အပစ်ရပ်ဖို့ သမ္မတ ဦးသိန်းစိန် ပြောပြီးနောက်ပိုင်း အစိုးရတပ်တွေဘက်က စခန်းသိမ်း တိုက်ပွဲတွေ အတော်များများ လုပ်ခဲ့ကြောင်း၊ အစိုးရဘက်က အသာစီးရနေတဲ့ အခြေအနေမျိုးမှာ KIA ဘက်က အပစ်ရပ်မိန့် ပေးဖို့ မဖြစ်နိုင်ကြောင်း ဦးလနန်းက ပြောပါတယ်။
နှစ်ဘက်အကြား ပြဿနာဟာ တွေ့ဆုံ ဆွေးနွေးပြီးမှ ပြေလည် နိုင်မယ့် ကိစ္စ ဖြစ်တာမို့ တွေ့ဆုံ ဆွေးနွေးမှုကတော့ လုပ်ကို လုပ်ရမှာ ဖြစ်ကြောင်း၊ အစိုးရဘက်က ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နေပါတယ်လို့ ပြောနေပေမယ့် စစ်မှန်တဲ့ လမ်းကြောင်းပေါ် မရောက်သေးဘူးလို့ ဆိုနိုင်ကြောင်း သူက ပြောပါတယ်။
ဒါပေမယ့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီဝင် ဦးအောင်မင်းတို့နဲ့ နှုတ်အားဖြင့် သဘောတူခဲ့တဲ့ Justice and Negotiation Centre ရုံးခန်းကို နှစ်ဘက် နယ်မြေ ကြားမှာ ရှိတဲ့ ပရမ်ငွန် ရွာမှာ ဖွင့်လှစ် လိုက်နိုင်တဲ့ ကိစ္စက နှစ်ဘက်အကြား ပြန်လည် တွေ့ဆုံ ဆွေးနွေးဖို့ လမ်းစ ဖြစ်တယ်လို့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်းက ဘီဘီစီကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရဟာ လက်နက်ကိုင်တပ်ဖွဲ့ ၁၁ဖွဲ့အနက် လက်နက်ကိုင် အဖွဲ့ ၁၀ဖွဲ့နဲ့ လောလောဆယ် ငြိမ်းချမ်းရေး ဆွေးနွေး ပြောဆိုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ဆက်စပ်အကြောင်းအရာများ
http://www.bbc.co.uk/burmese/burma/2012/10/121003_kia_fighting.shtml


Wednesday, October 03, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: