Tuesday, January 01, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသက လုံးခင်းနဲ့
တောမှော်ကျေးရွာအကြား အလယ်စခန်းမှာ အခြေစိုက်တပ်စွဲထားတဲ့ ကေအိုင်အေ
ပြည်သူ့စစ်တပ်ကနေ ဒေသခံတွေနဲ့ ခရီးသည်တင်ကားတွေဆီက အဓမ္မ
ငွေကြေးကောက်ခံနေတာတွေ ရှိတယ်ဒေသခံတွေက RFA ကိုပြောပါတယ်
Photo:RFA/Kyaw Myo Min
ကချင်ဒုက္ခသည်စခန်းတစ်ခုအတွင်းက ဒုက္ခသည်စခန်းတစ်ခုကို တွေ့မြင်ရစဉ်။
ဖားကန့်မြို့နဲ့ (၁၀)မိုင်ခန့် အကွာအဝေးမှာရှိတဲ့ အဲ့ဒီရွာက
ဒေသခံတွေဟာ မီးသွေးဖုတ်လုပ်ငန်းနဲ့ ထင်းခုတ်တဲ့လုပ်ငန်းတွေကို
အဓိကထားလုပ်ကိုင်နေကြပါတယ်။
ကေအိုင်အေ ပြည်သူ့စစ်တွေက မီးသွေးကားနဲ့ ထင်းတင်တဲ့ကားတွေကို
ကျပ်ငါးသောင်း ပေးဖို့ ကောက်ခံနေတာတွေရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အခုလို ငွေကြေးကောက်ခံနေတာတွေဟာ ပြီးခဲ့တဲ့ (၃)လကစပြီး ပြုလုပ်နေကြတာလို့
သိရပါတယ်။
http://www.rfa.org/burmese/news/kia-local-01012013120254.html
Posted in: ကချင်,ကချင်ဒေသ,ကချင်ဒေသအခြေအနေ,သတင်း
Email This
BlogThis!
Share to Facebook