September 18, 2012

အစိုးရတပ်ဗိုလ်ကြီးအား နတလထံ SSPP/SSA ပေးအပ်သောကြောင့် ဒေသခံလူထုလွတ်မြောက်

သျှမ်းပြည်တပ်မတော် SSPP/SSA မှ ပြန်ပေးဆွဲထားသည့် တပ်ရင်းဗိုလ်ကြီးအား နတလ ထံ လွှဲအပ်ပေးလိုက်သောကြောင့် သျှမ်းတပ်အမာခံဟုစွပ်စွဲကာ မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးထားသည့် ဒေသခံများအနက် တချို့အား လားရှိုးရဲစခန်းမှ ပြန်လည်လွှတ် ပေး လိုက်ပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။
Mong_mu
နမ္မတူမြို့နယ် မိုင်းမုအုပ်စုဝင်ကျေးရွာ တခု (ဓါတ်ပုံ-SHLS/SHAN)

“ ကျနော်တို့ တပ်ဖွဲ့ကဖမ်းထားတဲ့ မြန်မာတပ်ရင်းဗိုလ်ကြီးသက်စိုးကို ဒီလ ၁၀ ရက်နေ့က သျှမ်းပြည် မြောက်ပိုင်း နတလ တာဝန်ခံကို  ပေးအပ်လိုက်ပြီ  ” - ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ၏ပြောခွင့်ရ ဗိုလ်မှူးစိုင်းလက သျှမ်းသံတော်ဆင့် အား  ပြောပြသည်။

ယခုလ ၉ ရက်နေ့က သျှမ်းပြည်တပ်မတော် SSPP/SSA ၏ အကြီးအကဲတဦးဖြစ်သော စဝ်ခွန်ဆိုင်ကအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC  ဒု-ဥက္ကဌ ၃ ဦးသိန်းဇော်ထံ ဆက်သွယ်ခဲ့ပြီးနောက် SSPP/SSA မှဖမ်းဆီးထား သော ခမရ ၃၂၄ ၏တပ်ရင်းဗိုလ်ကြီး  သက်စိုးကို အစိုးရ၏ (နတလ) နယ်စပ်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန သျှမ်းပြည်မြောက်ပိုင်း တာဝန်ခံ ဗိုလ်မှူးဝင်းတင်ထံ လွဲအပ်ပေးလိုက်ခြင်းဖြစ် ကြောင်း ဗိုလ်မှူးစိုင်းလ က ဤကဲ့သို့ပြောပြသည်။

“ စဝ်ခွန်ဆိုင်က ဦးသိန်းဇော်ကိုဆက်သွယ်ပြီးတော့  ဗိုလ်မှူးဝင်းတင်ကို ကျနော်တို့ နမ္မတူမှာ သွားတွေ့တယ်။ ကျနော်ရယ်၊ စဝ်နော်လိတ်ရယ်၊ စဝ်ခမ်းခေါင်၊ ကျနော်တို့ဘက်က ၃ ယောက်ပေါ့။ ကျနော်တို့တပ်ကဖမ်းထားတဲ့ အစိုးရလူကို သွားယူတယ်။ ပြီးရင်  ဗိုလ်မှူးဝင်းတင် ဆီကို လွှဲအပ်လိုက်တယ်။ လားရှိုး အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားတဲ့ကျနော်တို့ လူ ၄ ယောက်လုံးကိုလည်း  ပြန်လွှတ်ပေးမယ်ပြောတယ်” ဟုဗိုလ်မှူးစိုင်းလ ကပြောသည်။

လားရှိုးရေဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ရန်  ရောက်ရှိသည့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းပြန် သွားပြီး နောက်တရက်တွင် စိုင်းကျော်အေးအား ပြန်လွှတ်ပေးခြင်းဖြစ်သည်။

မန်စံအုပ်စုဝင် ဒေသခံရွာသား ၁၀ ယောက်ထက်မနည်းအား သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့၏ အမာခံလူများ ဟုစွပ်စွဲကာ ပြီးခဲ့သည့်လက  မြန်မာအစိုးရစစ်တပ် ခမရ ၃၂၄ ၏စစ်ကြောင်းက ဖမ်းဆီးရိုက်နှက်ခဲ့သည်။

၎င်းတို့အနက် ပိန်းထောန်ရွာသား စိုင်းကျော်အေး၊ နမ့်ပိုင်ရွာသူကြီး စိုင်းထွေးညွန့်၊ ပိန်းလုံရွာသား စိုင်းလ၊ နားကေးရွာ သားစိုင်းအိုက်တင်း တို့လေးယောက်အား ဆက်လက် ဖမ်းဆီးထားရာမှ စိုင်းကျော်အေးအား ယမန်နေ့က ပြန်လွှတ်ပေးလိုက်သည်။

ထို့ပြင် သျှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ် မိုင်းမုအုပ်စုဝင် ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း ယခုလ ၁၃ ရက်နေ့ မန်စံရှိ ပင်မလျှပ်စစ်ဓါတ်အားခွဲရုံ၌ လုံခြုံရေးတပ်စခန်းချသည့် မြန်မာစစ်တပ် စခန်းမှူး က  ခေါ်ယူကာ သျှမ်းတပ်ဖွဲ့နှင့် ဆက်သွယ်သည့်သူများ ရှိမရှိ ထပ်မံစစ်ဆေးခဲ့သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးတည်ဆောက်ထားသည့်တပ်ဖွဲ့ဖြစ်သော်လည်း အစိုးရ နှင့် တိုက်ပွဲအကြိမ်ပေါင်း ၃၀ ထက်မနည်းဖြစ်ပွားခဲ့သည်။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3504---ssppssa--.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India