Showing posts with label UNFCတွေ့ဆုံဆွေးနွေးမှု. Show all posts
Showing posts with label UNFCတွေ့ဆုံဆွေးနွေးမှု. Show all posts

April 11, 2013

UNFC နှင့် အစိုးရ ပြန်တွေ့ရန် ရွှေ့ဆိုင်းထား

ချင်းမိုင်(မဇ္စျိမ)။   ။ ပြည်ထောင်စု ငြိမ်းချမ်ေးရး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ ပြန်လည် တွေ့ဆုံရန် ရွှေ့ဆိုင်းထားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ တွေ့ဆုံမှုအပြီး ဒုတိယအကြိမ် ထပ်မံဆွေးနွေးမှုကို ၂ လအတွင်း ပြုလုပ်ရန် သဘောတူ ခဲ့သော်လည်း ဝန်ကြီး ဦးအောင်မင်းက နိုင်ငံခြား ခရီးလွန်နေ၍ တွေ့ဆုံမှု ရွှေ့ဆိုင်းထားသည်ဟု သိရကြောင်း UNFC တွဲဖက်အတွင်းရေးမှူး (၁) ပဒိုမန်းမန်း က ပြောသည်။

“ပြန်တွေ့ဖို့ ချိန်းထားတာက သင်္ကြန် မတိုင်ခင်မှာ။ သို့သော်လည်း ဦးအောင်မင်းက နိုင်ငံခြား ခရီးစဉ်တခု ထွက်နေရတယ်။ မဖြစ်တော့ဘူး။ ကျနော်တို့ကို အလွတ်သဘောတော့ အကြောင်းကြားပါတယ်။ ကျနော်တို့ ဘက်ကလည်း မအားသေးဘူး ဆိုတော့ ရွှေ့ဆိုင်းထားတယ်လို့ ပြောလို့ ရမယ်” ဟု မဇ္စျိမကို ပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဦးအောင်မင်းတို့နှင့် UNFC တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် လိုအပ်သော မူဘောင်၊ အချိန်ဇယား၊ နေရာ၊ သက်သေများ ထားရှိရေး၊ တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ် ၆ ချက်တို့ကို ဆွေးနွေးခဲ့သည်။

သင်္ကြန်အပြီး နောက်ပိုင်း ထပ်မံ တွေ့ဆုံမှုတွင်လည်း အဆိုပါ နိုင်ငံရေး ဆွေးနွေးမှု ပေါ်ပေါက်လာရေးအတွက် အဓိက ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပဒိုမန်းမန်းက ပြောသည်။

“အလွတ်သဘောတွေ့မယ် ဆိုပေမယ့်လည်း နိုင်ငံရေးဆွေးနွေးမှု ပေါ်ပေါက်လာဖို့အတွက် ဘယ်လို မူဘောင်တွေ ချမှတ်မလဲဆိုတဲ့ကိစ္စက အဓိကဖြစ်တယ်။ မူဘောင်တွေ ချမှတ်တယ်ဆိုတဲ့ နေရာမှာ ကျနော်တို့ ဒီဖက်မှာ WGEC (တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့) ရဲ့ ကြိုးစားဆောင်ရွက်မှုတွေ အခြေခံအားဖြင့် ဘယ်လိုဆွေးနွေးမလဲဆိုတာ ဆွေးနွေးမယ်”ဟု ပြောသည်။

ရွှေ့ဆိုင်းထားသော်လည်း နှစ်ဘက် ပြင်ဆင်နေမှုမှာ အစိုးရနှင့် မိမိတို့၏ လိုအပ်ချက်များနှင့် ထပ်တူ နားလည်မှုဖြင့် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်ရေး ကော်မတီတို့ မြစ်ကြီးနားမြို့တွင် သင်္ကြန် မတိုင်မီ ပြန်လည် တွေ့ဆုံရေးကိုလည်း လာမည့် ၂၂ ရက်နေ့သို့ ရွှေ့ဆိုင်းထားရသည်။

http://www.mizzimaburmese.com/news/breaking-newsbrief/11345-unfc----.html

February 21, 2013

သတင်း UNFC နဲ့ ကြံ့ဖွံ့အစိုးရငြိမ်းအဖွဲ့ ပထမဆုံးအကြိမ် ဆွေးနွေး (ဧရာဝတီ ရုပ်သံ)

February 20, 2013

UNFC နဲ့ဆွေးနွေးခိုက် တိုက်ပွဲဖြစ်

အစိုးရ ရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ နဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီတို့ ငြိမ်းချမ်းရေး ဆွေးနွေး နေချိန်မှာ UNFC အဖွဲ့ထဲ ပါဝင်တဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA (North)နဲ့ အစိုးရ တပ် တိုက်ပွဲ ဖြစ်ကြ ပါတယ်။
အခုလို ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ပြုနေချိန် မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ တိုက်ပွဲ ဖြစ်တာနဲ့ ပတ်သက်ပြီး အစိုးရ ရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ဝင် တဦး ဖြစ်တဲ့ ဦးလှမောင်ရွှေ ကတော့ အပစ်အခတ် လက်မှတ် ရေးထိုးပြီး တိုင်အောင် တခါတလေ တိုက်ပွဲ တွေ ဖြစ်တတ်လို့ တဖြည်းဖြည်း လျှော့ချ ဖို့ ကြိုးစားလေ့ ရှိကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ် ဆိုတာ အချိန်ယူပြီး လုပ်ရတဲ့ အကြောင်း ဝန်ကြီး ဦးအောင်မင်း ရဲ့ စကားကို ဦးလှမောင်ရွှေ က ကိုးကား ပြောပါတယ်။ ဒါပေမယ့် အခုလို တိုက်ပွဲတွေ အရှိန်မသေခြင်း ဟာ အစိုးရ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကို တဖွဲ့ချင်း ချေမှုန်းတဲ့ ရည်ရွယ်ချက် လို့ ပြောဆို ဝေဖန်မှုတွေ လည်း ထွက်ပေါ် နေပါတယ်။
ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA (North)မှ ဗိုလ်မှူး စိုင်းလ ကိုယ်တိုင်က ကချင် ပြီးရင် ရှမ်းဘက် လှည့်လာ နိုင်တယ်လို့ ပြောတာ နဲ့ ပတ်သက် လို့ ဒါဟာ သံသယ ကြောင့် ဖြစ်ပြီး ဒီသံသယ တွေ ကွယ်ပျောက်အောင် အရင်လုပ် ပြီးရင် ဒီလို ထင်မှတ်စရာ မရှိနိုင်တဲ့ အကြောင်း ဦးလှမောင်ရွှေ က ပြောပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

http://www.bbc.co.uk/burmese/burma/2013/02/130220_unfc_ssa_north.shtml

အစိုးရ ငြိမ်းအဖွဲ့နှင့် UNFC တို့ နိုင်ငံရေး ဆက်လက် ဆွေးနွေးရန် သဘောတူ

ချင်းမိုင်(မဇ္စျိမ)။   ။ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ကိုယ်စားလှယ်များနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီ UNFC ကိုယ်စားလှယ်များ နိုင်ငံရေးဆွေးနွေးနိုင်ရေး ဆက်လက်
ဆွေးနွေးရန် သဘောတူခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Holiday Inn ဟိုတယ်တွင် ယနေ့နံနက် ၉ နာရီမှ ၅ နာရီထိ နှစ်ဖက် ဆွေးနွေးခဲ့ပြီး
နောက် ယခု ဆွေးနွေးမှုသည် ငြိမ်းချမ်းရေး၏ လမ်းစ ဖြစ်သည်ဟု ဆွေးနွေးမှုအပြီးတွင် ဝန်ကြီး ဦးအောင်မင်း က သတင်းထောက်များအား ပြောကြားခဲ့သည်။

“အရင်တုန်းက အစိုးရအဆက်ဆက်မှာ နိုင်ငံရေးဆွေးနွေးပွဲ စာပွဲဝိုင်းကို မရောက်ခဲ့ဘူး။ အခု ကျနော်တို့
နိုင်ငံရေးဆွေးနွေးပွဲကို လုပ်နေတယ်။ ဒီနေ့မှာ နိုင်ငံရေးဆွေးနွေးဖို့အတွက် စတင်တာ ဖြစ်ပါတယ်။
နောက်ထပ် ဆက်တိုက် လုပ်သွားဖို့လည်း ကျနော်တို့ ဆုံးဖြတ်ပြီးသား ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးရဲ့ အစ လမ်းကြောင်းမှန်ပေါ်ရောက်ပြီလို့ ပြောလို့ ရတယ်” ဟု ပြောဆိုသွားသည်။

ငြိမ်းချမ်းရေးအကျိုးဆောင်တဦးဖြစ်သူ ဦးညှိအုန်းမြင့်က နှစ်ဖက်လုံး အပြုသဘောဆောင်သည့်
ဆွေးနွေးပွဲ ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

“နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ကျင်းပသွားဖို့ သဘောတူတယ်။ အရင်တုန်းက UNFC က သတ်မှတ်ထားတဲ့ အချက်တွေ အားလုံးလိုလိုပဲ နိုင်ငံတော်ဘက်ကနေ ဒါကို ဆက်ပြီးတော့ နှစ်ဖက် လမ်းပြမြေပုံလို ညှိနှိုင်းသွားမယ်ဆိုတဲ့ သဘောတူညီချက် ရသွားပါတယ်။ အများကြီး ထူးခြားပါတယ်။ နှစ်ဖက် စလုံးက လမ်းသစ်ဖွင့်ထားပြီလို့ ပြောလို့ ရပါတယ်” ဟု ဆိုသည်။


နှစ်လအတွင်း နိုင်ငံရေးဆွေးနွေးမှုအား ပြန်လည် တွေ့ဆုံကြရန် သဘောတူခဲ့ကြသည်။

နှစ်ဖက်ဆွေးနွေးမှုများအား နိုင်ငံရေးဦးတည်ချက်၊ မူဘောင်၊ နိုင်ငံရေးဆွေးနွေးပွဲ ချမှတ်ရမည့် အစီအစဉ်များ ကြိုတင်ညှိနှိုင်းရေးဆွဲခြင်း၊ နိုင်ငံရေး ဆွေးနွေးမည့် နေရာ၊ သက်သေများ ထားရှိရေး၊ တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် ၆ ချက်တို့အား သဘောတူခဲ့သည်ဟု ယနေ့ ထုတ်ပြန်သည့် ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးကာလနှင့် နိုင်ငံရေးဆွေးနွေးပွဲ တလျှောက်တွင် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများ၏ နယ်မြေများအတွင်း လူသားချင်းစာနာမှုဆိုင်ရာကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် ပြည်တွင်းနှင့် နိုင်ငံတကာ ပံ့ပိုးကူညီမှုများ ဆက်လက်
ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်ဟု ပါရှိသည်။


အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ မြန်မာ
ငြိမ်းချမ်းရေးစင်တာမှ ကိုယ်စားလှယ် ၁၁ ဦးနှင့် UNFC ဘက်မှ ကိုယ်စားလှယ်များအဖြစ် နိုင်ဟံသာနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာတို့ အပါအဝင် ကိုယ်စားလှယ်
ပေါင်း ၁၂ ဦး တက်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး ဆွေးနွေးမှုများကို အဆင့် သုံးဆင့်ခွဲ၍ လုပ်ဆောင်သွားမည်ဟု ဦးညိုအုန်းမြင့် က မဇ္စျိမကို
ပြောဆိုထားသည်။ အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တဖွဲ့ချင်း ဆွေးနွေးရန်၊
ဒေသအလိုက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန်နှင့် UNFC ကဲ့သို့ တိုင်းရင်းသား စုပေါင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသွားရန် ဟူ၍ အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်ဟု ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/10997---unfc-----.html

