September 18, 2012

ပြည်တွင်း ငြိမ်းချမ်းရေး အဖြေ သုံးပွင့်ဆိုင် ဖြစ်ပေ

UNFC_Japan_nnhhသုံးပွင့်ဆိုင် နည်းဖြင့် တိုင်းရင်းသား အင်အား စုများ၊ ဒီမိုကရေဒီ နိုင်ငံရေး ပါတီ အင်အားစု များနှင့် အစိုးရ ကိုယ်စားလှယ် များမှ ပင်လုံ အခြေခံ ပြည်ထောင်စု ညီလာခံကြီး ကျင်းပ နိုင်မှသာ စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ရရှိနိုင်မည် ဖြစ်ကြောင်း တိုင်းရင်းသား ညီလာခံကို ဦးဆောင် ကျင်းပ ပေးခဲ့သည့် တိုင်းရင်းသား ပူးပေါင်းဆောင် ရွက်ရေး အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating) မှ ညီလာခံ ကျင်းပရေး ဦးဆောင်သူ နိုင်ဟံသာက ပြောပါသည်။

“ကျနော်တို့ တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့က ပြုလုပ် သွားတဲ့ တိုင်းရင်းသား ညီလာခံက ပြီးစီး သွားပြီ၊ အဲဒီ ညီလာခံက ချမှတ် ထားတဲ့ လုပ်ငန်းစဉ် (၆) ချက်ရှိတယ်။ အဲဒီ လုပ်ငန်းစဉ် (၆) ချက် အထဲမှ  နံပါတ် (၅) ချက်ထဲမှာ အင်အားစု သုံးစု ပါဝင်တဲ့ သုံးပွင့်ဆိုင် ညီလာခံ ပြုလုပ်သွားဖို့ ပါရှိ ပါတယ်။ အဲဒီ အတိုင်း လုပ်ဆောင် သွားမှသာ ပြည်တွင်း ငြိမ်းချမ်းရေး ပေါ်ပေါက် လာမှာပါ ”  ဟု ဆိုပါသည်။
ဤညီလာခံ ကျင်းပရေး ကော်မတီသည် သြဂုတ်လ (၂၃) ရက်နေ့တွင် ညီလာခံ ကျင်းပရေး မူကြမ်း တစ်ရပ်ကို ရေးဆွဲ ခဲ့ပြီး တိုင်းရင်းသား ဒေသ အသီးသီးသို့ သွားရောက်ပြီး အမြင်ဖလှယ် ပွဲများ ကျင်းပ ခဲ့ပါသည်။ ထို့နောက် တွင်မှ လက်ရှိ ပြီးစီး ခဲသော တိုင်းရင်းသား လူမျိုးများ ညီလာခံကို စက်တင်ဘာလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့ အထိ (၃) ရက်တာ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါသည်။

ထိုညီလာခံသည် တိုင်းရင်းသား ကိုယ်စားလှယ် ပေါင်းစုံ (၁၃၀) ဦးကျော် တက်ရောက် ခဲ့ပါသည်။ တရား မျှတပြီး စစ်မှန်သော ငြိမ်းချမ်း ရေးကို လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် အဆင့် (၃) ဆင့်ပါသော ငြိမ်းချမ်းရေး စီမံချက်နှင့် အကောင် အထည်ဖော် လမ်းပြမြေပုံ (၆) ဆင့်တို့ကို အတည်ပြု ရေးဆွဲ ချမှတ် နိုင်ခဲ့သည်။

ပြည်ထောင်စု အစိုးရ၏ အချက် (၈) ချက်ပါ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များသည် တရား မျှတပြီး စစ်မှန်သော ငြိမ်းရေးကို ဖော်ဆောင် နိုင်မည် မဟုတ်သဖြင့် အချက် (၆) ချက်ပါ တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ်ကို ဤညီလာခံ ကြီးမှ ချမှတ်ခဲ့ ရသည်ဟု ဆိုပါသည်။

