ်းများ မပေးပို့သည့်အပြင် ဆေးရုံဆးခန်းနှစ်ခုကြား နောက်ဆက်တွဲဆွေးနွေးမှုများလည်း မရှိပေ။ ထို့ကြောင့် ရပ်ရွာဒေသအတွင်း အဆင့်ဆင့် ချိတ်ဆက်လုပ်ဆောင်မှုများကို ခွင့်ပြုထားခြင်းမရှိသည်မှာ ထင်ရှားနေသည်။ ထိုင်းနိုင်ငံရှိ ဆေးရုံများနှင့် ဆက်သွယ်ရေး ပြုလုပ်ရာတွင် ဗဟိုမှတဆင့်သာ ပြုလုပ်နေရပြီး လပေါင်းများစွာအထိ ကြာမြင့်နိုင်သည်။

မွေးစာရင်း

ယနေ့အချိန်အထိ ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့သည် ဤပြဿနာအပေါ် အမှန်တကယ် နားလည်သဘောပေါက်ခြင်း မရှိပေ။ လက်ရှိအစိုးရ၏ စည်းမျဉ်းစည်းကမ်းများသည် နယ်စပ်ရှိ နိုင်ငံမဲ့ ကလေးငယ်များပြဿနာကို ဖြေရှင်းရာတွင် အတားအဆီးများစွာ ဖြစ်စေသည်။

ကျွမ်းကျင်ဝန်ထမ်းများကို တရားဝင် ထောက်ခံအသိအမှတ်ပြုမှု

ဒေါက်တာစင်သီယာမောင်သည် ထိုင်း-မြန်မာနယ်စပ်တွင် လက်ရှိကျင့်သုံးနေသော ကျန်းမာရေးလုပ်သားများအတွက် တရားဝင်အသိအမှတ်ပြုမှုစံနှင့် ၎င်းစံနှုန်းအဆင့်တခုစီတွင်ရှိသော ကျန်းမာရေးလုပ်သားများ ပံ့ပိုးပေးနိုင်သော ကျန်းမာရေးဝန်ဆောင်မှုအဆင့်များကို တင်ပြနိုင်ခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အတွင်းရှိ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ တင်ပြချက်အပေါ် အားရကျေနပ်မှုရှိခဲ့ပြီး ခိုင်မာသော လုပ်ငန်းအစီစဉ်များ (သို့မဟုတ်) အဆိုပြုချက်များ ရေးဆွဲချမှတ်မှုနှင့် နောက်ဆက်တွဲ လုပ်ငန်းအစီအစဉ်များ ချမှတ်ခြင်းအထိ မရှိခဲ့သော်လည်း ၎င်းကိစ္စအတွက် ဖြစ်နိုင်ခြေ ရှေ့ဆက် ချိတ်ဆက်လုပ်ဆောင်မှုအပေါ် မှတ်ချက်ပြုသွားခဲ့သည်။

နိဂုံး

မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ် တိုးတက်ကောင်းမွန်လာစေရေးအတွက် ချိတ်ဆက်၍ ပူးပေါင်းလုပ်ဆောင်ရန် မြန်မာနိုင်ငံအစိုးရ၏ ယခုကဲ့သို့ အစပြု ကမ်းလှမ်းလာမှုအပေါ် မယ်တော်ဆေးခန်းမှ ကြိုဆိုပါသည်။ သို့သော်လည်း ဤရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် ခိုင်မာသည့် ရလာဒ်များနှင့် တိုးတက်ဖြစ်ထွန်းမှုများ မရှိသေးပေ။ ဖြစ်စဉ် ရှေ့ဆက်ရွေ့လျားနိုင်ရန် မယ်တော်ဆေးခန်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် ဆက်လက်ဆွေးနွေးသွားရန် ဆုံးဖြတ်ထားသော်လည်း အောက်ပါအခြေအနေများတွင်သာ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။

- အနာဂတ်တွေ့ဆုံမှုများသည် တရားဝင်တွေ့ဆုံမှု ဖြစ်ရမည်။ ရှင်းလင်းစွာ ချမှတ်ထားသော တရားဝင် ဆက်သွယ်ရေးလမ်းကြောင်းများမှတဆင့် နှစ်ဦးနှစ်ဘက် သဘောတူညီထားသည့် ရှင်းလင်းသော အစည်းအဝေးအစီအစဉ် ရှိရမည်။

- လူနာများအတွက် လျှို့ဝှက်ထားရန် လိုအပ်မှုအပေါ် ရှေးရှု၍လည်းကောင်း၊ အရေးကြီးသော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အနှောက်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း အနာဂတ်အစည်းအဝေးများကို မည်သည့်အဖွဲ့၏ လွှမ်းမိုးမှုအောက်တွင်မှ မရှိသော ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ကြားနေ နေရာတခုတွင် ပြုလုပ်ရမည်။

- ထိုအစည်းအဝေးများအကြောင်းကို မီဒီယာများတွင် ပြန်လည်ဖော်ပြမှုနှင့်စပ်လျဉ်းပြီး မယ်တော်ဆေးခန်းမှ ကြိုတင်သဘောတူညီထားမှု ရှိရမည်။

- ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့မှ အနာဂတ် အစည်းအဝေးများ တက်ရောက်မည့်သူများသည် မယ်တော်ဆေးခန်းမှ တင်ပြထားသော အဓိကဦးစားပေး အကြောင်းအရာ ၃ ခုကို ကိုင်တွယ်ဖြေရှင်းရန် သင့်လျော်သော ကျောထောက်နောက်ခံနှင့် ရာထူးရှိသူများ ဖြစ်ရမည်။