အစိုးရနှင့် UNFC နိုင်ငံရေး ဆွေးနွေးရန် အကြိုတွေ့ဆုံ

တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုယ် စားလှယ်များသည် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် ပထမဆုံးအကြိမ် ကြိုတင် ညှိနှိုင်း ဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ ပြုလုပ်သည်။
အကြိုပြင်ဆင်ရေး ကာလနှင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်စဉ်တလျှောက် UNFC အဖွဲ့ အစည်းများ၏ နယ်မြေများအတွင်း လူသားချင်း စာနာမှု ဆိုင်ရာ ကိစ္စများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ပံ့ပိုး ကူညီမှုများကို ဆက်လက် ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။
နှစ်ဖက် ကိုယ်စားလှယ်များသည် နိုင်ငံရေး ဦးတည်ချက်၊ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် လိုအပ်သော မူဘောင်၊ နိုင်ငံရေးဆွေးနွေး ပွဲတွင် ချမှတ်ရမည့် အစီအစဉ်များ ကြိုတင်ညှိနှိုင်း ရေးဆွဲခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် နေရာ၊ ကြားဝင်ဆောင်ရွက်ပေးမည့် သက်သေများ ထားရှိရေး၊ တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်ဟုလည်း ယနေ့ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ပါရှိသည်။
“အစပိုင်းမှာ သဘောထားမှန်မှန်နဲ့ ဆွေးနွေးကြတာ တော်တော်လေးကောင်းတယ်၊ ကျနော်တို့ အများကြီး အားရတယ်၊ ဒီနေ့ အမြင်တွေ ညှိနှိုင်းမှု အပေါ်မှာ အမြင်တွေ နီးစပ်တယ်၊ အဖြေကောင်းတွေ အများကြီး ရလာဖို့ရှိတယ်လို့ မြင်တယ်”ဟု UNFC အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက သတင်းထောက်များကို ပြောသည်။
ဆွေးနွေးပွဲကို UNFC မှ နိုင်ဟံသာနှင့် ဒေါက်တာလဂျာ၊ ဦးခွန်ဥက္ကာ၊ ဦးအောင်ဆန်းမြင့်၊ ခူးဦးရယ် အပါအဝင် ၁၂ ဦး တက်ရောက် ပြီး အစိုးရဘက်မှ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း ဦးဆောင်၍ ဦးခင်ရီ၊ ဦးအုန်းမြင့် အပါအဝင် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ တက်ရောက်ကြသည်။
“နှစ်ဖက် ကိုယ်စားလှယ်တွေ အခုလို တွေ့ဆုံနိုင်တာ ကျနော်တို့ နိုင်ငံအတွက် အများကြီး အလာအလာကောင်းတယ်၊ ပြောကြ ဆိုကြတဲ့ အခါမှာလည်း အတော်ကောင်းတယ်၊ တဖက်က ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ် ၆၅ နှစ် တိတိပြည့်လာပြီး ဒုက္ခတွေ ကြုံနေ ရတဲ့အပေါ်မှာ ဒီလိုနိုင်ငံရေးအရ အဖြေမရှာလို့ မရတော့ဘူး ဆိုတဲ့အပေါ်မှာလည်း လေးနက်မှုတွေ တွေ့ရတယ်”ဟု နိုင်ဟံသာ က ဆက်ပြောသည်။
ဦးအောင်မင်းကလည်း ကချင် လွတ်လပ်ရေး တပ်မတော်(KIA) အနေနှင့် တခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များကဲ့သို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲသို့ ရောက်လာလိမ့်မည် ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားသည်။
“ကချင်ထဲက လောလောဆယ် ဖေဖော်ဝါရီလ ၄ ရက်နေ့က ပူးတွဲ ကြေညာချက် တစောင် ထုတ်ပါတယ်၊ အဲဒီစာထုတ်ပြီးတဲ့ နောက်ပိုင်းမှာ တိုက်ပွဲတွေ တော်တော် အေးချမ်း သွားပါပြီ၊ နောက်ထပ် တွေ့ဆုံဖို့လည်း ရှိပါတယ်၊ တခြား တိုင်းရင်းသားတွေကို ဆက်လက် တွေ့ဆုံသလိုပဲ ဆက်ပြီးလုပ်ပါမယ်”ဟု ဦးအောင်မင်းက ပြောသည်။
ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို နှစ်လအတွင်း ထပ်မံကျင်းပရန် နှစ်ဖက် သဘောတူညီခဲ့ကြကြောင်းလည်း ပူးတွဲထုတ်ပြန် သည့် ကြေညာချက်တွင် ပါရှိသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ဦးအောင်မင်းနှင့် UNFC ခေါင်းဆောင်များ နောက်ဆုံး အလွတ် သဘော တွေ့ဆုံခဲ့စဉ် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေး အဖြေရှာရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
UNFC အစည်းအဝေးသို့ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC) အဖွဲ့များမှ တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ကြခြင်း ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးအတွက် KNU, KIO အစရှိသည့် လက် နက်ကိုင် ၆ ဖွဲ့ဖြင့် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ (CEFU) ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အဖွဲ့ဝင် ၁၁ ဖွဲ့ဖြစ် လာကာ UNFC အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

 http://burma.irrawaddy.org/archives/34292

UNFC နဲ့ ငြိမ်းအဖွဲ့ ကြေညာချက်ထုတ်


အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့နဲ့ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ အတွက် အားရ ကြေနပ်မိတယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ပြောပြီး နိုင်ငံရေးအရ ဆွေးနွေးပွဲတွေကို နောက်နှစ်လ အတွင်း ထပ်မံ တွေ့ဆုံ ကျင်းပကြမယ်လို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ယူအန်အက်ဖ်စီ ဖက်ကတော့ နိုင်ငံရေး အရ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင် နိုင်မှာ ဖြစ်တဲ့ အတွက် ဒီကိစ္စအပေါ် ကျေနပ်မိတယ်လို့ ပြောပါတယ်။
အစိုးရဖက်က အခုလို အသိအမှတ်ပြုပြီး လာရောက် လက်ခံ တွေ့တာဟာ ရလဒ် တခုဖြစ်တယ် ၊ အရင်က တအုပ်စုချင်း လာတွေ့ဖို့ ဆိုနေရာက အခုတော့ စုပေါင်း အဖွဲ့ကို လက်ခံတာဟာလည်း နောက် ရလဒ် တခု ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါတယ်။
အစိုးရ အဆက်ဆက် လက်ထက် အပစ်ရပ်ခိုင်းပြီး ဝင်ငွေ ရအောင် လုပ်ပါ ၊ စီးပွားရေး ဖွံ့ဖြိုးအောင်လုပ်ပါ ၊ နိုင်ငံရေး ပါတီထောင်ပါလို့ ပြောနေခဲ့ရာက အခုလို နိုင်ငံရေး ကိစ္စတွေ ဆွေးနွေး အကောင်အထည် ဖော်နိုင်ခဲ့တဲ့ အပေါ် ကျေနပ်မိတယ်လို့လည်း သူက ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် ကိစ္စကြီးတွေ တင်လိုက်ရင် ဆုံးဖြတ်ဖို့ မလွယ်တာကြောင့် ခပ်ပျော့ပျော့ ပြောင်းပြောင်း ဖြစ်စေမယ့် ကိစ္စလေးတွေလောက်ဘဲ ဆွေးနွေးခဲ့ပြီး နောက်နှစ်လ ကျမှ Issue မြင့်မြင့်တွေ ဆွေးနွေးမယ်လို့ သူက ပြောပါတယ်။
တခါ အစိုးရ ဖက်ကလည်း ဒီဆွေးနွေးပွဲ နဲ့ ပတ်သက်လို့ အကြီးအကျယ် အားရမိတယ်လို့ အစိုးရ အဖွဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ အကြီးအကဲ ဦးခင်ရီက ပြောပါတယ်။
ဒီအစည်းအဝေးပွဲမှာ မပါခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အင်ပန်လ ကိုယ်တိုင်တောင် ညစာစားပွဲကို တက်ရောက်လာတဲ့ အပေါ် အပေါင်းလက္ခဏာ ဆောင်တယ်လို့ ယူဆပြီး ကျေနပ်မိတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ကချင်မှာ စစ်ပွဲတွေ ဖြစ်နေပေမယ့်လည်း ငြိမ်းချမ်းရေး လမ်းစ မြင်နေရပြီလို့ သူက ပြောပါတယ်။
တဖက်က လွှတ်တော် ပြင်ပ အဖွဲ့စုံ ဆွေးနွေးချင်ပြီး တိုင်းပြည် တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးတည်သွားတဲ့ တွေကို ဖြစ်နိုင်သမျှ အကောင်အထည်ဖော် လုပ်ဆောင်သွားမှာပါလို့ ဦးခင်ရီက ရှင်းပြသွားခဲ့ပါတယ်။

http://www.bbc.co.uk/burmese/burma/2013/02/130220_unfc_burmese_govt_talk_result.shtml

အပစ်ရပ် ဆွေးနွေးပွဲမှသည် နိုင်ငံရေး ဆွေးနွေးပွဲသို့ အကြိုညှိနှိုင်း

UNFC နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ - ညိုအုန်းမြင့်)
မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့ဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာဖို့အတွက် ပထမဆုံးအကြိမ် ကြိုတင် ညှိနှိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Holiday Inn မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲအတွင်း နိုင်ငံရေး ဆွေးနွေးပွဲကြီး ဖြစ်လာဖို့ မူဘောင်တွေနဲ့ နေရာ သတ်မှတ်ချက်တွေ ကြားခံတွေ စောင့်ကြည့် အကဲခတ်နိုင်ရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမဲ့လည်း သဘောတူညီချက်တွေတော့ ချမှတ်နိုင်ခဲ့ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က တင်ပြထားပါတယ်။

မြန်မာ အစိုးရဘက်က သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု တခုဖြစ်တဲ့  ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့ဟာ နိုင်ငံရေး ဆွေးနွေးပွဲကြီး ဖြစ်လာစေဖို့ အတွက် ပထမဦးဆုံး အကြိမ်အဖြစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ထိုင်းနို်င်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

UNFC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆွေးနွေးပွဲ အခြေအနေကို အခုလို ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ဆွေးနွေးပွဲ ခေါင်းစဉ်ကိုက အကြို ညှိနှိုင်း ဆွေးနွေးပွဲလို့ ခေါ်တာကိုး။ အဲ့ဒါကြောင့် နိုင်ငံရေး ဆွေးနွေးပွဲက လာမယ်။ မကြာခင်။ အဲ့ဒီနိုင်ငံရေး ဆွေးနွေးပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ အကြို ညှိနှိုင်းကြတာပါ။ အဓိကကတော့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်ဖို့ အကြို ညှိနှိုင်းကြတာပေါ့။ အဲ့ဒါပေါ့ ဒါ အဓိကကပါပဲ။ ကျနော်တို့အနေနဲ့ တခါမှ နိုင်ငံရေး ဆွေးနွေးပွဲအတွက် အခွင့်အလန်း မပေါ်ဖူးဘူးလေ။ ဘယ်အစိုးရကမှ မဖိတ်ခေါ်ဖူးဘူး။ အပစ်အခတ် ရပ်စဲရေးနဲ့ မလုံလောက်ဘူး။ ကျနော်တို့က နိုင်ငံရေး ဆွေးနွေးပွဲ လိုအပ်တယ်လို့ ပြောတော့ အဲ့ဒါ နိုင်ငံရေး ဆွေးနွေးပွဲအတွက် ဒါ ဆက်လုပ်ဖို့ နှစ်ဘက် သဘောတူတဲ့အခါကျတော့ ဒါက ကျနော်တို့ရဲ့ ကောင်းမွန်တဲ့ ရလဒ်ပေါ့ဗျာ။ တခါတည်း ဟိုဟာကြီးတော့ မဟုတ်ပါဘူး။ ထင်သာ မြင်သာတော့ မဟုတ်ပါဘူး။ တရွေ့ရွေ့ သွားရမှာပေါ့။”

