November 9, 2012

ABSDF ပြည်တွင်း လေ့လာရေး ခရီးစဉ် သွားရန် ဦးအောင်မင်းနှင့် သဘောတူ

စံခလပူရီ (မဇ္စျိမ) ။      ။ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့်
ကျောင်းသား တပ်မတော် ABSDF တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သောကြာနေ့က တွေ့ဆုံကြပြီးနောက် အချက် ၂ ချက်ကို သဘောတူနိုင်ခဲ့ကြသည်ဟု ABSDF အထွေထွေ အတွင်းရေးမှူး ရဲဘော် မျိုးဝင်း က ပြောသည်။

“ABSDF အနေနဲ့ ပြည်တွင်းကို လေ့လာရေး ခရီးစဉ်ကို သွားရောက်ဖို့ကို မကြာမီ ဆောင်ရွက်သွားဖို့ရယ်နဲ့
နောက်တချက်က တရားဝင် နှစ်ဖက် နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လက် လုပ်ဆောင်သွားဖို့ သဘောတူ နိုင်ခဲ့ကြတယ်” ဟု မဇ္စျိမကို ပြောသည်။

တရားဝင် နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လက် ပြုလုပ်မည့် အချိန်နှင့် ပြည်တွင်း လေ့လာရေး ခရီးစဉ် သွားရောက်ခြင်း အချိန်တို့အား နောက်ပိုင်း၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ဆက်လက် ချိတ်ဆက်ကာ အတည်ပြုသွားမည် ဖြစ်သည်။

၎င်းတို့အနေနှင့် ပြည်တွင်းသို့ လေ့လာရေး ခရီးစဉ် သွားရောက်ရခြင်းမှာ တစုံလုံး အခြေအနေအား သိရှိနိုင်ရန်၊ ABSDF လက်ရှိ အခြေအနေနှင့် အလားအလာများကို အကဲဖြတ်နိုင်ရန်နှင့် ပြည်တွင်းရှိ နိုင်ငံရေး အင်အားစုများ အားလုံးနှင့်လည်း တွေ့ဆုံနိုင်ရန် အတွက် ရည်ရွယ်သည့် ခရီးစဉ် ဖြစ်သည်ဟု ရဲဘော် မျိုးဝင်း က ပြောသည်။

ယနေ့ ဆွေးနွေးပွဲတွင် ဦးအောင်မင်းနှင့် ပွင့်ပွင့်လင်းလင်း တွေ့ဆုံ ဆွေးနွေးခွင့် ရခြင်းအတွက် အလားအလာ
ကောင်းသည့် အခြေခံ ရှိပြီး နောက်ထပ်လည်း နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လက် ဆွေးနွေးရန် သဘောတူ နိုင်ခဲ့၍ အလားအလာ ကောင်းသည့် ဆွေးနွေးပွဲ ဖြစ်သည်ဟု ABSDF ဘက်မှ သုံးသပ်သည်။

ABSDF ဘက်မှ ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်၍ ကိုယ်စားလှယ် ၆ ဦးဖြင့် ဦးအောင်မင်းတို့ အဖွဲ့အား သွားရောက်
ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် Myanmar Peace Center မှ အဖွဲ့ဝင် အချို့တို့သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် တွေ့ဆုံခဲ့သေး သည်။ ဤဆွေးနွေးပွဲသည် ဤနှစ် မကုန်မီ နိုင်ငံရေး ဆွေးနွေးပွဲအတွက် ပြင်ဆင်နိုင်ရန် အကြို ညှိနှိုင်းခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။

“ဝန်ကြီး ဦးအောင်မင်း အခြား အဖွဲ့တွေ အတူတူ ရောက်တုန်း UNFC ကို ညစာ စားပွဲ ဖိတ်လိုက်တာပါ။ အဲဒီ မတိုင်ခင် ကျနော်တို့ ဘက်က တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘော ဆွေးနွေးကြတာပဲ ရှိပါတယ်။ အထွေ အထူးတော့ မရှိပါဘူး” ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သည့် ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

ထိုသို့တွေ့ဆုံခဲ့မှုနှင့် ပတ်သက်၍ UNFC နှင့် မေးမြန်းနိုင်ရန် မဇ္စျိမက ဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ် မရနိုင်ခဲ့ပေ။

ဝန်ကြီးနှင့်အဖွဲ့သည် စနေနေ့ နံနက်ပိုင်း၌ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် ဆက်လက် တွေ့ဆုံမည် ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ကိုညိုအုန်းမြင့်က ပြောသည်။

http://www.mizzimaburmese.com/news/regional/10365-absdf------.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India