“တွေ့ဖြစ်တာက နှစ်ဖွဲ့ပါ။ ABSDF နဲ့ UNFC တွေပါ။ AB နဲ့တော့ နှစ်ချက် သဘော တူကြတယ်။ UNFC နဲ့ ကတော့ သူ တို့ ကာယကံရှင်တွေနဲ့ မေးရင် ကောင်းပါလိမ့်မယ်။ KNPP နဲ့ကတော့ နက်ဖြန်မှ တွေ့ဖြစ်မယ် ထင်ပါတယ်”ဟု ဆိုသွားပါသည်။
မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF)နှင့် သဘော တူထားခဲ့သည်မှာ၊ ABSDF အဖွဲ့အနေနှင့် ပြည်တွင်းသို့ လေ့လာ ခရီးသွား ရောက်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် ဟူ၍ သဘော တူခဲ့ပါသည်။ ဆွေးနွေးကို တက်ရောက်သည့် သူများမှာ ဥက္ကဌ ဦးသံခဲ ဦးဆောင်ပြီး ကိုဆန်နီ အထွေထွေ အတွင်းရေးမှူး၊ ကိုမြင့်ဦး တွဲဖက် အတွင်းရေးမှူး (၁) ကို ဆလိုင်းယောအောင်၊ ဗဟို ဦးဆောင် ကော်မီတီ၊ ကိုကျော်ကို ဗဟို ကော်မီတီနှင့် ကိုကျော်လင်း ဗဟိုကော်မီဝင်တို့ တက်ရောက် ခဲ့ပါသည်။
ဦးအောင်မင်းတို့သည် UNFC နှင့်လည်း အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ကြပါသည်။ ဤဆွေးနွေးပွဲသည် ဤနှစ်မ ကုန်မှီ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ပြင်ဆင်နိုင်ရန် အကြို ညှိနှိုင်းပွဲ ဖြစ်သည်ဟု ဆိုပါသည်။ အသေးစိပ်ကိုမူ မသိရသေး ပေ။ UNFC မှ တက်ရောက်သူများမှာ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်သော ကိုယ်စားလှယ် (၇) ဦးခန့် တက်ရောက် ခဲ့ပါသည်။
အစိုးရ ကိုယ်စားလှယ်များမှာ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ၊ သမ္မတ အကြံပေးများနှင့် ငြိမ်းချမ်းရေး စင်တာမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။
ဦးအောင်မင်းတို့ အဖွဲ့သည် မနက်ဖြန်၌ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် တွေ့ဆုံရန် ရှိပါသည်။ KNPP နှင့် တွေ့ဆုံရာတွင် ဇွန်လ (၂၈) ရက်နေ့ ၌ KNPP အမှတ် (၂) ခရိုင် မော်ချီး ဒေသ၌ ဖြစ်ပွားသော တိုက်ပွဲ အကြောင်းကို လည်း ထည့်သွင်း ဆွေးနွေးမည်ဟု KNPP ဖက်မှ သိရပါသည်။ KNPP သည် ဇွန်လ (၉) ရက်န့၌ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီး၊ ဇွန်လ (၂၈) ရက်နေ့၌ တိုက်ပွဲပြန်လည် ဖြစ်ပွား ခဲ့ပါသည်။
http://www.phophtaw.org/burmese/index.php/news/internation-news/2338---unfc---.html