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဘက်ကတော့ နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း က ဦးဆောင်ခဲ့ပြီး ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးထွန်းထွန်းဦးတို့ အပါအဝင် အဖွဲ့ဝင် ၁၇ ဦး ပါ၀င်ခဲ့သလို၊ UNFC ဘက်ကတော့ အဖွဲ့ခေါင်းဆောင်အဖြစ် UNFC ရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ မွန်ပြည်သစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်တဲ့ နိုင်ဟံသာ က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

အကြို ညှိနှိုင်း ဆွေးနွေးမှုတွေထဲမှာတော့ နိုင်ငံရေး ဦးတည်ချက်၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် လိုအပ်တဲ့  မူဘောင်တွေ၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် လိုအပ်တဲ့ အချိန်ဇယားတွေ၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် ချမှတ်ရမယ့် အစီအစဉ်များ၊ ကြိုတင် ညှိနှိုင်းရေးဆွဲခြင်းတွေ၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် နေရာ၊ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်စဉ်မှာ ကြားခံ ဆောင်ရွက် ပေးမယ့်သူတွေ စောင်ကြည့် အကဲခတ်မယ့်သူတွေနဲ့ သက်သေတွေ ထားရှိရေးတွေ၊ တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် (၆) ချက်တို့ ပါ၀င်ကြောင်း နှစ်ဘက် ပူးတွဲ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

UNFC ဘက်တော့ ဘယ်အချိန်မှာ ဖြစ်လာမယ်ဆိုတာကို အတိအကျ မပြောနိုင်သေးတဲ့ အကြောင်းတွေကိုလည်း အခုလို ပြောပြပါတယ်။

“ကျနော်တို့ အချိန်ဇယား ဆွဲနေတုန်းပဲခင်ဗျ။ ၂၀၁၄ လား၊ ၂၀၁၅ လား၊ ဟိုဘက်အလွန်လား။ သို့သော် အဲ့ဒီ နိုင်ငံရေး ဆွေးနွေးပွဲအတွက် လုပ်ငန်းစဉ်တွေ ဆွဲဖို့က ဒီကြားထဲမှာ လုပ်သွားမယ်လေ။ နှစ်လ တခါလောက် တွေ့ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲအတွက် ပြင်ဆင်တဲ့ဟာတွေပေါ့ လုပ်သွားမယ်။ ပြင်ဆင်ချိန် လုံလောက်ပြီ ဆိုတာနဲ့ ကျနော်တို့က စလို့ရတာကိုး။ ကျနော်တို့ရဲ့ ပေါ်လစီကတော့ လွတ်လပ် အမှီခိုကင်းတဲ့ ပြည်ပ နိုင်ငံပေါ့ ကျနော်တို့ဘက်က၊ နောက်တခါ လွှတ်တော် ပြင်ပပေါ့။ ဒါ ကျနော်တို့ဘက်က။ ကိုယ့်ဘက်ကကြီးပဲလည်း သူများ လိုက်ချင်မှ လိုက်ပေါ့။ သူ့ဘက် ကိုယ့်ဘက် ရှိတော့ ဒီအစိုးရဘက်ကလည်း ဘာတောင်းဆိုမလဲ ကျနော်တို့ မသိဘူး။ သဘောတူတာရှိ-မရှိ ဆွေးနွေးချိန် မရလိုက်ဘူး။ နောက်အခေါက်တွေကျမှ သဘောတူမယ့် အချက်ကို ရောက်မယ်။”

အကြို ပြင်ဆင်ရေး ကာလနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ  ဖြစ်စဉ် တလျှောက်မှာ UNFC အဖွဲ့အစည်းတွေရဲ့ နယ်မြေတွေအတွင်း လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ်တွေ၊ ပညာရေး၊ ကျန်းမာရေးနဲ့ စတဲ့ ကိစ္စရပ်တွေ၊ နိုင်ငံတကာ ပံ့ပိုးမှုတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့တွေ ပါ၀င်ပါတယ်။ ဒါ့အပြင် နှစ်ဘက် အလုပ်အဖွဲ့တွေ တွေ့ဆုံနို်င်ရေးအပြင် နို််င်ငံရေး ဆွေေးနွးပွဲကြီး အမြန်ဆုံး ဖြစ်လာစေဖို့အတွက် ၂ လ တကြိမ်လောက် တွေ့ဆုံနိုင်ဖို့တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
UNFC ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖွဲစည်းထားတဲ့ အဖွဲ့ဖြစ်ပြီး ဒီအဖွဲ့ထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လည်း ပါ၀င်ပါတယ်။
မြန်မာအစိုးရနဲ့ ကေအို်င်အိုတို့ဟာ ၁၇ နှစ်ကြာ အပစ်ခတ် ရပ်စဲပြီးကာမှ ၂၀၁၁ ဇွန်လကစပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပါ။ ကချင်ပြည်နယ်တွင်း မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် တိုင်းရင်းသားတွေနဲ့ မြန်မာအစိုးရတို့ကြားမှာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ KIO အပါအဝင် တိုင်းရင်းသားတွေဘက်က အပစ်အခတ် ရပ်စဲရေး ခိုင်မာစေဖို့အတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ကိုပဲ တစိုက်မတ်မတ် တောင်းဆိုလာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့တဲ့ KIO နဲ့ မြန်မာအစိုးရ ဘက်က ကိုယ်စားလှယ်တွေကတော့ ဒီလကုန်မှာ ငြိမ်းချမ်းရေးအတွက် သီးခြား တွေ့ဆုံဖို့ ရှိပေမဲ့ နေ့ရက် အတိအကျတော့ မသိရသေးပါဘူး။

http://burmese.voanews.com/content/unfc-meeting-held-in-chiang-mai/1607389.html

February 18, 2013

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် UNFC တွေ့ဆုံမည်

တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ကိုယ်စားလှယ်များ ယခုလ ၂၀ ရက်နေ့တွင် ပထမဆုံး အကြိမ် တရားဝင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမည့်နေရာအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို အဆိုပြုထားပြီး အစိုးရဘက်မှ ကိုယ်စားလှယ် တချို့ယနေ့ ရောက်ရှိနေပြီ ဖြစ်ကြောင်း UNFC မှ တွဲဖက် အတွင်းရေးမှူး ဦးခွန်ဥက္ကာ က ဧရာဝတီသို့ ပြောသည်။
ဆွေးနွေးပွဲကို UNFC မှ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာနှင့် ဒေါက်တာ လဂျာ တို့က ကိုယ်စားလှယ် ၁၂ ဦး ခန့်ကို ဦးဆောင် ၍ အစိုးရဘက်မှ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း ဦးဆောင်ပြီး ဦးခင်ရီ၊ ဦးအုန်းမြင့် အပါအဝင် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ဦးခွန်ဥက္ကာကမူ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ သို့သော်၂၀၁၂ ခုနှစ် နိုဝင်ဘာလက ဦးအောင်မင်းနှင့် UNFC ခေါင်းဆောင်များ နောက်ဆုံး အလွတ်သဘော တွေ့ဆုံခဲ့စဉ် နိုင်ငံရေး ပြဿနာများကို နိုင်ငံ ရေး အရ တွေ့ဆုံဆွေးနွေး အဖြေရှာရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
အစိုးရ နှင့် UNFC ကိုယ်စားလှယ်များကြား တွေ့ဆုံဆွေးနွေးမည့် အကြောင်း အရာများနှင့် ပတ်သက်၍ တစုံတရာ သဘောတူညီမှု ရရှိပါက ထိုနေ့ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ တရပ် ပူးတွဲ ပြုလုပ်ရန်လည်း စီစဉ်ထားသည်ဟု ဦးခွန်ဥက္ကာက ဆက်ပြော သည်။
နိုင်ဟံသာက ကချင်ပြည်နယ် အတွင်း အစိုးရတပ်က ထိုးစစ်ဆင်နေမှုများအား ရပ်ဆိုင်းရန် အဓိကထား၍ ဆွေးနွေးရန် စီစဉ် ထားကြောင်း ယခု လဆန်းပိုင်းက ပြောဆိုထားသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တနေရာတွင် ဇန်နဝါရီလ ရ ရက်နေ့မှ စတင်၍ ၄ ရက်ကြာ ကျင်းပသည့် UNFC ၂ နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ဟံသာက သတင်းထောက်များကို ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
“ကျနော်တို့ရဲ့ အဖွဲ့အဝင်ဖြစ်တဲ့ KIA (ကချင်လွတ်လပ်ရေး တပ်မတော်)ကို အကူအညီပေးဖို့ တာဝန်အပြည့်အဝ ရှိတယ်။ ဒီ ကိစ္စအတွက် ကျနော်တို့နဲ့ ဦးအောင်မင်းတို့ မကြာခင် တွေ့ဖို့ရှိတယ်။ ဒီကိစ္စကို ခိုင်ခိုင်မာမာနဲ့ ပြည့်ပြည့်ဝဝ တဖက်က ဖိပြီးဆွေးနွေး ပါမယ်”ဟု ၎င်းက ပြောကြားသည်။
KIA ကို ထိုးစစ်ဆင်နေမှုအား ရပ်ဆိုင်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး အတွက် ၄ ရက်ကြာ UNFC အစည်း အဝေး တွင် တိုင်းရင်းသား ကိုယ်စားလှယ် ၃၀ နီးပါး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
KIA ကလည်း UNFC အနေနှင့်သာ အစိုးရနှင့် ငြိမ်းချမ်းရေး အတွက် ဆွွေးနွေးလိုကြောင်း ပြီးခဲ့သည့် လက ထုတ်ပြန် ကြေညာ ထား သည်။
UNFC အစည်း အဝေးသို့ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ‘၀’ အမျိုး သားအဖွဲ့ချုပ် (WNO) တို့မှ တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ကြသည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးအတွက် KNU, KIO အစရှိသည့် လက် နက်ကိုင် ၆ ဖွဲ့ဖြင့် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ (CEFU) ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အဖွဲ့ဝင် ၁၁ ဖွဲ့ဖြစ် လာကာ UNFC အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

http://burma.irrawaddy.org/archives/34112

February 14, 2013

စစ်ဦးစီးချူပ်ငြိမ်းချမ်းရေးကမ်းလှမ်း UNFC ကြိုဆို

မြန်မာစစ်ဦးစီးချုပ် မင်းအောင်လှိုင် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တက်ရောက်စဉ်။ (မတ် ၂၇၊ ၂၀၁၂)
မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ကချင်လွတ်လပ်ရေး တပ်မတော်KIA အနေနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးရယူလိုရင် အချိန်မရွေး လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်ကြောင်း  ဖိတ်ခေါ်လိုက်တဲ့အပေါ်မှာ KIA ဖက်က လက်ရှိဆွေးနွေးပွဲတွေအတိုင်း ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကတော့ ဒါကို ကြိုဆိုကြောင်းပြောဆိုထားပါတယ်။ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းအပြည့်အစုံ တင်ပြပေးထားပါတယ်။

