တွေ့ဆုံပွဲတွင် CNF ဘက်က ဒေါက်တာရွှေခါး၊ ပူးရားလ်နှင်း၊ ဒေါက်တာ ဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်၊ ပူးဆော လမွန်၊ ဆလိုင်းပီတာလျန်၊ ကိုလှထွန်း၊ ကိုထက်နီ၊ ပူးရိုခေါမာ၊ ကိုခင်မောင်လေးနှင့် ပူးငိုင်ကြာထန်း တို့ပါ၀င်ပြီး၊ ချင်းပြည်နယ်အစိုးရဘက်မှ နယ်စပ်ဒေသ လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ပြည်နယ် အစိုးရ အတွင်းရေး မှူး၊ ပြည်နယ်ဥပဒေချူပ် နှင့် ဗျူဟာမှူးတို့ပါ၀င်ကြောင်းသိရသည်။
ဆွေးနွေးသည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး မသိရှိနိုင်သေးသော်လည်း ငြိမ်းချမ်းရေးအတွက် အလား အလာကောင်းမည် ဟု မျှော်လင့်ကြောင်း ချင်းပြည်နယ် သစ်တောဝန်ကြီး ဦးကျော်ငြိမ်းကပြောသည်။
“ အခြေအနေက မသိသေးဘူး ဆွေးနွေးတာ မပြီးသေးလို့ ပြန်မလာကြသေးဘူး၊ အလားအလားတော့ကောင်း မယ် လို့ကျနော်မှန်းထားပါတယ်” ဟု သူကပြောသည်။
ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မနက်ဖြန်တွင် အဆုံးသတ်မှာဖြစ်ပြီး ဟားခါးမြို့မိမြို့ဖများ နှင့် ဘာသာရေး ခေါင်းဆောင်များက CNF ကိုယ်စားလှယ်အဖွဲ့ နဲ့ ပြည်နယ် အာဏာပိုင် အဖွဲ့ကို ညစာစားပွဲ တည်ခင်းဧည့်ခံပြီး ဆုတောင်းပွဲတရပ်ပြုလုပ်သွားမည်ဟုလည်းသိရပါတယ်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပါ၀င်သော ချင်းအမျိူးသားပါတီ (CNP) က ယခုလို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံကြ သည့်အပေါ် ကြိုဆိုလိုက်ပြီး ထာဝရငြိမ်းချမ်းရေးအတွက် စိတ်ရှည်ရှည်နဲ့ကြိုးစားဖို့လိုကြောင်း ပါတီဥက္ကဌ ဦးဇိုးဇမ်ကပြောပါတယ်။
“ ကျနော်တို့ကတော့ ကြိုဆိုပါတယ်၊ တခုတော့ရှိတာပေါ့ဗျာ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ နေ့ချင်းည ချင်းတော့ ကျနော်တို့လိုချင်တဲ့ ပုံစံတော့ ချက်ချင်းတော့ဝင်ချင်မှဝင်မယ်။
KNG News