အစိုးရငြိမ်းချမ်း ရေးကော်မီတီသည် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပုံစံကို (၂) ပိုင်း ခွဲထားလိုက်ပြီးဖြစ်ကြောင်း Myammar Peace Center ၌ ကျင်းပသော ချင်းအမျိုးသားတပ်ဦး CNF နှင့် ဆွေးနွေးစဉ် ပြည်ထောင်စု လုံခြုံရေးဝန်ကြီး ဦးအောင်မင်း က ပြောကြား သွားသည်ဟု ချင်းအမျိုးသားတပ်ဦး CNF တွဲဖက် အတွင်းရေးမှုုး ဒေါက်တာရွှေခါးက ပြောပါသည်။
“ကျနော်တို့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအဖွဲ့ တို့နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးမှာ မူဘောင်မရှိကြပါဘူး။ မည်သည့် အချက်အပေါ် ဆွေးနွေးမှာလဲ ဒါလဲ ချမှတ်ထားတာ သဘောတူထားတာ မရှိပါဘူး။ ဘယ်အချက်အပေါ် ဆွေး နွေးကြမှာလဲ ဆိုတာကိုလဲ အစိုးရဘက်က တခါမှမပြောခဲ့ပါဘူး။ ဒါပေမဲ့ ခုတော့ ပြောလာနေ ပြီး။ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပုံစံကို” ဟု ဆိုပါသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၇) ရက်နေ့က ကျင်းပသော ပြည်ထောင်စုအဆင့် အကြိုညှိနှိုင်းပွဲတွင် ၀န်ကြီးဦးအောင်မင်းက ပြောကြားသွားခြင်း ဖြစ်ပါသည်။
ဦးအောင်မင်းသည် အပစ်အခတ်ရပ်စဲထားသော အဖွဲ့များနှင့် နိုင်ငံရေးအရ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ဆွေးနွေး သည့်အခါ အဆင့်နှစ်ဆင့်ဖြင့် ကျင်းပပြုလုပ်သွားရန်လိုကြောင်း၊ ပထမအဆင့်မှာ အစိုးရနှင့်ဆွေးနွေးရာ၌ အစိုးရဘက်မှ ၂၀၀၈ အခြေခံဥပဒေ ဘောင်အတွင်း၌သာ ဆွေးနွေးသွားမည်ဖြစ်သဖြင့် ဤဘောင်အတွင်း၌သာ သဘောတူညီချက်ရယူ သွားရန်ဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေဘောင်ကို ကျော်လွန်သော ဆွေးနွေးမှုများကိုမူ ပင်လုံကဲ့သို့သော ပြည်ထောင်စုညီ လာခံတွင် တင်ပြဆွေးနွေးရန် ဖြစ်ကြောင်း ဦးအောင်မင်းက ရှင်းလင်းခဲ့ပါသည်။
ဦးအောင်မင်းတို့၏ ပြောင်းလဲလာသော သဘောထားအပေါ် CNF သည် “၂၀၀၈ အခြေခံဥပဒေကို ကျနော်တို့ လက်ခံမယ် ဆိုရင် ယခုလို တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်ရန် မလိုကြောင်း။ လက်နက်ကိုင် တိုက်ခိုက်နေရသည့် အကြောင်းရင်းသည် ယခုလက်ရှိ တည်ဆဲဥပဒေကို လက်မခံသည့် အတွက်ဖြစ်ကြောင်း၊ အစိုးရ၏ ပင်လုံကဲ့သို့သော တိုင်းရင်းသားညီလာခံ ဆိုတာဟာလည်း အချိန်ယူ စောင့်ကြည့်သွားရန် လိုအပ်တဲ့ကိစ္စဖြစ်ကြောင်း” ဒေါက်တာ ရွှေခါး ကပြောပါသည်။
ဦးအောင်မင်းသည် အစိုးရ၏ ပေါ်လစီအတိုင်း ပြောနေခြင်းဖြစ်ပါသည်။ အစိုးရ၏ ငြိမ်းချမ်းရေးပေါ်လစီသည် ပြည်နယ်အ ဆင့်ဆွေးနွေးပွဲ၌ အချက် ၅ ချက်သတ်မှတ်ထားပြီး ပြည်ထောင်စုအဆင့်၌ အချက် ၈ ချက်သတ်မှတ်ထားပါသည်။ ဤအ ဆင့်များကို ကျော်ပြီး ဦးအောင်မင်း၌ ပြောဆိုပိုင်ခွင့်မရှိနိုင်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွဲဖက်အတွင်းရေးမှုုး ခွန်ဥက္ကာ ကဆိုပါသည်။
http://www.president-office.gov.mm/briefing-room/orders/2012/05/03/id-523
“ ဦးအောင်မင်းရဲ့ အနေအထားက အဲဒါဘဲ ပြောခွင့်ရှိတယ်လေ။ အဲဒီဘောင်ထဲမှာဘဲ ပြောနေတာ ၊ အလွတ်သဘောဆိုရင် တော့ ပြောချင်တာပြော ဒီသဘော ပြောနေတာနဲ့ တူတယ်။ CNF နဲ့ပြောနေတာက အကြိုညှိနှိုင်းပွဲဆိုတော့ ပြောချင်ရာ ပြောနေတာနဲ့ တူပါတယ်” ဟု ” ဟု ဆိုပါသည်။
ထို့ပြင် UNFC အနေဖြင့် အဖွဲ့၏ချမှတ်ထားသည့် မူ (၆) ချက် အပေါ်၌သာ ရပ်တည်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဆိုပါ သည်။ ဤသို့ကြောင့် စည်းကမ်းသတ်မှတ်ထားခြင်းမရှိသည့် ဆွေးနွေးပွဲဖြစ်သည့်အတွက်ကြောင့် ပြည်ထောင်စုအဆင့် မဆွေးနွေးခင် နှစ်ဖက်ကြိုတင် ညှိနှိုင်းမှုများ ပြုလုပ်သွားရန် လိုအပ်သည်ဟု UNFC က ယူဆကြောင်း ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2195-2012-10-05-08-15-49.html
ဦးအောင်မင်းပြောနေသော ပင်လုံကဲ့သို့သော တိုင်းရင်းသားညီလာခံဆိုရာ၌လည်း ၁၉၉၂/၉၃ ခုနှစ်တုန်းက အစိုးရဖက်က တဖက်သတ်ခေါ်ယူ ကျင်းပပေးခဲ့သည့် အမျိုးသားညီလာခံ ပွဲမျိုး ဖြစ်လာမည်ဟု ယူဆနိုင်ပါကြောင်း ခွန်ဥက္ကာက ပြော သွားပါသည်။
နိုင်ငံရေးအကဲခတ်များကမူ ပြည်ထောင်စု လုံခြုံရေးဝန်ကြီး ဦးအောင်မင်းမှ အလွတ်သဘောပြောနေသည်ဟု ဆိုသော် လည်း ဤသည်မူလရည်ရွယ်ထားသည့် ရည်မှန်းချက်ကို ပွင်းပွင့်လင်းလင်း ထုတ်ဖေါ်ပြောဆိုခြင်းဖြစ်သည်။ အပစ်ရပ်တိုင်း ရင်းသားအဖွဲ့များအနေနှင့် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ 2008 အခြေခံဥပဒေအတိုင်းသာ မပြောင်းမလဲ ဘဲ ဆက်လက်အကောင်အထည်ဖေါ်သွားမည်ကို အတိအလင်းဖွင့်ဆိုခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ကြပါသည်။
http://phophtaw.org/burmese/index.php/news/local-news/2545-2012-12-21-12-47-21.html