August 26, 2012

KNU နှင့်တတိယ အကြိမ်မြောက် ဆွေးနွေးရေး မြန်မာ အစိုးရ ရက်ရွှေ့ဆိုင်း

သြဂုတ်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သြဂုတ်လ ၂၇ရက်မှ ၂၉ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် တတိယအကြိမ်မြောက် အပစ်ရပ်ရေးဆွေးနွေးမည့်ကိစ္စကို မြန်မာအစိုးရဘက်မှ အကြောင်းပြချက်မရှိ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း KNU က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။
မြန်မာအစိုးရသည် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က နှုတ်အားဖြင့် KNU ကို ယမန်နေ့၌ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း KNU ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက “ကျမတို့ အပြန်အလှန် ပုံမှန်ဆက်သွယ်ဖို့ သတ်မှတ်ထားတဲ့ လူကနေတဆင့် အစိုးရဘက်က အကြောင်းကြားခဲ့တာပါ။ အကြောင်းပြချက်တော့ ဘာမှ မသိရဘူး။ ဒါ ရွှေ့ခိုင်းတယ်လို့ပဲ ကျမတို့ကို ပြောခဲ့တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
သို့သော် တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရန်အတွက် မြန်မာအစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး တွေ့ဆုံနိုင် မည့် နေ့ရက်ကိုအမြန် ဆုံး ဆက်လက် အကောင် အထည်ဖော် ကြိုးပမ်းသွားမည်ဟု KNU က ဆိုသည်။
KNU နှင့် အစိုးရတို့သည် တတိယအကြိမ်မြောက် အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ယခုသြဂုတ်လ ၅ ရက်နေ့၌ မြဝတီမြို့တွင် အစည်းအဝေးပြုလုပ်၍ နှစ်ဦးနှစ်ဘက်ကိုယ်စားလှယ်များက ညှိနှိုင်းတိုင်ပင်ခဲ့ရာ တွေ့ဆုံမည့်နေရာ၊ နေ့ရက်များ ကို သဘောတူသတ်မှတ်ခဲ့ကြပြီး ဖြစ်သည်။
ဆက်လက်၍ နော်မေဦးက “ကျမတို့ တတိယအကြိမ် တွေ့ဆုံဖို့ အစိုးရဘက်က ရက်ရွှေ့ထားတာကို အများပြည်သူသိအောင် အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်တယ်။ ဒီလို မဟုတ်ရင် ပြည်သူလူထုတွေ အထင်မှားမှုနဲ့ စိုးရိမ်မှုတွေ ဖြစ်မှာကို စိုးလို့ပါ”ဟု ဖြည့် စွက်ပြောဆိုသည်။
ဧပြီလ ၆ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ၏ အစည်းအဝေး ဆုံးဖြတ် ချက်အရ ပြည်သူလူထု ဘဝလုံခြုံမှုကို အာမခံပေးနိုင်ရန် တပ်များ ပြန်လည် နေရာချထားရေးနှင့် နှစ်ဦးနှစ်ဘက်လိုက်နာရမည့် အပစ်အ ခတ် ရပ်ဆိုင်းရေးဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ (Code of conduct)ကို တတိယအကြိမ်မြောက်ဆွေးနွေးပွဲတွင် အသေး စိတ် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်းလည်း KNU က ပြောသည်။
၎င်းအပြင် အစိုးရနှင့် အပစ်အခတ်ရပ်ဆိုင်းရေး အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်တိုင်းသည် ယုံကြည်မှု တည်ဆောက်သည့်အ ဆင့်အဖြစ် သတ်မှတ်သည့်အလျောက် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရေးအတွက် ယုံကြည်မှုကို ပိုမိုခိုင်မာအောင် နှစ်ဦးနှစ် ဖက်မှ လုပ်ကိုင်သွားရန်လည်း KNU က ၎င်း၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။
ယခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့က KNU သည် မြန်မာအစိုးရနှင့် တွေ့ဆုံပြီး ပြည်နယ်အဆင့် ပဏာမ အပစ်အရပ်ရေး သဘောတူ လက်မှတ်ထိုးပြီးနောက် ဧပြီလ ၆ရက်နေ့က ပြည်ထောင်စုအဆင့်အဖြစ် ထပ်မံ ဆွေးနွေးကာ ဆုံးဖြတ်ချက် ၁၃ချက်ဖြင့် နှစ်ဖက် သဘောတူညီမှုများ ရရှိခဲ့သည်။

http://www.kicnews.org/?p=13069
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India