လူထုနှင့် တွေ့ဆုံဆွေးနွေးရာတွင် ချပြမည့် နိုင်ငံရေး ဆိုင်ရာ၊ အမျိုးသားရေးဆိုင်ရာ ရပ်တည်ချက်၊ ခံယူချက်များနှင့် ပါတ် သက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ ၉ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ကြ သည်။
“အလုပ်ရုံဆွေးနွေးပွဲကို ၃ ရက်ပြုလုပ်မှာဖြစ်တယ်၊ လူထုတွေ့ဆုံပွဲအတွက် Training for Trainer ပေါ့၊ အဲဒါ ပြီးယင် သုံး ဖွဲ့ခွဲပြီး ပြုလုပ်ကြမှာပါ” ဟု သတင်းနှင့် ပြန်ကြား ရေး အတွင်းရေး မှူး ပူး ငိုင်းကြားထန်းက ခိုနုမ်းထုန်ကို ပြောသည်။
ဆက်လက်ပြီး ယခု လူထုတွေ့ဆုံပွဲက အစိုးရနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက် အရ ပြုလုပ်မှာ ဖြစ်ကြောင်း ဆက်ဆိုသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ စီအဲန်အက်ဖ် လက်ရှိ ဥက္ကဌ ပူး လျန်အုပ်၊ ဥက္ကဌ ဟောင်း ဒေါက်တာ ဇလှေထန်း၊ အထွေ ထွေ အတွင်းရေးမှူးချုပ် ပူး ဇင်ကျုံးအပါအဝင် စီအဲန်အက်ဖ် ထိပ်ပိုင်းခေါင်းဆောင်များ၊ တပ်မတော်အရာရှိများ၊ အမျိုးသ မီးများ စုစုပေါင်း ၃၀ ခန့် ပါ၀င် တက်ရောက်ကြသည်။
အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက ပြည်သူ့တွေ့ဆုံပွဲပြုလုပ်ရခြင်း
ချင်းအမျိုးသားတပ်ဦး၏ ဥက္ကဌ ပူးလျန်အုပ်က အလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်း ပြောကြား ရာတွင်ဒီနေ့အချိန် ကာလ သည် အထူးအရေးကြီးသောကာလဖြစ်ကြောင်း၊ ခေါင်းဆောင်များ အနေဖြင့် အမျိုးသားရေး အတွက် လုပ်ဆောင် နေကြ သော ပုဂ္ဂိုလ်များဖြစ်သည့်အားလျော်စွ
ချင်းပြည်နယ် (၉)မြို့နယ်နှင့် မြို့နယ်ခွဲ (၃)ခုတွင် လူထုတွေ့ဆုံပွဲပြုလုပ်မည့် အစီအစဉ်၊ ကျေး လက်ဒေသများတွင် ပြုလုပ်မည့် အစီအစဉ်၊ ချင်းပြည်နယ်ပြင်ပဒေသနှင့် ပင်လယ် ရပ်ခြား ရောက် ချင်း အမျိုးသားများအတွက် တွေ့ဆုံပွဲပြု လုပ်ရေးနှင့် ချင်းပြည်သူလူထု၏ဆန္ဒကိုအခြေခံ၍ ချင်းအမျိုး သားညီလာခံတရပ် ကျင်းပ ရေးတို့ကိုတပါတည်း ဆွေးနွေးခဲ့ ကြသည်။
http://khonumthungburmese.org/?p=1903