KIA ကို အခုလို ဖိတ်ခေါ်လိုက်တာကိုတော့ ဒုဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများနဲ့ နေပြည်တော် တိုင်းစစ်ဌာနချုပ် နယ်မြေရှိ တပ်နယ် ၆ ခုမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် မိသားစုတွေနဲ့ တွေ့ဆုံ ရှင်းလင်းပြောကြားရာမှာ ထည့်သွင်းပြောဆို သွားခဲ့တာဖြစ် ပါတယ်။ နိုင်ငံရေးလေ့လာ သူတွေက နိုင်ငံတော်သမ္မတက KIAအပေါ် ထိုးစစ်ဆင်တာတွေ ရပ်တန့်ဖို့ လွန်ခဲ့တဲ့ နှစ်တွေက အမိန့်ပေးခဲ့ပေမဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေခဲ့တာကြောင့် ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ဟာ ကာကွယ်ရေးဦးစီးချုပ်အပေါ်မှာ မူတည်နေသလားဆို သုံးသပ်တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့်  ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဖိတ်ခေါ်ချက်ကို အားလုံးက ထူးခြားမှုတခု အဖြစ်လည်း ရှုမြင်နေတာဖြစ်ပါတယ်။ ဒီဖိတ်ခေါ်ချက်အပေါ် KIAတပ်ဖွဲ့ဖက်က သဘောထားကိုတော့ KIO ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က အခုလို တုန့်ပြန်ပြောဆိုပါတယ်။

“ကျနော်တို့က ဒါကို ဘယ်သူပဲပြောပြော၊ သမ္မတကြီးပဲပြောပြော၊ လွှတ်တော်ကပဲ ပြောပြော၊ အစိုးရအနေနဲ့ ပြောတယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့ ဆွေးနွေးဖို့ဆိုတာက ကျနော်တို့က အရင်ကတည်းက လုပ်နေတာဖြစ်ပါတယ်။ အဲ့ဒီ့ မင်းအောင်လှိုင် ဦးစီးချုပ်ရဲ့ ကမ်းလှမ်းချက်ကတော့ ကျနော်တို့ မသိရသေးဘူး။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ကျနော်တို့က အစိုးရအနေနဲ့ ကျနော်တို့ကို ပြောထားတာ၊ ဆွေးနွေးနေတာတွေကို ဆက်ပြီး လုပ်သွားဖို့ ပြင်ဆင်နေတာ ကျနော်တို့ ရှိနေတာပဲ။ ဒါကို ကျနော်တို့ ဆက်လုပ်သွားဖို့ ရှိပါတယ်။”

ဒီလ ၄ရက်နေ့က KIOနဲ့ အစိုးရငြိမ်းချမ်းရေးကို်ယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးချိန်က ဒီလ ကုန်ပိုင်းမှာ ထပ်မံဆွေးနွေးဖို့ နှစ်ဖက် သဘောတူထားတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ထိုင်းနိုင်ငံမှာ ထပ်မံ ဆွေးနွေးကြမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဦးဆွမ်လွတ်ဂမ်က အတည်ပြုချက် မပေးပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ကာကွွယ်ရေးဦးစီးချုပ်ရဲ့ ကမ်းလှမ်းချက်ကို ကြိုဆိုကြောင်း တပ်ပေါင်းစုရဲ့ အထွေထွေ အတွင်းရေးမှူးနိုင်ဟံသာက ပြောပါတယ်။

“ ကောင်းပါတယ်။ အခုလို  တဖက်က ဦးအောင်မင်းတို့ကလည်း ဆက်ဆွေးနွေးနေပြီးဖြစ်တယ်။ လွန်ခဲ့တဲ့ ၄ရက်နေ့တုန်းကလည်း ဆွေးနွေးတယ်။ ဒီလမကုန်ခင်မှာလည်း ဆက်ပြီးဆွေးနွေး မယ်လို့ပဲ ကြားနေရတယ်လေ။ ဒါက ကောင်းပါတယ်။ ကေအိုင်အို ကလည်း ငြင်းပယ် တာမဟုတ်ဘူး။ နောက်တဖက်ကလည်း အဲ့သလို ဆွေးနွေးပွဲ လမ်းပေါက်လာတဲ့အပေါ်မှာ ဒီကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် အဲ့သလိုပြောလာတာကိုလည်း ကျနော်တို့ ကြိုဆိုပါတယ်။"

KIO အဖွဲ့ ဟာ UNFCမှာ ပါ၀င် ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်မှာ လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့ဟာ ဒုတိယအဆင့်ဖြစ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီမှုရပြီးဖြစ်ကြောင်း၊ တပ်မတော်က လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရယူထားတာဟာ အပစ်အခတ် ရပ်စဲပြီး ယာယီငြိမ်းချမ်းရေး ရယူထားခြင်းသာဖြစ်လို့ ဥပဒေဘောင်အတွင်း အပြည့်အဝ ၀င်ရောက် လာအောင်၊ ထာဝရငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့ ကျန်နေကြောင်းလည်း ထည့်သွင်းပြောကြား ခဲ့ပါတယ်။ ဒီအချက်အပေါ်မှာတော့ UNFCရဲ့ အထွေထွေအတွင်းရေးမှူးးနိုင်ဟံသာက အခုလို တုံပြန်ထားပါတယ်။

“ဥပဒေဘောင်ဆိုတာ တဖက်တည်းက သတ်မှတ်တဲ့ ဥပဒေဘောင် ထပ်ပေါ့ဗျာ။ ညှိနှိုင်းစုပေါင်းပြီးမှ အများလက်ခံနိုင်တဲ့ ဥပဒေဘောင်မျိုး ဖြစ်ဖို့ လိုပါတယ်။ အဲ့တာကလည်း နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းမှုမရှိဘဲနဲ့ တဖက်သတ်ကနေ ချမှတ်ထားတဲ့ ဥပဒေ ဘောင်ထဲကို တဖက်က ဝင်ရမယ်ဆိုတဲ့ဟာကလည်း မတရားဘူးလေ။ ဒါကလည်း မဖြစ်သင့်ပါဘူး။ အဲ့တာ နည်းလမ်းရှာဖို့လိုပါတယ်။ နှစ်ဖက်အမြင်ရှိကြဖို့လိုပါတယ်။ တဖက်က  ၂၀၀၈ ဖွဲ့စည်းပုံရဲ့  အတည်ဖြစ်လာတဲ့ပုံစံကရော၊ ရေးသားတဲ့ပုံစံကရော၊ တဖက်က ဒီလက်ရှိ ကျနော်တို့ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်လို့ ပြဿနာတက်နေတာဖြစ်တယ်။ ဒီလက်ရှိ အခြေခံဥပဒေနဲ့ မပြေလည်လို့ ကျနော်တို့ ညှိနှိုင်းနေရတဲ့ အနေအထားမျိုးမှာ တဖက်သတ်ပြောနေမယ်ဆိုရင်တော့ ဒါပြေလည်နိုင်စရာမရှိသေးဘူးလို့ ကျနော်က မြင်တယ်ဗျာ။”

UNFCနဲ့ သမ္မတရုံးဝန်ကြီးဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီကတော့ နောက်တပတ်အတွင်းမှာ တွေ့ဆုံဖို့ ပြင်ဆင်နေကြောင်းလည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့ကတော့ အပစ်အခတ်ရပ်စဲထားတဲ့ UNFC တပ်ပေါင်းစုရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ကရင်၊ ရှမ်း၊ မွန်၊ ချင်း၊ ပအို၀်နဲ့ နာဂ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၉ဖွဲ့လောက်ဟာ နေပြည်တော်မှာကျင်းပတဲ့  ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ ၀၊ မိုင်းလားအဖွဲ့တွေနဲ့ အပစ်မရပ်သေးတဲ့ ကချင်နဲ့ ပလောင်အဖွဲ့တွေကတော့ အခမ်းအနားကို မတက်ရောက်ခဲ့ပါဘူး။

http://burmese.voanews.com/content/burmese-army-gen-min-aung-hlaing-calls-for-peace-kio-kia/1603593.html

January 23, 2013

အစိုးရနှင့် UNFC နောက်လတွင် တွေ့ဆုံမည်ဟုဆို

မြန်မာအစိုးရနှင့် ညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ်ကောင်စီ UNFC နှစ်ဖက်ကိုယ်စားလှယ်များ လာမည့်ဖေဖေါ်ဝါရီလတွင် တွေ့ဆုံဖွယ်ရှိကြောင်း UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
ကချင်ဒေသရှိ တိုက်ပွဲဖြစ်ပွားသည့်မြင်ကွင်း
ကချင်ဒေသရှိ တိုက်ပွဲဖြစ်ပွားသည့်မြင်ကွင်း
နှစ်ဖက်ကြားခံပုဂ္ဂိုလ်များ အပြန်အလှန်ဆက်သွယ်ချက်များအရ ဖေဖေါ်ဝါရီလကို သတ်မှတ်ထားပြီး ဆွေးနွေးကြမည့်နေရာကို မသတ်မှတ်ရသေးဟု သိရသည်။
နိုင်ဟံသာက “အခြေအနေပေါ်မူတည်ပြီး ဘယ်အဆင့်ကနေ ဆွေးနွေးသွားမယ်ဆိုတာ အဆုံးအဖြတ်မပေးနိုင် သေးဘူး၊ အချိန်နီးကပ်တဲ့လာတဲ့အခါ ထုတ်ဖေါ်ပြောကြားပါမယ်” ဟု ပြောသည်။
သို့ရာတွင် အစိုးရ၏ ကချင်ဒေသ ထိုးစစ်ရပ်ဆိုင်းရေး အတွက် အဖက်ဖက်က တောင်းဆိုနေကြောင်း၊ အကယ်၍ အစိုးရ ထိုးစစ်မရပ်ဆိုင်းခဲ့လျှင် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင် သွားမည်ကို မကြာမီရက်ပိုင်းတွင် UNFC အစည်းအဝေး ကျင်းပသည့်အခါ ဆုံးဖြတ်ချက်များ ချမှတ်ရမည်ဖြစ်ကြောင်း သိရသည်။
“ကချင်ဒေသတိုက်ပွဲမှာ ဘယ်သူကကျူးကျော်စစ်၊ ဘယ်သူကထိုးစစ်ဖြစ်သလဲ၊ တိုက်ပွဲတွေက မြစ်ကြီးနား၊ ဗန်မော်၊ နေပြည်တော်အနီးမှာ ဖြစ်နေတာမဟုတ်ဘူး၊ KIO,KIA ကချင်ဌာနချုပ်အနီးမှာ ဖြစ်နေတယ်၊ ဆိုလိုချင်တာက အစိုးရတပ်တွေ အဲဒီရှေ့တန်းကနေ ဆုတ်လိုက်ရင် တိုက်ပွဲတွေနည်းသွားမယ်၊ ဒီလိုနဲ့တဖြည်း ဖြည်း တိုက်ပွဲတွေ အလိုလိုရပ်ဆိုင်းသွားမယ်”ဟုလည်း နိုင်ဟံသာက ပြောသည်။
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်၊ နံနက် ၆ နာရီအချိန်မှစ၍ ကချင်ပြည်နယ်၊ လဂျားယန်ဒေသရှိ မြန်မာ့တပ်မတော် ထိုးစစ်များရပ်ဆိုင်းကြောင်း၊ KIO,KIAနှင့်ဆွေးနွေးလိုကြောင်း မြန်မာအစိုးရ သမ္မတဦးသိန်းစိန် က အတိအလင်း ကြေညာခဲ့သော်လည်း ထိုနေ့များတွင် မြန်မာအစိုးရ စစ်လေယာဉ်များပါ ဗုံးဆက်ကြဲနေသည်ကို BBC,CNN, အယ်ဂျာဇီယားရုပ်သံများတွင် သတင်းပြသခဲ့သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီဝင်များအနေဖြင့် အစိုးရနှင့်ဆွေးနွေးပွဲများကို UNFC အနေဖြင့်သာ ဆွေးနွေးမည်ဟု မြန်မာအစိုးရထံ ဇန်နဝါဝါရီလ ၂၁ ရက်နေ့က အကြောင်းပြန်ခဲ့ပြီးဖြစ်သည်။
နိုင်ဟံသာက “UNFC မှာက KIO ကဥက္ကဌတာဝန်ယူထားတယ်၊ ဒါ့ကြောင့် UNFC ရဲ့မူကို အပြည့်အဝလိုက်နာ တယ်၊ အပစ်ရပ်စဲရေးသက်သက်မဟုတ်ဘဲ UNFC နဲ့အစိုးရ နိုင်ငံရေးဆွေးနွေးပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက် တွေသဘောတူညီမှုရယူဖို့ပါ၊ အခြားအသေးအဖွဲကိစ္စတွေက တစ်ဖွဲ့ချင်းနဲ့ဆက်ပြီးဆွေးနွေးလို့ရပါတယ်” ဟု ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် UNFC ၁၁ ဖွဲ့တွင် ကချင် KIO ကဥက္ကဌ၊ ကရင် KNU က ဒုဥက္ကဌ၊ မွန် NMSP ကအတွင်းရေးမှူးတာဝန် အသီးသီးရယူထားလျှက်ရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် မြန်မာအစိုးရ၏ပြည်တောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌဦးအောင်မင်းနှင့် UNFC ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် နိုင်ဟံသာတို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အလွတ်သဘောတစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

