ဒီဆွေးနွေးပွဲဟာ ဒီကနေ့နဲ့ မနက်ဖြန် နှစ်ရက် ဆွေးနွေးမယ်လို့ သိရြပီး ဘာတွေ ဆွေးနွေးတယ်ဆိုတာတော့ အသေးစိတ်မသိရသေးပါဘူး။
အခုလ ၄ ရက်နေ့က ဟားခါးမြို့ကိုရောက်ရှိလာကြတဲ့ ချင်းအမျိုးသားတပ်ဦး ကိုယ်စားလှယ်အဖွဲ့ကို ဒေသခံချင်းပြည်သူ ထောင်ချီပြီး ကြိုဆိုခဲ့ကြပါတယ်။
၁၉၈၈ လူထုအုံကြွမှုအြပီး တည်ထောင်ပြီး စစ်အစိုးရကို လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦးဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အဖွဲ့ဝင်လည်းဖြစ်ပြီး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ်ဌာန်းခွင့်အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။