November 13, 2012

တောင်ပိုင်း ဝ တပ်ဖွဲ့က သျှမ်း/အရှေ့ ဒေသခံ လယ်ယာမြေများအားနည်းအမျိုးမျိုးဖြင့်သိမ်းယူ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း ဝ တပ်ဖွဲ့က လူထုလယ်မြေများအား အဓမ္မသိမ်းယူမှု၊ အဓမ္မ ဝယ်ယူမှု အပေါ်ဒေသခံများ မကျေမနပ်ဖြစ်နေသည်ဟု ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။
firm
(photo: Nong Seng Naw facebook)

“ဂျူလိုင်လကတည်းက နိုင်ငံရေးပါတီတွေဆီတင်ထားတယ်။ ဝ တပ်ဖွဲ့က ကျမတို့ရဲ့လယ်မြေတွေကို အဓမ္မ ဝယ်ယူ တယ်။ အဓမ္မသိမ်းယူတာလဲရှိတယ်။ အခုဆက်တိုက်ဖြစ်နေသေးတယ်။ ပါတီအမတ်ကနေ တင်ပြပေးဖို့လဲပြောထားတယ်။ ဘာမှတော့မသိရသေးဘူး” ဟု ပုံပါကျင်ဒေသခံ နန်းခမ်းကပြောသည်။

မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲအတွင်း ဝ တပ်ဖွဲ့များ သျှမ်းပြည်အရှေ့တောင်ပိုင်းသို့ စတင်ရောက်ရှိလာချိန်မှစ၍ ဒေသခံများ၏ လယ်ယာမြေများအား နည်းအမျိုးမျိုးဖြင့်  သိမ်းယူခဲ့ကြောင်း၊ စတင်ရောက်ရှိစဉ်က ဗိုလ်ချုပ်ခင်ညွန့် အမည်ဖြင့်သိမ်းပိုက်ကြောင်း၊ ထို့နောက်ပိုင်း ချောင်းအထက်ပိုင်းရှိလယ်မြေများအား အဓမ္မဝယ်ယူ၍ တခြားအောက်ပိုင်းရှိ လယ်သမားများအတွက် ရေမျှမပေး၊ နောက်ပိုင်းဈေးနှိမ်ဝယ်ခဲ့ကြောင်း လယ်ယာခြံ ပိုင်ရှင်များက ပြောပြပါသည်။

“ဒီလယ်မြေအသိမ်းခံရတဲ့ ကျနော်တို့ ပုံပါကျင်ရပ်ကွက် ၅ က လယ်သမား ၃ ယောက်စလုံး သူတို့မှာ ပုံစံ ၁၀၅ ရှိတယ်။ အဲဒီ ၁၀၅ မိတ္တူရယ် တင်ပြလာတဲ့စာတွေရယ် ကျနော့ရဲ့မေးခွန်းတွေရယ် တောင်ကြီးနဲ့ နေပြည်တော်ကိုပို့တယ်။ အဲဒီအသိမ်း ပိုက်ခံရတဲ့ လယ်ယာမြေတွေကို မြေစာရင်းတွေက ကွင်းဆင်းစစ်ဆေးတော့မယ်လို့ကြားထားတယ်။ ဘယ်တော့လာမလဲ တော့မသိဘူး ” ကျားဖြူ ပြည်နယ်လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ပြောပါသည်။

ဂျူလိုင်လဆန်းပိုင်းက ပုံပါကျင်မြို့နယ်ခွဲ လယ်သမား နန်းခမ်းစိန်၊ စိုင်းလျဲန်း၊ နန်းမတ် တို့၏ လယ် ၅ ဧက အား ၀ တပ်ဖွဲ့က သိမ်းယူခဲ့ကြောင်း၊ လယ်ပြန်ရရေးအတွက် ရပ်ရွာအုပ်ချုပ်ရေးမှူးနှင့်အတူ စရဖများအားခေါ်ယူ၍ ၀ တပ်ဖွဲ့ များနှင့် သွားရောက်ဆွေးနွေးတော်လည်း အောင်မြင်မှုမရှိကြောင်း လယ်ယာဆုံးရှုံးသူများက ပြောပါသည်။

“လယ်ပိုင်ရှင်တွေက ရပ်ကွက်အကြီးအကဲတွေကို ရပ်မိရပ်ဖတွေ၊ စရဖနဲ့ ထွေအုပ်တွေပါ ခေါ်ပြီး ဝ တပ်ဖွဲ့အကြီးအကဲ တာ့ကန်း နဲ့ တာ့ပေါဝ်း ဆိုသူ ၂ ယောက်ကိုသွားတွေ့တယ်။ သူတို့က အစိုးရ အရာရှိရှေ့မှာဘဲ လယ်ရှင်တွေကို ကြိမ်း မောင်းတယ်။ ခင်ဗျားတို့ အသက်တိုချင်လား သက်တမ်းစေ့မနေချင်လို့လား စတာတွေဘဲ။ အာဏာပိုင်တွေလဲ ဘာမှမ တတ်နိုင်ဘူး” ဟု လယ်သိမ်းခံရသူတဦးက မကျေမနပ်ဖြင့် သျှမ်းသံတော်ဆင့်အားပြောပြသည်။

တောင်ပိုင်းသို့ ရောက်ရှိစဉ်ကတည်းက အဆိုပါ ၀တပ်ဖွဲ့တို့သည် အစိုးရ (ထိုစဉ်က ဦးခင်ညွန့်) ၊ ငြိမ်းချမ်းရေး နာမည်သုံး၍ ဒေသခံလူထု၏ ဝါးရုံ၊ ထင်းတောများအား ခုတ်ယူသုံးစွဲခြင်း၊ ခြံစည်းရိုးများပါမကျန် ဆွဲနုတ်ကာ ထင်းအဖြစ်အသုံးပြုခြင်း၊ ထိုနောက်ပိုင်း ဒေသံလူထု၏ လယ်ယာမြေများအား အဓမ္မဝယ်ယူခြင်း၊ ဈေးနှိမ်ဝယ်ခြင်း၊ အခမဲ့သိမ်းယူခြင်းများ ပြုလုပ်ခဲ့ ကြောင်း၊ မကျေနပ်ပြီး ပြန်ပြောပါက ‘ငြိမ်းချမ်းရေးဖျက်ဆီးသူဖြစ်ချင်လား’ စသဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း၊ နိုင်ငံရေးပြောင်း လဲစပြုလာသောကြောင့် ယခုကဲသို့ ပြန်လည်တိုင်တန်းခြင်းဖြစ်ကြောင်း ပုံပါကျင်ဒေသခံများက ပြောသည်။

အသိမ်းခံရသည့်လယ်ယာမြေများမှာ ပုံပါကျင် အရှေ့ဘက်ရှိ ရပ်ကွက် ၅ နှင့် ၀ (ရွာသစ်) ပါတေရွာ အကြား လယ်မြေ များဖြစ် သည်ဟုသိရပါသည်။ အလားတူ မိုင်းတော့ မိုင်းထား မှ ၀  တပ်ဖွဲ့ထိန်းချုပ်နယ်မြေ ဟိုမိန်းမြို့နယ်ခွဲအထိလည်း ထိုကဲ့သို့ လယ်ယာမြေအသိမ်းခံရခြင်းများရှိခဲ့ကြောင်း ဟိုမိန်းဒေသခံများပြောပြချက်အရသိရသည်။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3646-2012-11-13-10-18-23.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India