http://burmese.bnionline.net/index.php/news/imna/12804--unfc--.html

December 14, 2012

ဒီဇင်ဘာလအတွင်း ဆွေးနွေးပွဲများ မဖြစ်နိုင်ဟု UNFC ပြော

စံခလပူရီ (မဇ္စျိမ)။   ။ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၏ ကမ်းလှမ်းချက်အတိုင်း ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖြစ်နိုင်ချေ မရှိသေးကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ပြောသည်။

“လက်ပံတောင်းတောင် အရေးကိစ္စမှာ အစိုးရဘက်ကလည်း တော်တော်လေး အကျပ်တွေ့နေတယ်လို့ ကျနော်တို့ သုံးသပ်တယ်။ ကျနော်တို့ဘက်ကလည်း ပြင်ဆင်ထားတာ မရှိသေးဘူး” ဟု UNFC အထွေထွေ အတွင်းရေးမှူး
နိုင်ဟံသာ က ပြောသည်။

UNFC ၏ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကလည်း “ဒီဇင်ဘာမှာ တွေ့နိုင်ဖို့ နည်းနည်းကျပ်သွားပြီ။ ဒါပေမယ့် နိုင်ငံရေးက ကြွေတလက် ကြက်တခုန်ပေါ့ဗျာ မပြောနိုင်သေးဘူး” ဟု ဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့နှင့် UNFC ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အလွတ်သဘော တွေ့ဆုံပြီးနောက် ရန်ကုန်မြို့ရှိ Myanam Peace Center (MPC)တွင် တွေ့ဆုံရန် ဦးအောင်မင်း က ကမ်းလှမ်းခဲ့သည်။

“ဖိတ်ခေါ်ထားတာကို လက်ခံမလား၊ လက်မခံဘူးလား။ အဲဒါကို ဆွေးနွေးနေတုန်းပဲ။ လက်ခံရင် အကြိုညှိနှိုင်းမှု ဘယ်လို လုပ်မလဲ။ ကိုယ်စားလှယ် ဘယ်လိုရွေးမလဲ။ တရားဝင် ဘယ်တော့ ဆွေးနွေးမလဲ စသည်ဖြင့်ပေါ့ အဲဒါတွေ ပြင်ဆင်ဖို့ လိုပါသေးတယ်။ ကျနော်တို့ ဆွေးနွေးနေတုန်းပဲ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်း၏ ကြားဝင်ဆောင်ရွက်မှုဖြင့် UNFC နှင့် ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ပဏာမ တွေ့ဆုံဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပကာ ဆွေးနွေးပွဲ ရလဒ်မှတဆင့် ဂျပန်နိုင်ငံတွင် ထပ်မံဆွေးနွေးရန် ယခင်က စီစဉ်ထားခဲ့သည်။ သို့သော်လည်း ထိုအစီအစဉ်ကို ဦးအောင်မင်းက လက်မခံကြောင်း နိုင်ဟံသာ က ပြောသည်။

“သူတို့ အသိုင်းအဝိုင်းက အပြင်မှာ ဆွေးနွေးရတာ သိပ်သဘောမတွေ့ဘူး။ ပြည်တွင်းကို လာပြီး ဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ အဖွင့် ပဏာမက Myanam Peace Center မှာ တွေ့ချင်တဲ့သဘော ရှိတယ်။ ကမ္ဘောဒီးယားမှာ
ဆွေးနွေးဖို့ ဂျပန်မှာ ဆွေးနွေးဖို့ အဲဒါတွေက ပျက်တော့ မပျက်ပါဘူး။ နောက်ထပ် ဆွေးနွေးဖို့ အများကြီး လိုပါသေးတယ်” ဟု သူက ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ၎င်းတို့ အစိုးရသက်တမ်းအတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားလိုကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ထပ်လောင်းပြောဆိုထားသည်။

“၂၀၁၅ ခုနှစ် မတိုင်ခင်တော့ ပြီးအောင် လုပ်ချင်တာ။ ဘာလို့လဲဆိုတော့ ၂၀၁၅ ခုနှစ်ဆို နောက်ထပ်
ရွေးကောက်ပွဲ ပြန်စ ဖြစ်မယ်။ ဘယ်လိုလူတွေ တက်လာဦးမလဲ ကျနော်လည်း မသိဘူး။ သူတို့လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်မှာပဲ။ သို့သော်လည်းပဲ တစ်က ပြန်စ ရမှာပေါ့ဗျာ။ ဒါကြောင့် မို့လို့လည်း ဒီမှာ ရှိတဲ့ တိုင်းရင်းသား ခေါင်းဆောင်များအနေနဲ့ ကျနော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်ပေးပါ” ဟု ချင်းအမျိုးသား တပ်ဦးနှင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်း၌ ဒီဇင်ဘာလ ရ ရက်နေ့က ထည့်သွင်း ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရခြင်းနှင့် ပတ်သက်ပြီး ‘အကြမ်းဖက် လုပ်ရပ်သည် တိုင်းတပါး အကျိုးစီးပွားနှင့် တပ်မတော်ပိုင် အကျိုးစီးပွားကိုသာ အကာအကွယ် ပေးပြီး ပြည်သူလူထု အကျိုးစီးပွား
အား လုံးဝ မျက်ကွယ်ပြုခြင်း ဖြစ်သည်’ ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် UNFC က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်သည် လက်ရှိ အစိုးရနှင့် တပ်မတော်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သော်လည်း ငြိမ်းချမ်းရေး
ဆွေးနွေးမှုအတွက် အဟန့်အတား မရှိနိုင်ကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

“ဒီလိုဆွေးနွေးတာကလည်း မိတ်ဆွေတွေ ဆွေးနွေးတာမှ မဟုတ်ဘဲ။ မတည့်တဲ့လူ တယောက်နဲ့တယောက်
သေနတ်နဲ့ ပစ်နေတဲ့ ရန်သူတွေပဲ။ ဆွေးနွေးဖို့ လိုရင် ထိုင်ဆွေးနွေးတာပဲ။ ပစ်ဖို့လိုရင် ပစ်တာပဲ။ Statement (ကြေညာချက်) လောက်နဲ့တော့ အဟန့်အတား မဖြစ်ပါဘူး” ဟု ဆိုသည်။

မေလ ၃ ရက်နေ့တွင် တင်ကြိုချမှတ်ထားသည့် အချက် ၈ ချက်ပါ ‘ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း’ အစိုးရဘက်က ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် ပထမအချက် ၄ ချက်ကိုသာ UNFC အနေနှင့် အငြင်းပွားဖွယ် မရှိဟု ဆိုပြီး ကျန်သည့် အချက် ၄ ချက်ကို သေချာစွာ လေ့လာဆန်းစစ်ပြီး နှစ်ဦးနှစ်ဖက် အကျေအလည်
ဆွေးနွေးရန် လိုသေးကြောင်း UNFC က ဆိုသည်။

၎င်းတို့မှာ ပါတီထောင်၍ ရွေးကောက်ပွဲ ဝင်ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံရေး၊ ဥပဒေဘောင်အတွင်း အပြီးအပိုင် ဝင်ရေးနှင့် တခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးတို့ ဖြစ်သည်။

UNFC က ကြီးမှူးပြီး စက်တင်ဘာလ အတွင်းတွင် ၃ ရက်ကြာ တိုင်းရင်းသား ညီလာခံတခုကို ထိုင်းနိုင်ငံတွင် ကျင်းပခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးကို အစိုးရက တရားဝင် ကြေညာပေးရေး၊
နိုင်ငံရေးအရ ဆွေးနွေးပွဲများ ဆက်လက် ဖြစ်ပေါ်လာရေး၊ ပင်လုံကဲ့သို့ ညီလာခံတခု ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံတကာ လေ့လာရေး အဖွဲ့များ ပါဝင်ခွင့် ရှိရေး စသည့် အချက် ၆ ချက် ပါဝင်သည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် လမ်းပြမြေပုံတခုကို ချမှတ်ခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/10586----unfc--.html

