December 6, 2012
ဒုတိယအကြိမ်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ခရီးစဉ်အတွင်း CNF ငြိမ်းခေါင်းဆောင် Pu Zing Cung ၏ တာထွက်မိန့်ခွန်း
ဒုတိယ အကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ခရီးစဉ်အတွင်း ဒီဇင်ဘာလ (၄) ရက်နေ့ ညနေ ၅ နာရီ ခန့် ကလေးမြို့၊ တာဟန်း၊ Chin Baptist Association Hall တွင် ပထမဦး ဆုံး ချင်းလူထု မိန့်ခွန်းဖြစ်သည်။
ပရိသတ်အားလုံးကိုယ်စိတ်နှစ်ဖျာကျန်းမာ၊ချမ်းသာကြပါစေကြောင်းနှုတ်ခွန်းဆက်သအပ်ပါတယ်။ ခရစ်တော်ရဲ့ မွေးရက် မြတ် မင်္ဂလာနေ့ရက် များနီးကပ်လာသည့်နည်း တူအယောက်ဆီ တိုင်း အပေါ် မှာ ငြိမ်သက်ခြင်း၊ဝမ်းမြောက်ခြင်း၊ ပျော်ရွှင် ခြင်းများနဲ့အတူ အယောက်ဆီ တိုင်းရဲ့ နှလုံး သား ထဲ မှာ ခရစ်တော် မွေးဖွားနိုင် ပါစေလို့ ဆုမွန်ကောင်း တောင်း ပါ တယ်
ဒီလိုအခွင့်ကောင်းတွေချပေးတဲ့ ဘုရားသခင်ရဲ့ဂုဏ်တော် ကိုချီးမွမ်းပါတယ်။ ဒီလို CNF ဥက္ကဌရဲ့ အထူးခရီးစဉ်နဲ့ CNF ရဲ့ ငြိမ်း ချမ်းရေးဆွေးနွေးရေး အဖွဲ့ ကိုဒီနေရာ မှာ ရှိနေကြတဲ့ ပြည်သူူတွေက ကြိုဆိုကြတဲ့ အပေါ် ဆွေးနွေးရေးအဖွဲ့ ကိုယ်စားအထူးကျေးဇူး တင်ရှိကြောင်းပြောကြားလိုပါတယ်။
ဒီလိုကြိုဆိုကြတာဟာ လူပုဂ္ဂိုလ်များကို ကြိုဆိုခြင်းမဟုတ်သလိုအဖွဲ့အစည်းကိုလည်း ကြိုဆိုတာ မဟုတ်ဘူးလို့ ကျနော်တို့ နားလည်ပါတယ်။ ချင်းအမျိုးသားတွေနဲ့ ချင်းပြည်သူတွေ ရဲ့ လွတ်လပ်မှု၊ အခြေခံအခွင့် အရေးတွေ ပြည့်ပြည့်ဝဝရရှိရေးနဲ့ ကိုယ့်ကြမ္မာ ကိုဖန်တည်းပိုင်ခွင့်ရှိရေးဆိုတဲ့ မိမိတို့ ယူဆောင်လာတဲ့ သတင်းစကားတွေ အတွက် သာလျှင် ဒီမှာစုရုံးပြီးတော့ ကြိုဆိုကြတာဖြစ်တယ်လို့ မိိမိတို့နားလည်ပါတယ်။ အဲဒီလိုစိတ် ဓါတ်မျိုးနဲ့ ကြိုဆိုတာကို လှိုက်လှဲစွာကြိုဆိုပါတယ်။
ဒီပုဂ္ဂိုလ်တွေဟာနာမကျန်းဖြစ်နိုင်တယ်။ သေနိုင်တယ်။ စိတ်ပြောင်းသွားနိုင်တယ်။ အနားယူနိုင်တယ်။ ဒါပေမဲ့ အခွင့်အ ရေးရရှိရေး တိုက်ပွဲဟာ ရှင်သန်မြဲ၊ ရပ်တည်မြဲဖြစ်မှာ ဖြစ်တဲ့အတွက် အဲဒီအမျိုး သားရေးရည်မှန်းချက်တွေအတွက် အယောက် တိုင်းမားမားမတ် မတ် ရပ်တည်ကြဖို့ တိုက်တွန်း လိုပါတယ်။
ဒီနေ့မှာကျနော်တို့တတွေဟာ HERO တွေမဟုတ်ပါဘူး။ ချင်းအမျုုိးသားတွေ၊ ချင်းပြည် သူတွေအ တွက် သူရဲကောင်း (HERO)တွေ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးတဲ့လူတွေရာချီရှိပါတယ်။ ဒီကနေ့ အပြောင်းအလဲတွေ ဟာမှန် ကန်တဲ့ပြောင်းလဲမှု မဟုတ် ခဲ့လို့်ရှိရင် မနက်ဖြန်မှာ၊ လာမဲ့ အနာဂတ်မှာထောင်ချီတဲ့ သူရဲကောင်းတွေပေါ်လာမယ် ဆိုတာ ကျနော်တို့ ရဲရဲကြီးပြောရဲ ပါတယ်။ဘာကြောင့် ဒီကနေ့ ဒီနေရာမှာ စုရုံးရောက် လာကြသလဲ?ဘာ့ကြောင့် ရန်ကုန် သွားပြီး တော့ ဆွေးနွေးဖို့လိုအပ်သလဲ? ဘာ့ကြောင့် အချင်းချင်းတိုက်ခိုက်ကြပြီး တော့ အပစ်အခတ် ရပ်စဲ ရေး လုပ်ဖို့လိုအပ်သလဲ? ဒါတွေအကြောင်းရင်းခံရှိပါတယ်။
