ဒီဇင်ဘာလ ၂၁ရက်။ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ) ယခုကျင်းပပြုလုပ်သည့် ၁၅ကြိမ်မြောက် ကရင် အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ကွန်ကရက် တွင် ကေအဲန်ယူ၏ ဗဟိုခေါင်းဆောင်ကြီး ၅ဦးကို ယနေ့၌ လျှို့ဝှက်မဲပေး စနစ်ဖြင့် ရွေးချယ်တင်မြောက် လိုက်ပြီဟု သိရသည်။ အဆိုပါ အသစ်ရွေးချယ်ခံရသည့် ဗဟိုခေါင်းဆောင် ၅ဦးမှာ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူစေးဖိုး၊ ဒုဥက္ကဌ နော်စီဖိုးရာစိန်၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက် အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲနှင့် တွဲဖက်အတွင်းရေးမှူး (၂) မန်းမန်းမန်းတို့ဖြစ်သည်။ ယနေ့တွင် ကျန်ရှိသေးသည့် ကေအဲန်ယူ၏ ဗဟိုအလုပ်အမှုဆောင် ခေါင်းဆောင်များကို မရွေးချယ်ရသေးသော်လည်း တရားသူကြီးချုပ်ကိုတော့ ပဒိုအားတိုးကို ရွေးချယ်တင်မြောက်လိုက် သည်ဟု သတင်းရရှိသည်။ ယခု ၁၅ကြိမ်မြောက် ကေအဲန်ယူ ကွန်ကရက်တွင် မဲပေးပိုင်ခွင့်ရှိသူ ကိုယ်စားလှယ် ၁၇၀ဦးမှ ကေအဲန်ယူ၏ အမြဲတမ်း ဗဟိုကော်မတီဝင် ၃၁ဦးကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ယမန်နေ့က စတင်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ လေးဝါးစခန်း၌ နိုဝင်ဘာလ ၂၆ရက်နေ့က စတင်ကျင်း ပသည့် ကေအဲန်ယူ ကွန်ဂရက်သို့ ကေအဲန်ယူ၏ ခရိုင်၊ တပ်မဟာ ရခု၊ ဗဟို(လခသ)နှင့် တပ်(သဝခ)မှ ကိုယ်စား လှယ်များ အပါအဝင် ပြည်တွင်း ပြည်ပရှိ လူထုအခြေပြုအဖွဲ့များမှ ကိုယ်စားလှယ်များ၊ လေ့လာသူများ စုစုပေါင်း ၁၇၅ဦး တက်ရောက်ခဲ့ကြသည်။
http://www.kicnews.org/?p=14841
- ဗိုလ်ချုပ်ကြီး မူတူး ကေအန်ယူ ဥက္ကဌ ဖြစ်လာ click
- KNU ဥက္ကဋ္ဌအဖြစ် မူတူးစေးဖိုးကို ရွေးချယ်တင်မြှောက် click
- ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကို ကေအန်ယူ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်တင်မြှောက် click
- KNU ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးအား တင်မြှောက်လိုက် click
http://drlunswe.blogspot.com/search?updated-max=2012-12-22T00:29:00%2B07:00&max-results=12