November 22, 2012

UNFC နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြန့်ကြာ

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တို့ဟာ လာမယ့် ဒီဇင်ဘာလ ကျရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ဖို့ သဘောတူ စီစဉ် နိုင်ခဲ့ ကြပေမယ့် ဆွေးနွေးပွဲ နေရာနဲ့ ပတ်သက်ပြီး အခုချိန်ထိ ညှိနှိုင်းလို့မရ ဖြစ်နေပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ UNFC ဟာ မြန်မာ အစိုးနဲ့ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးတဲ့ အခါမှာ ကြားနေ နိုင်ငံ ဖြစ်တဲ့ ဂျပန် နိုင်ငံမှာ ပြုလုပ် လိုတယ်လို့ ဝန်ကြီး ဦးအောင်မင်းကို တင်ပြ တောင်းဆို ထားပါတယ်။
ဒါပေမယ့် ဒီအဆိုကို အစိုးရ ဘက်က လက်မခံ နိုင်ပဲ ရန်ကုန်က ငြိမ်းချမ်းရေး စင်တာ ဖြစ်တဲ့ ပြည်တွင်းလို နေရာမျိုး မှာပဲ ပြုလုပ် ချင်တယ်လို့ ဦးအောင်မင်းက ပြောတယ်လို့ သိရပါတယ်။
UNFC ဘက် ကလည်း ဒါကို လက်ခံ နိုင်ဖို့ အခက် အခဲ ရှိတယ် ဆိုပြီး တဘက်နဲ့ တဘက် လွန်ဆွဲ နေတာ ဖြစ်ပါတယ်။
အခုလို တိုင်းရင်းသား ဘက်က တင်ပြထားတဲ့ ဆွေးနွေးမယ့် နေရာကို အစိုးရ ဘက်က မသွား လိုတဲ့ အကြောင်း ကတော့ အစိုးရ အသိုင်း အဝိုင်း ထဲက အများစုဟာ ကိုယ့်နိုင်ငံ ပြဿနာ ကို ကိုယ့်နိုင်ငံ မှာပဲ ဖြေရှင်း ဆွေးနွေးလိုပြီး၊ နိုင်ငံ အပြင် ထွက်ပြီး ဆွေးနွေးဖို့ သိပ်သဘော မကျတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဦးအောင်မင်းက ပြောတဲ့ အကြောင်း UNFC အတွင်းရေးမှူး နိုင်ဟံသာက ပြောပြပါတယ်။
အစိုးရ ဘက်က အဆိုပြု ထားတဲ့ ပြည်တွင်းလို နေရာမျိုးမှာ မဖြစ်မနေ ပြုလုပ်မယ်ဆိုရင် တဘက်ဘက်ရဲ့ သြဇာ လွှမ်းမိုးမှု မရှိတဲ့ နေရာမျိုးမှာ မှ တွေ့ဆုံ နိုင်မှာ ဖြစ်ကြောင်း နိုင်ဟံသာက ပြောပါတယ်။
အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နဲ့ UNFC တို့ဟာ ပြီးခဲ့တဲ့ ၉ ရက်နေ့က ချင်းမိုင်မှာ အလွတ် သဘော အနေနဲ့ တခါ တွေ့ဆုံ ဆွေးနွေးပြီး ဖြစ်ပါတယ်။
အစိုးရ အဖွဲ့ဟာ ဒီနှစ် ဒီဇင်ဘာလ အတွင်းမှာ တိုင်းရင်းသား အဖွဲ့ အစည်းတွေနဲ့ အကုန်လုံးနဲ့ ဆွေးနွေးနိုင်ဖို့ စီစဉ် ထားတယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမယ့် အခုလိုမျိုး ဆွေးနွေးပွဲ နေရာ အတွက် နှစ်ဦး နှစ်ဘက် လိုချင်တဲ့ နေရာမျိုး အနေ အထားမျိုး မရနိုင် ရင်တော့ ဆွေးနွေးပွဲဟာ စီစဉ် ထားသလို မဖြစ်လာ နိုင်ပဲ နောက်ဆုတ် သွားနိုင်မယ့် အနေအထား ရှိတယ်လို့ နိုင်ဟံသာက ပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2012/11/121122_unfc_gov_meeting_delay.shtml

November 14, 2012

နို်င်ငံရေး ဆွေးနွေးပွဲကို ဂျပန်နိုင်ငံမှာ ကျင်းပဖို့ UNFC ၏အဆိုကို ဦးအောင်မင်း လက်မခံ

UNFC_02ee32353စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် နိုင်ငံရေး အရ ဆွေးနွေးသည့် အခါ ကြားနိုင်ငံ အဖြစ် ဂျပန်နိုင်ငံက လက်ခံ ကျင်းပပေးရန် အဆိုပြုချက်အပေါ် ဦးအောင်မင်း တို့က လက်မခံဟု UNFC အတွင်းရေးမှူး နိုင်ဟံသာက ဆိုပါသည်။
“ အဲဒီအစီစဉ်က မသေချာတော့ဘူး။ မသေချာဘူး ဆိုတာက ဦးအောင်မင်းတို့ ဘက်က လက်မခံလို့ပါ။ ဒီတွေ့ဆုံဆွေးနွေး ရေးဟာ အရင်ဦးဆုံး ကိုယ့်နိုင်ငံအတွင်းမှာဘဲ လုပ်ကြဖို့ ပြောပါတယ်။ အဓိပ္ပါယ်က တွေ့ဆုံဆွေးနွေးရေးကို တခြားနိုင်ငံမှာ သွားမပြောချင်တဲ့ သဘောပါ”ဟု ဆိုပါသည်။
ဦးအောင်မင်းက ၄င်းတို့အဖွဲ့ အနေနှင့် ပြည်ပ နိုင်ငံများ၌ တွေ့ဆုံ ဆွေးနွေးခွင့် ပေးထားခြင်းမရှိဟု ဆိုပါသည်။ ဆွေးနွေး ခဲ့ ပါက သူ၏ ပတ်ဝန်းကျင်များက အကြပ်ကိုင် လာမည် ဖြစ်ကြောင်း ပြောသည်ဟု ဆိုပါသည်။ ဤသို့ကြောင့် ရန်ကုန်ရှိ ငြိမ်း ချမ်းရေး စင်တာ၌ အဆိုပြုခြင်း ဖြစ်ကြောင်း ဆိုပါသည်။
“ သူတို့ဘက်က သူတို့မူနဲ့ ကျနော်တို့ကို အတင်း အကြပ်ကိုင်တဲ့ သဘောလို့ မြင်ပါတယ်။ ပြည်တွင်းမှာ တွေ့ဖို့ အတင်း အကြပ် တိုက်တွန်းတာ ဖြစ်ပါတယ်” ကျနော်တို့မှာလဲ မူတွေ ချမှတ်ထားတာ ရှိတယ်လေ။ ကျနော်တို့ မူတွေက သူတို့ရဲ့ သြဇာ လွမ်းမိုးမှု ရှိတဲ့နေရာမှာ တွေ့ဆုံ ဆွေးနွေးဖို့ ကျနော်တို့ဘက်က လက်ခံတွေ့ ဆုံနိုင်မှာ မဟုတ်ပါ။” ဟု ဆိုပါသည်။
သို့သော် ဦးအောင်မင်းသည် ပြည်ပ၌ မဆွေးနွေးနိုင်ကြောင်း ပြတ်သားစွာ ပြောဆိုခဲ့ခြင်း မဟုတ်ဟု ဆိုပါသည်။  အစိုးရငြိမ်း ချမ်းရေး အဖွဲ့သည် လာမည့်ဒီ ဇင်ဘာလ၌ UNFC နှင့် တွေ့ဆုံရန် မူလက စီစဉ်ထားပြီးဖြစ်သည်။ သို့သော်  တွေ့ဆုံဆွေးနွေး မည့်နေရာအတွက် တဖက်နှင့်တဖက် လွန်ဆွဲနေခြင်းဖြစ်ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2284---------unfc-.html
UNFC သည် တိုင်းရင်းသား အရေး ကိစ္စကို ဆွေးနွေးရာ၌ ပြည်ပနိုင်ငံ သို့မဟုတ် လွတ်လပ်သော နေရာတွင် တွေ့ဆုံဆွေး နွေးလိုခြင်းသည် အစိုးရအား အယုံအကြည် မရှိကြောင်းကို သက်သေပြနေသည်ဟု လေ့လာသူများက ဆိုပါသည်။
UNFC_01ee31ယခု အခြေအနေ၌လည်း အပစ်ရပ်ထားသော တိုင်းရင်းသား အဖွဲ့များအပေါ် အပစ်ရပ်စဲထားမှုကို ခုတုံးလုပ်ပြီး စစ်ရေး လက် ဦးမှု နိုင်ငံရေး လက်ဦးမှုများ ပြုလုပ်နေသည်ကို အပစ်ရပ်သည့် အဖွဲ့တိုင်းမှ ပြောကြားနေပါသည်။  ဤသို့ကြောင့် အစိုးရအပေါ် မယုံကြည်ခြင်းကြဖြစ်ပါသည်။
UNFC အဖွဲ့သည်လည်း အားနည်းနေသော တိုင်းရင်းသား တပ်ပေါင်းစုဟု တချို့နို်င်ငံရေး သမားက ဆိုပါသည်။ အစိုးရ၏ မ တရား လုပ်ရပ်များကို သိလျှက်နှင့် အမြင် မစုစည်းနိုင်ခဲ့ပေ။ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် တချို့ တိုင်းရင်းသား အဖွဲ့များ သည် တိုင်းရင်းသားများ၏ အခွင့်အရေး ရရှိရေး တိုက်ပွဲ၌ တိုင်းရင်းသားများ ကိုယ်စား အနစ်နာခံပြီး တိုက်ပွဲဝင် နေသော အဖွဲ့ အစည်းဖြစ်သည်ဟု ဆိုနေကြပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2360-----unfc---.html

November 12, 2012

တပြည်လုံးအပစ်ခတ်ရပ်စဲရေးကြေညာရန် UNFC ဆက်လက်တောင်းဆို

ခတ္တာနန်း – မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့တို့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တပြည်လုံးအပစ်ခတ်ရပ်စဲရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲတွင် UNFC အနေဖြင့်တောင်းဆိုသည်မှာ နိုင်ငံရေးပြသနာကို နိုင်ငံရေးအရဖြေရှင်းရန်၊ အပစ်အခတ်မရပ်သေးသော ဒေသများတွင်အပစ်အခတ်ရပ်စဲကြရန်၊ အစိုးရအနေဖြင့် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး ကြေညာပေးရန်နှင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲများကို ဝိုင်းဝန်းဖြေရှင်းပေးရန်တို့ကို တင်ပြဆွေးနွေးခဲ့သည်ဟု UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
UNFC နှင့် မြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံခဲ့စဉ်(Facebook)
၎င်းက “ တစ်ပြည်လုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာပေးဖို့ကိုတော့ ဦးအောင်မင်းတို့က သမ္မတဦးသိန်းစိန်ကို တင်ပြထားတယ်၊ ဒီကိစ္စကို သမ္မတကပဲ ဖြေရှင်းပေးနိုင်လိမ့်မယ်၊ ကျန်တဲ့အချက်တွေကိုတော့ သူတို့တွေ လက်ခံပါတယ်” ဟု ပြောသည်။ ၎င်းနောက် UNFC အနေနှင့် တိုင်းရင်းသား လူမျိုးများ ညီးလာခံတွင် ချမှတ်ထားသည့် အချက် (၆) ချက်ပါ လမ်းပြမြေပုံကိုလည်း ဝန်ကြီး ဦးအောင်မင်းတို့အား တင်ပြခဲ့ပြီးနောက် ယင်းကိစ္စအား ပြန်လည်ဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။
ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က “ အဓိကတော့ တပြည်လုံးအပစ်အခတ်ရပ်စဲ ဖို့ကို နှစ်ဖက်စလုံးက ပူပေါင်းဆောင်ရွက်ဖို့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ UNFC နဲ့ အကြိုညှိနှိုင်းတဲ့သဘောပါပဲ” ဟု ပြောသည်။
နိုဝင်ဘာလ ၉ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်သည့်တွေ့ဆုံပွဲသို့ အစိုးရဘက်မှ ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့ဝင် ၈ ဦးနှင့် UNFC မှ အဖွဲ့ဝင် ၉ ဦးတို့ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၁) ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။
ဝန်ကြီးဦးအောင်မင်းသည် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သော်လည်း UNFC အဖွဲ့ဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အပစ်ရပ်ဆွေးနွေးမှုမအောင်မြင်ခဲ့သေးပေ။

