ဒူကထောင်ရပ်ကွက်တွင် ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်သည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ တပ်များအကြား တိုက်ပွဲများကြောင့် လူ့အခွင့်အရေးများ နည်းမျိုးစုံဖြင့် ချိုးဖောက်ခံနေရ၍
ပြည်သူလူထုအကြား တရားဥပဒေအရ ကူညီဆောင်ရွက်ပေးနိုင်ရန် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။
“တည်ငြိမ်အေးချမ်းမှု ပေးနိုင်ဖို့၊ ဥပဒေဆိုင်ရာ အရ လုံခြုံမှုပေးနိုင်ဖို့၊ လူထုတွေက လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးခံနေရတယ်။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ အကူအညီတောင်းလာရင် ကျနော်တို့ဘက်က တတ်နိုင်သလောက် ဥပဒေအရ ကူညီမယ်။ လူထုအကြား ဥပဒေဆိုင်ရာ ပညာရေး ဟောပြောမယ်” ဟု မဇ္စျိမကို
ပြောသည်။
မတရား တရားစွဲခံရသည့် လယ်ယာမြေ သိမ်းယူမှု၊ အမျိုသမီးများအား အဓမ္မ ပြုကျင့်မှုများ၊ မတရားဖမ်းဆီး
နှိပ်စက်ခံရသူများ၊ မတရား ဖမ်းဆီး အရေးယူ ခံရသူများဘက်မှ ရပ်တည်ပြီး အဖိုးခ မယူဘဲ လိုက်ပါဆောင်ရွက်ပေး
ရန် ရည်ရွယ်၍ အဆိုပါ ကွန်ယက်အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ဦးမာခါးက ပြောသည်။
“ရွာတွေ မီးရှို့၊ လူတွေကို သတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက်တယ်။ ခြိမ်းခြောက်တယ်။ အပြစ်မရှိသူတွေကို မတရားဖမ်းဆီး စွပ်စွဲပြီးတော့ ပြစ်ဒဏ်ချတယ်။ အဲဒီလို လူ့အခွင့်အရေး ချိုိးဖောက်ခံရမှုတွေကို ကူညီမယ်။ စစ်ပြေး ဒုက္ခသည်တွေ
လည်း သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရဘူး။ ဒါကြောင့် လူတွေအကြား တရားဥပဒေ ဆိုင်ရာတွေ သိရှိလာဖို့ ဒီအဖွဲ့ကို အမြန်ဆုံးဖွဲ့လိုက်တယ်” ဟု ဆိုသည်။
တရားဥပဒေဆိုင်ရာများ အရေးကြီးသော်လည်း လူထုအကြား ဥပဒေဆိုင်ရာများ သိရှိနားလည်မှု အားနည်းနေခြင်း
ကြောင့် ထိုအဖွဲ့အား အရေးတကြီး ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား ဥပဒေအရ ကူညီဆောင်ရွက်လိုသူများ အချင်းချင်းပညာပေး ညှိနှိုင်းဆွေးနွေး၍ တရားဥပဒေများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများကို တရားရုံးနှင့် တရားရုံးပြင်ပမှ ကူညီပေးနိုင်ရန် ရည်ရွယ်သည်ဟု သိရသည်။
သမ္မတ ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင်က ဇူလိုင်လအတွင်း ကချင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ပြီးနောက် ထိုဒေသများတွင် အစိုးရတပ်ဘက်မှရော KIO ဘက်မှရော လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဟု မှတ်ချက်ပြုထားသည်။
ကွန်ယက်ဖွဲ့စည်းခြင်း အခမ်းအနားတွင် ဆုတောင်းဝတ်ပြုမှု အပြင် အစိုးရစစ်တပ်မှ ဖမ်းဆီးနှိပ်စက်ခံရသူ တဦးက သူ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို သက်သေထွက်ဆိုသည့် စီအစဉ်တခုလည်း ပါဝင်ခဲ့သည်ဟု သိရသည်။
ကွန်ယက်တွင် မြစ်ကြီးနား၊ မိုးညှင်းနှင့် ရှမ်းပြည်နယ် မူဆယ်၊ လားရှိုး စသည့် မြို့နယ်များမှ တရားလွတ်တော်ရှေ့နေ ၂၀ ကျော်ဖြင့် စတင်ဖွဲ့စည်းလိုက်သည့် အခမ်းအနားသို့ ကချင်လူမှု အသိုင်း အဝိုင်းများ၊ ခရစ်ယာန် ဂိုင်းပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့နှင့် ရှေ့နေများ ကွန်ယက်က ယခုကချင်ဥပဒေကွန်ယက် ဖွဲ့စည်းမှုအပေါ် ကြိုဆိုကြောင်း သဝဏ်လွှာများ ပေးပို့လိုက်သည်ဟု ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။
“ကျနော်တို့ အမှုတွေကိစ္စရှိနေလို့ အခမ်းအနား မတက်နိုင်ဘူး။ ဒါက တိုင်းရင်းသားအရေး အပေါ်မှာ အခြေပြုပြီးတော့ လုပ်တာပေါ့။ ကျနော်တို့လည်း ဒါကို ထောက်ခံတဲ့သဘော သဝဏ်လွှာ ပို့ထားပါတယ်” ဟု ရှေ့နေများကွန်ယက်မှ ဦးအောင်သိန်း က ပြောသည်။
ရှေ့နေ ကွန်ယက်အနေဖြင့် ကချင်ပြည်နယ် မြောက်ပိုင်းအမှုများနှင့် ပတ်သက်၍ လုပ်ကိုင်ရန် အခက်အခဲ ရှိ၍ လိုက်ပါဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ နောက်ပိုင်း ညှိနှိုင်းရနိုင်မည်ဆိုပါက ပြည်နယ်အလိုက် ခွဲ၍ ဆက်လက်
လုပ်ဆောင်သွားရန် ရှိသည်ဟု မဇ္စျိမကို ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/10545-2012-12-08-09-46-48.html