ပြည်ထောင်စု အစိုးရနှင့် ဒုတိယ အဆင့်အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားပြီးသော ချင်းအမျိုး သား တပ်ဦးနှင့် ချင်းပြည်နယ် အစိုးရတို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ပထမဆုံးအကြိမ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးကြသည်။
အစည်းအဝေးကို ချင်းပြည်နယ် ဟားခါးမြို့လွှတ်တော်ခန်းမတွင် ပြုလုပ်ကြခြင်းဖြစ်ပြီး ချင်းပြည်နယ် ၀န်ကြီးချုပ် အပါအဝင်၊၀န်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်တရားသူကြီးအဖွဲ့များ၊ CNF အဓိပတိကောင်စီ ဥက္ကဌ အပါအဝင် စီအဲန်အက်ဖ် ခေါင်းဆောင်များ စုစုပေါင်း ၄၀ ခန့် တက်ရောက်ကြသည်။
အဓိက အစိုးရနှင့် စီအဲန်အက်ဖ် အကြား ငြိမ်းချမ်းရေး သဘောတူညီထားသည့် အချက်များတွင် ပြည်နယ် အစိုးရ နှင့် ပူးတွဲအကောင်အထည်ဖော်ရမည့် လုပ်ငန်း စဉ်များကို ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။
သဘောတူညီထားသည့် အချက်များဖြစ်သည့် အပစ်အခပ် ရပ်စဲရေး စောင့်ကြည့်လေ့လာရေးကိစ္စ၊ ချင်းလူ့ အခွင့်အရေး ကော်မရှင်ဖွဲ့စည်းရေး၊ စီးပွားရေးရုံးဖွင့် လှစ်ရေး၊ နိုင်ငံသားမှတ်ပုံတင်ကိစ္စ၊ ချင်းအမျိုးသားနေ့ ကိစ္စ အပြင် ချင်းပြည် နယ် တွင် UNHCR ရုံးခွဲထားရှိရေးကိစ္စများကို ဆွေးနွေးဖလှယ်ကြကြောင်း ထပ်မံသိရသည်။
ယခုလက်ရှိ ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးက ချင်းအမျိုးသားနေ့ကို တရားဝင်သတ်မှတ်ရန် နှင့် ချင်းပြည် နယ်တွင် ချင်းအမျိုးသားအခမ်းအနား သိုကဝန်ထမ်းများလည်း လွတ်လွတ်လပ်လပ် ပါ၀င်စေရန်ဆုံးဖြတ်ထားပြီး ကြောင်း လည်း ပြောကြသည်။
CNF သည် ယနေ့ တွင် ချင်းပြည်သူလူထုနှင့် Carson Hall တွင် လူထုရှင်းလင်းပွဲပြုလုပ်ခဲ့ကြပြီး ဟားခါး ချင်းပြည် သူလူထုမှ ဖျော်ဖြေဧည့်ခံပေးခဲ့ကြသည်။