မြန်မာ အစိုးရနဲ့ KIA ကချင် လွတ်လပ်ရေး အဖွဲ့ အကြား တွေ့ဆုံ ဆွေးနွေးမှု လုပ်ငန်းစဉ် အမြန်ဆုံး လုပ်ကြဖို့ အမေရိကန် အစိုးရက ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကချင်ဒေသက ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့အပြီးမှာ အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
အခုလို နိုင်ငံကြီး တနိုင်ငံက ကချင်ငြိမ်းချမ်းရေးအတွက် ကြေငြာချက်ထုတ် တိုက်တွန်းတာကို ကြိုဆိုတဲ့အကြောင်း KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ဘီဘီစီကို ပြောပါတယ်။
လတ်တလောမှာ အစိုးရဘက်က ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ ဒီဇင်ဘာလ ၁၃ ရက်က ကမ်းလှမ်း ထားပေမယ့် KIO ဘက်က အကြောင်း မပြန်နိုင်သေးတာဟာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေတဲ့အတွက် ဖြစ်တယ်လို့ ဦးလနန်က ပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2012/12/121220_kachin_us_dialogue.shtml