- လုံခြံုရေးနှင့် ပွင့်လင်းမြင်သာရေးတို့ကို ရှေးရှု၍ အစည်းအဝေး တက်ရောက်မည့်သူများ၏ နောက်ခံသမိုင်းကြောင်းများနှင့် အစည်းအဝေးအတွင်း ၎င်းတို့၏ အခန်းကဏ္ဍနှင့်စပ်လျဉ်းသည့် အချက်အလက်များကို အစည်းအဝေး မပြုလုပ်မီ ကြိုတင်ဖလှယ်ထားရမည်။

- ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့အနေဖြင့် အနာဂတ်တွင် ပြုလုပ်မည့် အစည်းအဝေးများအတွက် ထိုင်းအာဏာပိုင်များထံမှ ကြိုတင်ခွင့်တောင်းမှု ပြုရမည်။ ကျန်းမာရေးဝန်ဆောင်မှုပေးသည့် မယ်တော်ဆေးခန်းအနေဖြင့် အဆိုပါ ကြိုတင်ခွင့်တောင်းမှု တောင်းဆိုရန် သင့်လျော်မှုမရှိပေ။

မယ်တော်ဆေးခန်းအနေဖြင့် အနာဂတ်ဆွေးနွေးမှုများသည် ဇွန်လ ၂၆ ရက်နေ့တွင် ဒေါက်တာစင်သီယာမောင်မှ တင်ပြခဲ့သော အကြောင်းအရာ ၃ ချက် အပါအဝင် အခြားသော မြန်မာပြည်သူများ နှစ်ပေါင်းများစွာ ရင်ဆိုင်နေရသော ပြဿနာအခက်အခဲများကို ဖြေရှင်းနိုင်မည့် ခိုင်မာသော ခြေလှမ်းများကို အစပြုပေးနိုင်လိမ့်မည့်ဟု မျှော်လင့်မိပါသည်။ နိုင်ငံတော်အစိုးရသည် ဤအခွင့်အရေးကိုယူ၍ မယ်တော်ဆေးခန်းနှင့် မြန်မာနိုင်ငံအတွင်းရှိ လူထုအခြေပြု လူမှုအသင်းအဖွဲ့များနှင့် စစ်မှန်သော ပူးပေါင်းမှုနှင့်အတူ လက်တွဲဆောင်ရွက်မှုများပြုလုပ်ကာ တိုင်းပြည်နှင့် ဒေသတွင်းရှိ ပြည်သူ့ကျန်းမာရေးကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် နောက်တဆင့် တွေ့ဆုံဆွေးနွေးရန် အခြေအနေသဘောထားနှင့် စပ်လျဉ်းပြီး မယ်တော်ဆေးခန်းအနေဖြင့် သမ္မတဦးသိန်းစိန်၊ ဝန်ကြီးဦးအောင်မင်းနှင့် ကျန်းမာရေးဝန်ကြီးတို့ထံသို့ တရားဝင် တောင်းဆိုမှု ပြုလုပ်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးပါတီများထံသို့လည်း မယ်တော်ဆေးခန်း၏ ရပ်တည်မှုအပေါ် အသိပေး အကြောင်းကြားသွားမည်ဖြစ်သည်။

အနာဂတ် တွေ့ဆုံဆွေးနွေးမှုများသည် ဇွန်လ ၂၆ ရက်နေ့ အစည်းအဝေးတွင် ဒေါက်တာစင်သီယာမောင် တင်ပြခဲ့သော ကိစ္စရပ်များအတွက် တိုးတက်ဖြစ်ထွန်းမှုများ ယူဆောင်လာပေးလိမ့်မည်ဟု မိမိတို့ မယ်တော်ဆေးခန်းမှ မျှော်လင့်ပါသည်။

မယ်တော်ဆေးခန်းသည် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်း၊ တိုင်းရင်းသားဒေသများတွင် အလုပ်လုပ်နေသော ကျန်းမာရေးလုပ်သားများအား လေ့ကျင့်သင်ကြားပေးခြင်းနှင့် ကလေးငယ်များကို ကာကွယ်ခြင်း၊ အထူးသဖြင့် နိုင်ငံမဲ့ဖြစ်မှုမှ ကာကွယ်ရန်အတွက် စည်ရုံးမှု လှုံ့ဆော်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နေသည့်အလျောက် ထိုသို့ မယ်တော်ဆေးခန်းက ဝန်ဆောင်မှုပေးနေသော လူထု၏ ဘဝများ တိုးတက်ကောင်းမွန်လာစေရေးအတွက် အထက်တွင် ဖော်ပြထားသော ကိစ္စရပ်များကို တိုးတက်အောင် လုပ်ဆောင်ရန် မရှိမဖြစ် လိုအပ်သည်။

တိုင်းရင်းသားဒေသများတွင် နေထိုင်နေကြသော ပြည်သူများမှ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ယုံကြည်မှု စတင်တည်ဆောက်နိုင်ရန် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ (Ethnic Health Organizations) နှင့် ပူးပေါင်းလုပ်ဆောင်မှုများကို အမြန်ဆုံး စတင်လုပ်ဆောင်သင့်ပါသည်။ စစ်ဒဏ်အတွင်း ကျရောက်နေသော တိုင်းရင်းသားဒေသများတွင် အများပြည်သူမှ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ပိုမိုယုံကြည်မှုရှိလာစေရန် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့၏ အဓိက လုပ်ဆောင်မှုအစီအစဉ်တခုအဖြစ် ထားရှိသင့်သည်။ ။

(ဂါမဏိ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)
http://drlunswe.blogspot.com/2012/10/blog-post_12.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India