ဒီကနေ့ မိမိတို့ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးကိုပြုလုပ်ခဲ့ကြတယ်။ မိမိတို့လိုချင်တဲ့ ငြိမ်းချမ်းရေးဟာစစ်မှန် ခဲ့ငြိမ်းချမ်းရေးဖြစ်တယ်။
ကမ္ဘာပေါ်မှာအဓိပ္ပါယ်မရှိဘဲနဲ့ဘယ်သူမှသွေးတစက်အထွက်ခံချင်ကြ တာမဟုတ်ဖူး။ တိုင်းရင်း သား ညီအစ်ကိုအားလုံး ချစ်ချစ်ခင်ခင်နဲ့နေချင်ပါတယ်။ မိမိတို့ ချင်းအမျိုးသားဖြစ်မှုကို အာမခံချက်မရ မချင်း၊ မိမိတို့နယ် မြေကိုလွတ်လွတ်လပ်လပ် မအုပ်ချုပ်နိုင်မချင်းစစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရတယ် လို့ပြောလို့ ရမှာမဟုတ်ဖူး။ ကုန်လွန်ခဲ့တဲ့ ကာလမှာအပစ်အခတ် ရပ်စဲရေးဟာ ငြိမ်းချမ်းရေးလို့ အစိုးရကခေါ်ပါတယ်။
ဒါဟာငြိမ်းချမ်းရေးအစစ်အမှန် မဟုုတ် ပါဘူး။ ခေတ္တာငြိမ်နေတာသာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ဖို့ ကမ်းလှမ်းတာ၊ လုပ်ဆောင် တာဟာ ငြိမ်းချမ်းရေး မဟုတ်ဖူး။
လွတ်လပ် မှုမရှိဘဲနဲ့၊ သူတပါးရဲ့ လက်အောက်မှာကျရောက်ပြိးတော့ ပျားရည်နဲ့ ပေါင်မုန့် နဲ့စားနေ တာထက် လွတ်လပ် မှု အပြည့်နဲ့ မြက်ခြောက် ကိုစားဖို့ ကျနော်တို့ရွေးရပါလိမ့်မယ်။ အရေးအကြီး ဆုံးကတော့ “အမျိုးသားစည်းလုံးညီညွတ်ရေး” ပါဘဲ။ပညာရှင်များကပြောကြပါတယ်။ “Unity is Strength” “စည်းလုံးခြင်းသည် အင်အား”။ အင်္ဂလိပ်တွေကျတော့ “United we Stand, Divided we fall” စည်းလုံးညီညွတ် လို့ရှိရင်း အတူတကွ ရပ်တည်မည်။
စိတ်ဝမ်းကွဲပြားလို့ရှိရင်ကျဆုံးခြင်းကိုရောက်ရှိမှာဖြစ် တယ်လို့ဆိုပါတယ်။ ကမ္ဘာပေါ်မှာအင် အားအရှိ ဆုံး လူမျိုးဟာချမ်းသာ တဲ့ တိုင်းပြည်မဟုတ်ဖူး၊ ပညာရှိတဲ့ လူတွေမဟုတ်ဖူး၊ စစ်လက်နက်ပစ္စည်း အများကြီးရှိ လု်ိ့လဲမဟုတ်ဖူး။ စည်းလုံးညီညွတ်မှု ရှိတဲ့၊ ချစ်ချစ် ခင်ခင် နေတဲ့၊ စိတ်ဓိတ်ခြင်းတူတဲ့ လူတွေဘဲဖြစ်တယ်။ဒီဒုတိယ အကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲမှာပထမအကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေးတုန်းကမပြီးပြတ်သေး တဲ့ ကိစ္စတွေ၊ ချင်းအမျိုးသားအရေးကိစ္စတွေ၊ စစ်တပ်ပိုင်း ဆိုင်ရာ ကိစ္စတွေ၊ လူမှုရေးနဲ့ ယဉ်ကျေးမှုကိစ္စတွေ၊ ဖွဲ့ဖြိုးရေး ကိစ္စတွေ ကိုဆွေးနွေးမှာဖြစ် ပါတယ်။
ဒီဆွေးနွေးပွဲတွေကနေတိုင်းရင်းသားတခုလုံးပါဝင်တဲ့ ဆွေးနွေးပွဲဆီကိုဦး တည်မှာဖြစ် ပါတယ်။ နိုင်ငံရေး အပြောင်းအလဲ ဟာ မြန်ဆန်နေပေမေလို့ သတိနဲ့ ကြို ဆိုကြဖို့ လိုလိမ့်မယ်။
တိုင်းရင်းသားလူမျိုးများရဲ့ တန်းတူမှု၊ ကိုယ်ပိုင်ပြဌါန်းခွင့် တွေကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး မ ရောက် ရှိသေးသရွှေ့ ပြီးပြည့်စုံတဲ့ အပြောင်း အလဲရောက်ရှိသေးမှာ မဟုတ်ကြောင်း၊ အဲဒီအထိရောက်ရှိနိုင်ရေး မှာအား လုံးရဲ့ အင်တိုက်အားတိုက် ပါဝင်မှု ဟာအထူး အရေးကြီးကြောင်းပြောကြားရင်းနဲ့နိဂုံးချုပ်ပါတယ်။
အားလုံးကိုဘုရားသခင်ကောင်ချီးပေးပါစေ။
http://khonumthungburmese.org/?p=956
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။