http://burmese.monnews.org/?p=5801

ဆက်စပ်သော် သတင်းများ။
  1. UNFC နှင့် အစိုးရဆွေးနွေးဖြစ်လျှင် KIO ကိစ္စပါဝင်ဆွေးနွေးမည် ဂျူရီချိုင်း – ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့...
  2. ပြည်ထောင်စုအဆင့်ဖြင့် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် တိုင်းရင်းသား မဟာမိတ်လက်နက်ကိုင်များ တောင်းဆို လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မြန်မာအစိုးရ သမ္မတသစ် ဦးသိန်းစိန်မှတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးတို့အား ၄င်းတို့၏ ပြည်နယ်အစိုးရသစ်ံနှင့် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန်...
  3. ပင်လုံကဲ့သို့သော တိုင်းရင်းသားညီလာခံတစ်ရပ်ကျင်းပရန် KIO တောင်းဆို ဂျူရီချိုင်း – KIOနှင့် မြန်မာအစိုးရနှစ်ဖက်ကိုယ်စားလှယ်တို့ ယမန်နေ့ပထမနေ့ဆွေးနွေးပွဲ၌ နိုင်ငံရေးကိုဦးဆောင်နေသည့် ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသားခေါင်းဆောင်များပါဝင်သည့် ပင်လုံကဲ့သို့သော ညီလာခံတစ်ရပ်...
  4. UNFC မူနဲ့သာ မွန်ပြည်သစ်ပါတီငြိမ်းချမ်းရေးဆွေးနွေးမည် မင်းသုတ – မွန်ပြည်နယ်အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များအား မွန်ပြည်သစ်ပါတီအနေဖြင့် UNFC တပ်ပေါင်းစုအနေဖြင့်သာ မြန်မာအစိုးရနှင့်ဆွေးနွေလိုသည်ဟု ပြောကြားလိုက်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်က...
  5. UNFC နှင့် အမြန်တွေ့ဆုံလိုသည်ဟု ဝန်ကြီးဦးအောင်မင်း အကြောင်းကြား လွတ်လပ်သောမွန်သတင်းအေဂျင်စီ – သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ...
  6. UNFC ၏ စုစည်းညီညွတ်မှုကို အစိုးရက ဖြိုခွဲလို လွတ်လပ်သော မွန်သတင်အေဂျင်စီ - မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့၏ တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်းရေးအတွက် ဦးတည်နေခြင်းမဟုတ်သည့်အပြင် UNFC...
  7. UNFC ကို အခြေခံအဖွဲ့ ၁၂ ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်း လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး...
  8. အပစ်ခတ်ရပ်စဲရေးကြေငြာပေးရန် တိုင်းရင်းသား (၅) ပါတီသဘောထားထုတ်ပြန် မင်းသုတ- နှစ်ဦးနှစ်ဖက်အပစ်အခတ်ရပ်စဲရေးကိုကြေငြာပေးပြီး ပြည်တွင်းငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲကို အမြန်ဆုံးခေါ်ယူကျင်းပပေးပါရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးရေးကို အမြန်ဆုံးအကောင်ထည်ဖေါ်ပေးပါရန် တိုက်တွန်းသည့်သဘောထားကြေညာချက်ကို ယမန်နေ့အောက်တိုဘာလ (၂) ရက်နေ့စွဲဖြင့်...

November 11, 2012

နိုင်ငံရေးဆွေးနွေးမှုနဲ့ ဖက်ဒရယ်ကိစ္စ သဘောညီ

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးကုတ်ဆောင်ရွက်နေတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဟာ တိုင်းရင်းသား လက်နက်ကိုင်၊ လက်နက်မဲ့ အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံ မှာ ဆွေးနွေးပွဲတွေ ဆက်ပြန်ပါတယ်။
ဒီတခေါက်မှာ ထူးခြားမှုအဖြစ် လက်နက်ကိုင်၊ လက်နက်မဲ့ တိုင်းရင်းသားအဖွဲ့တွေ ပေါင်းစုထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရက်ကောင်စီ UNFC နဲ့ ဝန်ကြီး ဦးအောင်မင်းတို့ ပထမအကြိမ် အလွတ်သဘော ရင်းရင်းနှီးနှီး ပြောဆို ဆွေးနွေးလို့ သဘောတူညီမှု တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ UNFC တွဲဖက် အတွင်းရေးမှူး ဦးခွန်ဥက္ကာက အလွတ်သဘော ဆွေးနွေးပွဲ ဖြစ်ပေမယ့်လို့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အခြေခံ သဘောညီမှု ရခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။ ဒါဟာ UNFC ရဲ့ ကာလရှည်ကြာ လိုလားချက် ဖြစ်သလို အစိုးရရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မူပြောင်းချက် ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။
ဝန်ကြီး ဦးအောင်မင်းဟာ နိုဝင်ဘာ ၉၊ ၁၀ နှစ်ရက် အတွင်းမှာ ကျောင်းသား တပ်မတော် ABSDF၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရက်ကောင်စီ UNFC၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ DPNS၊ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ WLB၊ ရခိုင် လွတ်မြောက်ရေး ပါတီ ALP စတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
သမ္မတရဲ့ ဦးဆောင်မှုနဲ့ ဝန်ကြီး ဦးအောင်မင်းရဲ့ ကြိုးပမ်း ဆောင်ရွက်ချက်တွေကို တွေ့ရတယ်၊ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ရဲ့ လိုလားချက် အတိုင်း အပစ် မရပ်ပေမယ့် နိုင်ငံရေး ဆွေးနွေးမယ်လို့ ပြောဆို လုပ်ကိုင် လာတာဟာ ဦးအောင်မင်းရဲ့ ရဲတင်းတဲ့ ဆောင်ရွက်ချက်လို့လည်း ဦးခွန်ဥက္ကာ ပြောပါတယ်။
ဝန်ကြီးဦးအောင်မင်းရဲ့ ထိုင်းနိုင်ငံ ငြိမ်းချမ်းရေး ခရီးစဉ်မှာ လိုက်ပါလာတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်လူကြီး ဦးလှမောင်ရွှေကတော့ ဒီ ငြိမ်းချမ်းရေး ကိစ္စတွေဟာ နှစ်ပေါင်းများစွာ ကြာမှ တကြိမ် ပြန်လုပ်လာတာ ဖြစ်တယ်၊ အပစ်ရပ်ရုံ မဟုတ်ဘဲ ခိုင်မာတဲ့ ငြိမ်းချမ်းရေး အတွက် ရှေးရှု လုပ်ဆောင် နေတာမို့ သတိကြီးကြီးထား ကြိုးပမ်း ဆောင်ရွက်နေတဲ့ အကြောင်း ပြောပါတယ်။
ငြိမ်းချမ်းရေးအတွက် အချိန်ယူရတာ၊ အခက်အခဲ တွေ့တာတွေ ရှိတယ်၊ အဆင့်လိုက် သွားရတာတွေ ရှိလို့ ဆန္ဒစောရင် မှားမယ်၊ တခါ နောက်ကျပြန်ရင်လည်း ပြဿနာ တက်နိုင်တာမို့ အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက် နေတယ်လို့ ဦးလှမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။
မကြာခင် ရက်ပိုင်းကပဲ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကလည်း လွှတ်တော်အမတ် ဦးတီခွန်မြတ်နဲ့ ဒေါ်နန်းဝါနုတို့ နှစ်ဦးကို တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ကိစ္စကို လေ့လာပြီး စာတမ်းရေးဖို့ ညွှန်ကြားတာ ရှိခဲ့ပါတယ်၊ ဝန်ကြီး ဦးအောင်မင်းက ဒါဟာ သူတိုက်တွန်းခဲ့တာလို့ ပြောခဲ့ကြောင်း ဦးခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

http://www.rfa.org/burmese/news/aungmin-discuss-party-thai-11102012111659.html

November 9, 2012

၀န်ကြီး ဦးအောင်မင်းနှင့် UNFC တို့ အလွတ်သဘော တွေ့ဆုံ

UNFC_03nnnmmmjပြည်ထောင်စု ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့ ဒု-ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး အဖွဲ့သည် ယနေ့ နေ့လည်ပိုင်း၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF) နှင့် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီအဖွဲ့ (UNFC)ကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု အကျိုးတော်ဆောင် တဦးဖြစ်သူ ဦးညိုအုန်းမြင့်က ဆိုပါသည်။
“တွေ့ဖြစ်တာက နှစ်ဖွဲ့ပါ။ ABSDF နဲ့ UNFC တွေပါ။ AB နဲ့တော့ နှစ်ချက် သဘော တူကြတယ်။ UNFC နဲ့ ကတော့ သူ တို့ ကာယကံရှင်တွေနဲ့ မေးရင် ကောင်းပါလိမ့်မယ်။ KNPP နဲ့ကတော့ နက်ဖြန်မှ တွေ့ဖြစ်မယ် ထင်ပါတယ်”ဟု ဆိုသွားပါသည်။
မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF)နှင့် သဘော တူထားခဲ့သည်မှာ၊ ABSDF အဖွဲ့အနေနှင့် ပြည်တွင်းသို့ လေ့လာ ခရီးသွား ရောက်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် ဟူ၍ သဘော တူခဲ့ပါသည်။ ဆွေးနွေးကို တက်ရောက်သည့် သူများမှာ ဥက္ကဌ ဦးသံခဲ ဦးဆောင်ပြီး ကိုဆန်နီ အထွေထွေ အတွင်းရေးမှူး၊ ကိုမြင့်ဦး တွဲဖက် အတွင်းရေးမှူး (၁) ကို ဆလိုင်းယောအောင်၊ ဗဟို ဦးဆောင် ကော်မီတီ၊ ကိုကျော်ကို ဗဟို ကော်မီတီနှင့် ကိုကျော်လင်း ဗဟိုကော်မီဝင်တို့ တက်ရောက် ခဲ့ပါသည်။
ဦးအောင်မင်းတို့သည် UNFC နှင့်လည်း အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ကြပါသည်။ ဤဆွေးနွေးပွဲသည် ဤနှစ်မ ကုန်မှီ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ပြင်ဆင်နိုင်ရန် အကြို ညှိနှိုင်းပွဲ ဖြစ်သည်ဟု ဆိုပါသည်။ အသေးစိပ်ကိုမူ မသိရသေး ပေ။ UNFC မှ တက်ရောက်သူများမှာ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်သော ကိုယ်စားလှယ် (၇) ဦးခန့် တက်ရောက် ခဲ့ပါသည်။
အစိုးရ ကိုယ်စားလှယ်များမှာ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ၊ သမ္မတ အကြံပေးများနှင့် ငြိမ်းချမ်းရေး စင်တာမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။
UNFC_02_eeddvewfewUNFC နှင့် တွေ့ဆုံစဉ် (ဓါတ်ပုံ ဦးလှမောင်ရွှေ)
ဦးအောင်မင်းတို့ အဖွဲ့သည် မနက်ဖြန်၌ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် တွေ့ဆုံရန် ရှိပါသည်။ KNPP နှင့် တွေ့ဆုံရာတွင် ဇွန်လ (၂၈) ရက်နေ့ ၌  KNPP အမှတ် (၂) ခရိုင် မော်ချီး ဒေသ၌ ဖြစ်ပွားသော တိုက်ပွဲ အကြောင်းကို လည်း ထည့်သွင်း ဆွေးနွေးမည်ဟု KNPP ဖက်မှ သိရပါသည်။ KNPP သည် ဇွန်လ (၉) ရက်န့၌ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီး၊ ဇွန်လ (၂၈) ရက်နေ့၌ တိုက်ပွဲပြန်လည် ဖြစ်ပွား ခဲ့ပါသည်။   

http://www.phophtaw.org/burmese/index.php/news/internation-news/2338---unfc---.html

