December 6, 2012
နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိဟု KIO က ပြော
“အခု ဘယ်တော့ ပြန်တွေ့ကြမယ်ဆိုတဲ့အပိုင်းမှာ ဦးအောင်မင်း သူ အစည်းအဝေးမှာ ပြောတဲ့အပိုင်းဘဲ ရှိတယ်။ အခု ပြန်တွေ့ဖို့က တကယ်လို့များ ဦးအောင်မင်းဘက်က ပြန်ပြီးတွေ့ရအောင်ဆိုရင်တော့ တွေ့ဖို့ အဆင်သင့်ပါ”ဟု သူက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံစဉ် KIO နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု
ပြုလုပ်ရန် တင်သွင်းပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တစ်လအတွင်း ပြန်လည်တွေ့ဆုံရန် ပြောဆိုခဲ့
သည်ဟုလည်း ဦးလနန်က မဇ္စျိမကို ပြောသည်။
“ကျနော်တို့ဘက်က ကန့်သတ်တဲ့ ဘောင်မရှိတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို အဲဒီနေ့မှာ စတင်ရအောင်ဆိုပြီး အဆိုတင်သွင်းခဲ့တယ်။ ပြောဆိုရမဲ့ အပိုင်းတွေ အားလုံး ကျနော်တို့ ပြင်ဆင်သွားခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ အဆိုတင်သွင်းတာကို သိတာနဲ့ သူက နောက်တခါဆွေးနွေးပွဲ ဘယ်လို လုပ်ကြမယ်ဆိုပြီး ပြောတော့ သူက နိုင်ငံရေး
ဆွေးနွေးမှု ပြန်အချိန်ဆွဲလိုက်တဲ့ ပုံစံဖြစ်သွားတယ်”ဟု သူက ဆက်ပြောသည်။
ဝန်ကြီး ဦးအောင်မင်းနှင့် KIO တို့ ပြန်လည်တွေ့မည့်အစီအစဉ်ကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်များက ဆက်သွယ်ခဲ့သော်လည်း နှစ်ဘက်လုံးက တရားဝင် အကြောင်းကြားလာခြင်း မရှိသေးဟု ငြိမ်းချမ်းရေး အကျိုးဆောင်
ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
“သူတို့(အစိုးရ)က ကေအိုင်အိုတွေဘက်က ဘယ်တော့ တွေ့မယ်ဆိုတာကို စောင့်နေတယ်လို့ ပြောတယ်။
ကေအိုင်အိုတွေဘက်မှာလည်း ရှေ့တန်းမှာ တိုက်ပွဲတွေက ဖြစ်ပွားနေတယ်ဆိုတော့ ဘာမှ မပြောလာသေးဘူး။ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်လာတယ်ဆိုတော့ ပြန်တွေ့ဖို့ကတော့ ဘယ်တော့လည်းဆိုတာ မပြောတတ်တော့ဘူး”ဟု သူက မဇ္စျိမကို ပြောသည်။
နှစ်ဘက် တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ ကချင်ပြည်နယ် ပန်ဝါမြို့နယ် တရုတ်-မြန်မာ နယ်ခြားမှတ်တိုင် ၆ နယ်မြေအတွင်း နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားနေကာ အစိုးရ၏ စစ်အင်အား စစ်ရဟတ်ယဉ်ဖြင့် ထပ်မံ ဖြည့်တင်းထားမှုများ ရှိနေသည်ဟု ဦးလနန်က ပြောသည်။
ယမန်နေ့က အစိုးရ၏ တပ်မ ၈၈ လက်အေက်ခံ ခြေမြန်တပ်ရင် တပ်ရင်း ခမရ ၁၃ တပ်ဖွဲ့များအား မြစ်ကြီးနားမြို့မှ ပန်ဝါဒေသဘက် အမြောက်လက်နက်ကြီးများ သယ်ဆောင်လာ၍ ယနေ့ နံနက် ၁၀ နာရီချိန်မှစ၍ လက်နက်ကြီး
များဖြင့် KIO ၏ရှေ့တန်းစခန်းများရှိရာသို့ ပစ်ခတ်မှုများ ရှိနေသည်ဟု ဦးလနန်က ပြောသည်။
“မနေ့က ဟတ်စကီ ခေါက်တုံ့ခေါက်ပြန်ဆို ရ စင်းလောက်ရှိတယ်။ ကျနော်တို့စခန်းရှိတဲ့ ဘက်မှာ ရှေ့တန်းစခန်းရုံး
တွေ ဖွင့်ပြီးမှ အခြေပြုနေကြတယ်။ သူတို့ဘက်က လက်နက်ကြီးနဲ့ ပစ်တော့ ကျနော်တို့ဘက်က ပြန်ပစ်ဖို့ လက်လှမ်း
မမီဘူး”ဟု ပြောသည်။
လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် အစုုိးရ၏ ခြေမြန်တပ်ဖွဲ့များ အင်အားတိုးမြင့်ချလာမှု ရှိလာမှ ခုခံ တိုက်ခံရန် စောင့်ကြည့်နေသည်ဟု သူက ဆိုသည်။ ထိုဒေသတွင် ယခု ဒီဇင်ဘာလ ၁ ရက်နေ့မှစတင် တိုက်ပွဲများ
နေ့စဉ် ဖြစ်ပွားနေရာမှ ယနေ့ ကြာသာပတေးနေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သူက မဇ္စျိမကို ပြောသည်။
“မနေ့တနေ့က ပို့ပေးတာက ခမရ ၂၆၀ ပို့ပေးတယ်။ မနေ့ကတော့ ခမရ ၁၃ ပို့ပေးတယ်။ ခုဒီနေ့ တပ်မ ၈၈ တပ်မမှူး ပန်ဝါဘက်ကို လေကြောင်းဖြင့် တက်ပြီး စစ်ဆင်ရေးကွပ်ကဲဖို့ အဆင်သင့်လုပ်နေကြတယ်”ဟု ဆက်ပြော
သည်။
အလားတူ ယခုလ ၃ ရက်နေ့က ဖားကန့်မြို့နယ် တနိုင်းကားမလမ်းမပေါ်ရှိ စစ်ကြောင်း တက်လာသဖြင့် ရှရုဇွပ်ကျေးရွာအနီး အစိုးရဘက်မှ လက်နက်ဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံ ရွာသားသုံးဦး ကျည်ဆံထိမှန်ကာ တဦးသေဆုံးသွားပြီး နှစ်ဦးမှာ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီမှ ကချင်ပြည်နယ် တာဝန်ခံ ဒေါ်ဘောက်ဂျာက ပြောသည်။
နမ္မတီး သို့မဟုတ် မြစ်ကြီးနားဘက်မှ အစိုးရ၏ စစ်ယဉ်တန်းများလည်း ထပ်မံ တက်လာမည်ဟု ဆိုကာ တနိုင်းကားလမ်းတလျှောက် လုံခြုံရေး တပ်များ စောင့်ကြပ်မှု ရှိနေသည်ဟု သူက မဇ္စျိမကို ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/10538--kio-.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။