ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက်ကဌ ဖြစ်တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်တဲ့ အဖွဲ့တို့ဟာ မေလ ၂၁ ရက်နေ့ တနင်လာနေ့မှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်းမြို့မှာ နွစ္ဖက္တြေ့ဆုံ ဆြေးနြေးခဲ့ ကြတာ ဖြစ်ပါတယ်။
ဒီတြေ့ဆုံဆြေးနြေးမွုနဲ့ ပက်သက်ပြီး ကေအိုင်အို ဘက်ကတော့ အလွတ်သဘော တွဆေုံ့ မိတ်ဆက်တဲ့ အနေအထားပဲ ဖြစ်တယ်လို့ အစည်းအဝေးပွဲမှာ ပါတဲ့ ကေအိုင်အို အထွထွေေ အတွင်းရေးမှူး ဒေါက်တာ လဂျာက ဘီဘီစီကို ပြောပါတယ်။
နှစ်ဦးနှစ်ဖက် အနေနဲ့ တြေ့ဆုံဖို့ ျေပာဆို ဆြေးနြေးေပမယ့္လဲ ဘယ်အချိန် ဘယ်နေရာမှာ ပြုလုပ်မယ် ဆိုတာကိုတော့ တိတိကျကျ မသတ်မှတ်ရသေးဘူးလို့ ဒေါက်တာလဂျာက ပြောပါတယ်။
ဒီဆြေးနြေးပြဲကို မီးရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းအပြင် ဦးခင်ရီနဲ့ ဦးစိုးသိန်းတို့ ပါဝင်ပြီး ကချင်ပြည်နယ်က ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ ဦးလမိုင်ဂွမ်ဂျာ၊ ဦးခရာ ခွန်းအောင်တို့ ပါဝင် တက်ရောက်တယ်လို့ သိရပါတယ်။
ကေအိုင်အိုနဲ့ အစိုးရတို့ဟာ နှစ်ဖက်ကြား ငြိမ်းချမ်းရေး ရဖို့အတွက် အကြိမ်ကြိမ် တြေ့ဆုံ ဆြေးနြေးခဲ့ျကရာမွာ ဦးအောင်သောင်း ဦးဆောင်တဲ့ အရင် ငြိမ်းချမ်းရေးအဖွဲ့နဲ့ မတ်လ မှာ နောက်ဆုံး တွဆေုံ့ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သဘောတူညီချက် တစုံတရာ မရရှိခဲ့တဲ့အပြင်၊ တိုက်ပွဲတွဟော ဆိုရင် အရင်ကထက် ပိုမို ပြင်းထန်လာပြီး နေ့စဉ် ဖြစ်ပွားလာခဲ့ပါတယ်။
ဒါကြောင့် နောင်မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲတွမှောတော့ အစိုးရရဲ့ တပ်ပိုင်းဆိုင်ရာက အကြီးအကဲ ကိုယ်တိုင် ပါဝင်လာမှာ ဖြစ်တဲ့အတွက် ထင်သာမြင်သာရှိတဲ့ ဆြေးနြေးမွုတြေ ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဒေါက်တာလဂျာက ပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2012/05/120521_kio_gov.shtml