October 22, 2012

UNFC နှင့်အမြန်တွေ့ဆုံလိုသည်ဟု ဝန်ကြီးဦးအောင်မင်းအကြောင်းကြား

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် အမြန်တွေ့ဆုံလိုသည်ကို အကြောင်းကြားလာခဲ့ကြောင်း UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
နိုင်ဟံသာက “ဦးအောင်မင်းက ဒီရက်ပိုင်းမှာအမြန်တွေ့ဆုံချင်တယ်လို့ ဆရာ ကိုညိုအုန်းမြင့် ကတဆင့် ပြောလာတယ်၊ ကျနော်က ဒီလ ၂၅ ရက်နောက်ပိုင်းမှ တွေ့နိုင်မယ်လို့ အကြောင်းပြန် လိုက်တယ်”ဟု ပြောသည်။

ထိုသို့တွေ့ဆုံရာတွင် အလွတ်သဘောတွေ့ဆုံခြင်းသာဖြစ်ပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးကြမည်ကို UNFC အနေနှင့် ဆုံးဖြတ်ချက်မရှိသေးကြောင်း ၎င်းက ပြောသည်။ UNFC အဖွဲ့ကိုယ်စားလှယ် ၁၉ ဦး ဂျပန်ပြည်သို့ ရောက်ရှိနေပြီး လာမည့်ရက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြန်ရောက်မည်ဖြစ်သည့်အတွက် ဝန်ကြီးဦးအောင်မင်းနှင့် မည်သို့မည်ပုံတွေ့ဆုံရမည်ကို အဖွဲ့တွင်းအသေးစိတ်ဆွေးနွေးသွားမည်ဟု သိရသည်။
ဂျပန်နိုင်ငံ နီပွန်ဖေါင်ဒေးရှင်း Nippon Foundation ဖိတ်ကြားချက်အရ အထက်ပါ UNFC အဖွဲ့ကိုယ်စားလှယ်များ အောက်တိုဘာ ၁၇ ရက်နေ့မှစပြီး ဂျပန်နိုင်ငံတစ်ပတ်ကြာခရီးထွက်ခွာနေခြင်း ဖြစ်သည်။
နီပွန်ဖောင်ဒေးရှင်းသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားနယ်မြေရှိ ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ (၃) သန်းနဲ့ညီမျှသော အရေးပေါ်ကူညီပံ့ပိုးမှုများပေးအပ်ရန် UNFC နှင့်သဘောတူခဲ့ပြီးဖြစ်သည်။
“ပထဝီအနေအထားအရ အချို့အကူအညီတွေ ပြည်တွင်းမြန်မာအီးဂရက်ကနေတဆင့်ပို့ပေးဖို့ အစိုးရခွင့်ပြုပေးထားတယ်လို့ နီပွန်ဖေါင်ဒေးရှင်းဥက္ကဌက ကျနော့်တို့ကိုပြောခဲ့တယ်၊ ထိုင်းနယ်စပ်ကနေလည်း ပေးပို့မယ်၊ UNFC အဖွဲ့ဝင်မဟုတ်တဲ့ အခြားတိုင်းရင်းသားနယ်မြေ ရခိုင်နဲ့ရှမ်းပြည်နယ် ဘက်ကိုလည်းအကူအညီပေးဖို့ စီစဉ်ထားပါတယ်” ဟု နိုင်ဟံသာက ပြောသည်။
နီပွန်ဖောင်ဒေးရှင်းသည် လူသားစာနာမှုအကူအညီပေးရေးသာမက မြန်မာအစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တို့၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းရပ်များ ကြားဝင်ဆောင်ရွက်ပေးမည့် အစီအစဉ်များရှိနေကြောင်း သိရသည်။
ဝန်ကြီးဦးအောင်မင်းသည် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သော်လည်း UNFC အဖွဲ့ဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အပစ်ရပ်ဆွေးနွေးမှုမအောင်မြင်ခဲ့သေးပေ။
UNFC တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့တွင် ချင်းအမျိုးသားတပ်ဦး CNF၊ ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် KIO၊ ကရင်အမျိုးသား အဖွဲ့ချုပ် KNO၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU၊ ရခိုင်အမျိုး သားစည်းရုံးညီညွတ်ရေးပါတီ NUPA၊ မွန်ပြည် သစ်ပါတီ NMSP၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် PNLO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP-SSA နှင့် ဝ အမျိုးသားအဖွဲ့ချုပ် WNO တို့ပါဝင်သည်။

http://burmese.monnews.org/?p=5619

နှစ်မကုန်မီ UNFC နှင့် နှစ်ကြိမ် တွေ့နိုင်ရန် ဦးအောင်မင်း ကမ်းလှမ်းထား

စံခလပူရီ (မဇ္စျိမ) ။        ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့အား ၂ဝ၁၂ ခုနှစ် အတွင်း နှစ်ကြိမ်တွေ့ဆုံနိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က ကမ်းလှမ်းထားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နောက်ပိုင်း၌ တကြိမ်နှင့် ဒီဇင်ဘာလ ခန့်တွင် တကြိမ် နိုင်ငံရေး ဆွေးနွေးပွဲအသွင် အလွတ်သဘော တွေ့ဆုံနိုင်ရန် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း က ကမ်းလှမ်းထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့် က ပြောသည်။

“ပထမ အောက်တိုဘာ ၂၁ တွေ့နိုင်ဖို့ ကျနော်တို့ အရင်ချိန်းကြတယ် အဆင်မပြေဘူး။ နောက်တော့ အောက်တိုဘာ ၂၈ နောက်ပိုင်းနဲ့ နိုဝင်ဘာ ၁ လောက်ကြား တွေ့နိုင်ဖို့ ထပ်စီစဉ်တယ်။ ဒါလည်း အဆင်မပြေသေးလို့ အခုနောက်ဆုံး ကျနော် သိရထားသလောက်ကတော့ ဦးအောင်မင်း က နိုဝင်ဘာလ ၁ ရက်ကနေ ၄ ရက်နေ့ အထိက နိုင်ငံခြား ဧည့်သည်တွေနဲ့ ရှိတယ်ဆိုတော့ အဲဒီနောက်ပိုင်းမှ တွေ့ဖြစ်နိုင်မယ်။ ဒီကိစ္စကိုလည်း UNFC အတွင်းရေးမှူး နိုင်ဟံသာ ထံ ကျနော် အကြောင်း ပြန်ထားပါတယ်” ဟု ဦးညိုအုန်းမြင့် က မဇ္စျိမကို ပြောသည်။

၂ဝ၁၁ နှစ်ကုန်ပိုင်း၌ UNFC နှင့် ဦးအောင်မင်းတို့ အလွတ်သဘော တကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်၍ ယခုစီစဉ်ထားသည့်
တွေ့ဆုံပွဲသည် ဒုတိယမြောက် အလွတ်သဘော ထပ်မံ တွေ့ဆုံကြခြင်း ဖြစ်မည်။

အဓိကအားဖြင့် နိုင်ငံတော် သမ္မတ၏ All Inclusive Discussing ဆိုသည့် အားလုံး ပါဝင်သည့် ငြိမ်းချမ်းရေး တွေ့ဆုံမှု
ပြုလုပ်ရန် ညွှန်ကြားထားမှုပေါ် အခြေခံ၍ တွေ့ဆုံခြင်း ဖြစ်ကြောင်း ဦးညိုအုန်းမြင့် က ပြောသည်။

ထိုတွေ့ဆုံပွဲသို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်များမှာလည်း UNFC အပေါ်၌သာ မူတည်ပြီး အပစ်အခတ် မရပ်စဲရသေးသော်ငြားလည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်များ တက်ရောက်လိုသည့် ဆန္ဒ ရှိပါက တက်ရောက်နိုင်သည်ဟု ဆိုသည်။

“UNFC ရဲ့ ဥက္ကဋ္ဌ လည်းဖြစ်၊ KIO ရဲ့ ဒု-ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဗိုလ်ချုပ် အင်ဘန်လ တို့လို ကိုယ်စားလှယ်တွေ တက်နိုင် ရင် ပိုကောင်းပါတယ်။ အခုလက်ရှိ ကချင်မှာ ဖြစ်နေတဲ့ ပြဿနာ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ ရှာကြဖို့နဲ့ နှစ်ဖက် ယုံကြည်မှု တည်ဆောက်ဖို့ အတွက်ကို အခြေအနေ တခုအထိကို ဆွေးနွေးနိုင်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်” ဟု ဦးညိုအုန်းမြင့် က ဆိုသည်။

သို့သော်လည်း တွေ့ဆုံပွဲတွင် မည်သည့် လုပ်ငန်းစဉ်များ၊ အကြောင်းအရာများကို ဆွေးနွေးကြနိုင်မည်နှင့် ပတ်သက် ၍ နှစ်ဖက်အကြား အသေးစိတ် အစီအစဉ်များကို ချမှတ်ထားခြင်း မရှိသေးကြောင်း UNFC အထွေထွေ အတွင်းရေးမှူး
နိုင်ဟံသာ က ပြောသည်။

“တွေ့ဆုံမယ် ဆိုတဲ့နေရာမှာ ဘယ်လို အချက်တွေ၊ အကြောင်း အရာတွေ ဆွေးနွေး ကြမလဲ ဆိုတာတော့ ကျနော် မပြောနိုင်သေးဘူး။ သိလည်း မသိရ သေးဘူး။ ဒီတွေ့ဆုံပွဲက အလွတ်သဘောလို့တော့ ပြောလို့ရတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ ပထမတကြိမ် အလွတ်သဘော တွေ့ကြပြီးမှ ဒီဇင်ဘာလလောက် ဒုတိယ အကြိမ်
ပြန်တွေ့ကြရာမှာ ဘာတွေ ဆွေးနွေးကြမယ်ဆိုတာ ပြောနိုင်ပါမယ်” ဟု မဇ္စျိမကို ပြောသည်။

လတ်တလော ဖြစ်နေသည့် ကချင်ပြည်နယ်တွင်း ထိုးစစ်များမှာ အစိုးရအဖွဲ့မှ စစ်တပ်အပေါ် အာဏာသက်ရောက်မှု နည်းနေသည်ကို ပြသနေကြာင်း UNFC မှ သုံးသပ်ထားသည်။ နှစ်ဖက် တရားဝင် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်မြောက်နိုင်
ရေးအတွက်မူ လတ်တလော အနေအထားအရ အလားအလာ မမြင်သေးကြောင်း နိုင်ဟံသာ က သုံးသပ်ပြောဆို သွားသည်။

ကချင်ပြည်နယ် အတွင်း ထိုးစစ်များကို ဇွန်လ ၁ဝ ရက်နေ့အထိ အစိုးရဘက်မှ မရပ်ဆိုင်း ပါက အဖွဲ့ဝင် အဖွဲ့အစည်း များဖြင့် ရရှိထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီ မှုများကို ပြန်လည် သုံးသပ်သွားရမည်ဟု UNFC မှ
မေလ ၁ဝ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ဖူးသော်လည်း ထိထိရောက်ရောက် သုံးသပ်နိုင်ခြင်း မရှိခဲ့ပေ။

ထိုင်းနိုင်ငံတွင် နေထိုင်သည့် ဦးညိုအုန်းမြင့် အနေနှင့် UNFC နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး အစီအစဉ် အပါအဝင် ထားဝယ် ရေနက်ဆိပ်ကမ်းကိစ္စ၊ တိုင်းရင်းသားဒေသ ပြန်လည်ထူထောင်ရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ
ပြုလုပ်နိုင်ရန်အတွက် အင်္ဂါနေ့၌ မြန်မာနိုင်ငံသို့ သွားရောက်ရန်ရှိသည်ဟု သိရှိရသည်။

http://www.mizzimaburmese.com/news/inside-burma/10300--unfc-----.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India