တိုင်းရင်းသားများ ဘက်မှ အားလုံး လက်ခံနိုင်သည့် ငြိမ်းချမ်းရေး စီမံချက်များ ရေးဆွဲ နိုင်ရေးနှင့် ဆုံးရှူံးနေသည့် တိုင်းရင်းသား အခွင့်အရေးများ ပြန်လည် ရရှိရန် အားလုံး လက်ခံ နိုင်သည့် ဘုံ သဘောတူညီချက် တစ်ခု ရရန် ရည်ရွယ်၍လည်း ဤညီလာခံ၏ ကျင်းပ ရသည်ဟု ညီလာခံ ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောသည်။

“ကျွှန်တော်တို့ တိုင်းရင်းသားတွေ ဘက်က အားလုံး သဘောတူ ချမှတ်ပြီး ရရှိလာတဲ့ အချက်တွေကို ထုတ်ပြန် ထားပြီး ဖြစ်ပါတယ်၊ ဒီအစီအစဉ်နဲ့ အစိုးရရဲ့ အစီအစဉ်ကို ညှိရ အုံးမှာပါ ၊ ဒီညှိ တာ ကလည်း ပြည်တွင်း နိုင်ငံရေး ဆွေးနွေးပွဲရဲ့ အစပဲလို့ ပြောလို့ ရပါတယ်၊ ကျွှန်တော်တို့ ဘက်ကလည်း တရားသေ သတ်မှတ်ချက် မထားပါဘူး၊ အဲလိုပဲ အစိုးရ ဘက်ကလည်း တရားသေ သတ်မှတ် ထားလို့လည်း မရပါဘူး” ဟု ခွန်ဥက္ကာမှ ပြောသည်။
Nai_Hong_sar009
တိုင်းရင်းသား ညီလာခံ ကျင်းပရေး ဦးဆောင်သူ နိုင်ဟံသာအား
(၆၅) နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား၌ တွေ့ရစဉ်

စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် (၃) ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ် လာရေး အတွက် တိုင်းရင်းသား တို့ဘက်မှ စတင် လက်ဦးမှု ရယူ  ခဲ့သည်ဟုလည်း သုံးသပ် သူများက ခန့်မှန်း နေကြပါသည်။
၂၀၁၂၊ ဇွန်လ (၄) ရက် နေ့တွင် တိုင်းရင်းသား အဖွဲ့စည်းများ ဖြစ်သော UNFC အဖွဲ့အစည်း အပါဝင် အခြားသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ စုစုပေါင်း (၁၉) ဖွဲ့ ပူးပေါင်းပြီး တိုင်းရင်းသား လူမျိုးများ ညှိနှိုင်း ဆွေးနွေးပွဲ တရပ်ကို (၂) ရက်ခန့် ကျင်းပ ခဲ့ပါသည်။

ယင်းဆွေးနွေးပွဲ တွင်း၌ တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (WGEC) အဖွဲ့ဝင် (၁၄) ဦးကို ရွေးချယ် ဖွဲ့စည်း ပေးခဲ့သည်။ ဤအဖွဲ့သည် တိုင်းရင်းသား ညီလာခံ တရပ်ကျင်းပ နိုင်ရန် ပြီးခဲ့သည် ဇူလိုင်လ တွင်းက စတင် လှုပ်ရှားမှုများ ပြုလုပ် လာကာ အဖွဲ့ဝင် (၁၀) ဦးပါ ကျင်းပရေး ကော်မတီ တစ်ရပ်ကို စတင် ဖွဲ့စည်း ခဲ့ပါသည်။

မြန်မာ့ နိုင်ငံရေးသည် (၃) ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ဖြင့်သာ စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်း ရေးကို ရရှိနိုင်မှာ ဖြစ်ကြောင်း နိုင်ငံတကာမှ နှစ်ပေါင်း များစွာ ကတည်းကပင် အဆိုပြု ထားခဲ့ပြီး ဖြစ်သည်။

http://www.phophtaw.org/burmese/index.php/news/local-news/2123-2012-09-18-12-58-16.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India