“ စစ်ပစ္စည်းတွေ တင်လာတယ်ဆိုတာကို အတိအကျသိရလို့ ခွဲလိုက်တာပါ။ သူတို့က ကျနော်တို့ကို စစ်ဆင်ဖို့ လိုအပ် နေတဲ့ လက်နက်ကြီးတွေ လက်နက်ခဲယမ်းမီးကျောက်နဲ့ ရိက္ခာတွေ တင်လာတာဖြစ်တယ်။ အရပ်သား ရထားတော့ မဟုတ်ဘူး။ ဒါကြောင့် အရပ်သားတွေ ထိခိုက်မှု မရှိတာဖြစ်ပါတယ်။ ကျနော်တို့ကလည်း ဒီရထားမျိုးကို ခွဲပစ်ရမှာဘဲ။” ဟု ဆိုပါသည်။
မိုင်းဒဏ်ကြောင့် မန္တလေးမြို့ဟောင်း -မြစ်ကြီးနား ကုန်တင်ရထား အမှတ် (၉၃၇) ၏ စက်ခေါင်း DD-1137 လမ်းချော်ပြီး ကုန်တွဲသုံးတွဲနှင့် နားနေတွဲတစ်တွဲ တိမ်းမှောက်ခဲ့ကာ ကုန်တွဲတစ်တွဲ လမ်းချော်ခဲ့ပါသည်။ ဤသို့ကြောင့် ရထားစက် ခေါင်းမောင်း ဦးကျော်မြင့်၊ လက်ထောက ်ဦးနေလင်းထွန်းနှင့် လက်ထောက်စက်ခေါင်းမောင်း ဦးဉာဏ်ထွန်းတို့ ဒဏ်ရာ ရရှိခဲ့သည်။ ဒါဏ်ရာမှာ ပြင်းထန်မှုမရှိပေ။
ဤကဲ့သို့မိုင်းခွဲခံရသဖြင့် စစ်ပစ္စည်းများအချိန်မှီမရောက်ရှိသဖြင့် KIA ကို စစ်ဆင်ရန် ပြင်ဆင်နေမှုများလည်း ထိခိုက် လာဖွယ်ရှိမည်ဟု KIA ဖက်က ဆိုပါသည်။ စစ်ပစ္စည်းတင်ဆောင်လာသည့် အဆိုပါရထား ဖြတ်သန်းသွားစဉ် အချိန်တွင်လည်း တပ်ဖွဲ့လုံခြုံရေးမှတပါး အခြားမည်သူတဦးတယောက်မှ ဖြတ်သန်းသွားလာခွင့်မရှိစေရန် ကြပ်မတ်ထားခဲ့သည် ဟု KIA က ဆိုပါသည်။ ဤသို့ကြောင့် အရပ်သား ထိခိုက်မှု မရှိခြင်း ဖြစ်ပါသည်။
အဆိုပါကုန်တင်ရထား တိမ်းမှောက်သွားသဖြင့် လမ်းပိတ်ပြီး ခေတ္တ ရပ်နားနေရသော မန္တလေး -မြစ်ကြီးနား အစုန်အ ဆန်ရထားအချို့မှ ခရီးသည်များကို ရွှေ့ပြောင်းပေးသည့် နည်းဖြင့် ပို့ဆောင်သွားမည်ဟု မီးရထားဝန်ထမ်းများက ဆိုပါ သည်။ ရထားလမ်းကိုလည်း နက်ဖြန်၌ ပြန်လည်ပြုပြင်သွားမည်ဖြစ်ပြီး မန္တလေးဘူတာကြီးမှ မြစ်ကြီးနားရထားများ ကို လည်း ပုံမှန်အတိုင်း ထွက်ခွာစေမည်ဟု မီးရထားဝန်ထမ်းများက ခရီးသည်များကို ပြောကြားထားပါသည်။
http://phophtaw.org/burmese/index.php/news/local-news/2544-2012-12-21-11-35-59.html