September 18, 2012

တပ်သားသစ်ကောက်ယူစုဆောင်းမှုကြောင့် ဒေသခံများအခက်တွေ့

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့အခြေစိုက် ဌာနေပြည်သူ့စစ် အမှတ် ၂ တပ်ဖွဲ့က တပ်သားသစ်စု ဆောင်းနေပြီး မပေး နိုင်သူများ ပိုက်ဆံသိန်းပေါင်းဆယ်ချီကောက်ယူနေကြောင်း ဒေသတွင်း သတင်း ရပ်ကွက်ကဆိုပါသည်။
Child_soldiers_in_Myanmar_NNM
မြန်မာအစိုးရစစ်တပ်တွင်းမှကလေးစစ်သားများ (နစ်နေမန်းဘလောက်မှ)

“ မိန်းခေး ပြည်သူ့စစ် စဝ်လှမြင့်တို့တပ်ဖွဲ့လေ။ တပ်သားသစ်စုဆောင်းတယ်။ နာမည်ပါလို့ မသွား နိုင်ရင် ၂၅ သိန်းပေးရ တယ်။ ဒီစစ်သားကောက်နေတဲ့ လုပ်ရပ်တွေ ဒီနေ့ သမ္မတသစ်ခေတ်မှာ မရှိစေ ချင်တော့ဘူး။ ဘယ်တော့များ ကင်းလွှတ်နိုင် မလဲနော်” သီပေါဒေသခံတဦးကပြောသည်။

၂၀၁၀ ဧပြီလက ပြည်သူ့စစ်အသွင်ပြောင်းသွားသော ယခင် မြောက်ပိုင်း SSA (ဥက္ကဌဟောင်း)  ဗိုလ်ချုပ် လွယ်မောင်း နှင့်  (ဒုဥက္ကဌ ဟောင်း) ဗိုလ်ချုပ်ကိုင်ဖှတို့၏ စိန်ကျော့ဌာနချုပ်ကို ဌာနေပြည်သူ့စစ် အမှတ် ၁ ၊ သီပေါမြို့နယ် မိန်းခေး အခြေစိုက် ယခင်တပ် မဟာ ၃ ကို ဦးလှမြင့်ဦးဆောင်သည့် ဌာနေပြည်သူ့စစ် အမှတ် ၂ ၊  ကွန်ဟိန်းမြို့နယ် ကာလိ အခြေစိုက် ယခင်တပ်မဟာ ၇ ကို ဦးလောင်ကွန်း ဦးဆောင်သည့် ဌာနေပြည်သူစစ်အမှတ် ၃ စသဖြင့် အသီးသီးပြောင်းလဲ သတ်မှတ်ခဲ့သည်။

ယခုနှစ် မေလ ၂၄ ရက်  က လဲချားမြို့နယ် ဝမ့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် စိုင်းတ တို့အား တောင်ကြီး ကျားဖြူရုံးခန်း ၌ ဦးစိုင်းအိုက်ပေါင်းက တွေ့ဆုံခဲ့စဉ် တပ်သားစုဆောင်းမှုရပ်တန့်ရန်အတွက် တိုက်တွန်းမှုပြုခဲ့သေးသည်။ ထိုနောက်ပိုင်း တပ်သားသစ်စုဆောင်းသည်မဟု မကြားရသော်လည်း အဓမ္မလုပ်အားပေးခိုင်းစေမှုကိုမူ ယနေ့တိုင်ကြားနေရဆဲဖြစ်သည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင်လည်း အလားတူ ယခုနှစ်ဆန်းပိုင်းက အမည်မသိလက်နက်ကိုင်တစုက ကလေး တပ်သားစုဆောင်းနေသည့်အပေါ်တွင်လည်း ရှုပ်ချကြောင်း ကျားဖြူပါတီလွှတ်တော်အမတ် တဦးက သျှမ်းသံတော်ဆင့် အားပြောပြဖူးသည်။ ပညာသင်သည့်အရွယ်တွင် ပညာအပြည့်အ၀ သင်ယူခွင့်ရရှိရန်အတွက် အဆိုပါ ကလေးငယ်များအား တပ်သားစုဆောင်းခြင်းမပြုရန် အကာအကွယ်ပေးရမည်ဟု ၎င်းကပြောဆိုခဲ့ပါသည်။

အလားတူသျှမ်းပြည်မြောက်ပိုင်း မန့်ပန်အခြေစိုက် ဗိုလ်မွန်းဦးဆောင်သည့် ဌာနေပြည်သူ့စစ်ကလည်း ၎င်းထိန်းချုပ်ရာ လားရှိုးမြို့ အရှေ့မြောက်ဖက် ပန်စုံရွာ၊ ကုန်းဆာအုပ်စု၊ မတ်ချိနူအုပ်စု ၊  မန့်မွန်းရွာ၊ ခွန်နို့အုပ်စု၊ မန့်ပိန်းအုပ်စု၊ မိန်းပါးရွာ၊ တာယောဝ်၊ မိုင်းယန်း မှ မိုင်းယော်တိုက်နယ်၊ မိုင်းဟက်အုပ်စု ဒေသအထိ နှစ်စဉ်နှစ်တိုင်း တပ်သားသစ် လေးငါးရာထက် မနည်းကောက်ယူစုဆောင်းခဲ့ သည်။

၎င်းနှင့်ပတ်သက်၍ မိုင်းယော်တိုက်နယ်သားတဦးက“ တပ်သားသစ်ကောက်ပြီး စစ်ရေးလေ့ကျင့်ပေးတာ မရှိဘူး။ ကောက် ယူရရှိတဲ့ တပ်သားသစ်တွေတဝက်ကို သူတို့အတွက်သုံးတယ်။ ကျန်တဝက်ကို မြန်မာစစ်တပ်ကိုပို့တယ်။ မြန်မာစစ်တပ် မှာက အများအားဖြင့် ကေအိုင်အေတွေ သျှမ်းတွေကို တိုက်ရာမှာ တပ်သားသစ်တွေကိုသုံးတယ်။ သူတို့အတွက်အသေခံ သုံးနေတဲ့အတွက် လူတွေက သူတို့တပ်ထဲမဝင်ချင်ဘူး။ သျှမ်းတပ်ထဲဝင်ရင်တောင် ကောင်းသေးဆိုတဲ့လူတွေများတယ်။ အများအားဖြင့်တော့ နယ်စပ်ဘက်ထွက်ပြေးကြတယ်” ဟု ဆို၏။

ယခုနှစ်အတွက်မူ ဗိုလ်မွန်းသည် နှစ်ဆန်းပိုင်းက တပ်သားသစ်ကောက်ယူစုဆောင်းခဲ့ပြီးဖြစ်သည်။ တပ်သားသစ်စု ဆောင်း မှု အတွက် ဒေသတွင်း ကျားဖြူပါတီက ကူညီဖြေရှင်းပေးရာတွင် တချို့တဝက်ကို လွှတ်မြောက်အောင် ဖြေရှင်းပေးခဲ့သည် လည်းရှိကြောင်း ပါတီဝင်အသိုင်းအဝိုင်းက ပြောပါသည်။

အပစ်ရပ်စဉ်က တပ်သားသစ်မစုဆောင်းတော့ဟု ကြေငြာဖူးသည့် လက်နက်ကိုင်တပ်ဖွဲ့တချို့ကလည်း လူသစ်စုဆောင်းမှု ရှိနေသောကြောင့် ထိုင်းသို့ ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်ကြောင်း ထိုင်းရောက် စစ်ဘေးရှောင်သူများက ပြောပါသည်။

http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3506-2012-09-18-08-50-29.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India