October 17, 2012

ABSDF ခေါင်းဆောင်ဟောင်းများ ပြည်တော်ပြန်ခရီးစဉ် သုံးသပ်

ပြည်ပရောက် နိုင်ငံရေး လှှုပ်ရှားသူ အများစု မြန်မာနိုင်ငံသို့ ပြန်မလာမီတွင် မြန်မာနိုင်ငံ အနေဖြင့် နောက်ထပ် ဒီမိုကရေစီအရေး တွန်းအားပေးမှှုများ လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ ပထမဦးဆုံး ဥက္ကဋ္ဌ ဖြစ်ခဲ့သူ အသက် ၆၃ နှစ် အရွယ်ရှိ ဦးထွန်းအောင်ကျော် က ဘန်ကောက်မြို့ ရှိ နိုင်ငံခြားသတင်းထောက်များ ကလပ်တွင် ပြောကြားလိုက်သည်။


ဦးမိုးသီးဇွန်၊ ဦးထွန်းအောင်ကျော်၊ ဦးမူးသာ၊ ဦးကိုကိုလေးတို့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးမစ်ရှင်နှင့် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ယုဇနဟိုတယ်တွင် သြဂုတ်လ ၆ ရက်နေ့၊ ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊မဇ္စျိမ)
ဦးမိုးသီးဇွန်၊ ဦးထွန်းအောင်ကျော်၊ ဦးမူးသာ၊ ဦးကိုကိုလေးတို့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးမစ်ရှင်နှင့် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ယုဇနဟိုတယ်တွင် သြဂုတ်လ ၆ ရက်နေ့၊ ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊မဇ္စျိမ)
မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁ ရက်နေ့မှ
အောက်တိုဘာ ၁၄ ရက်နေ့အထိ ပြန်လည် လာရောက်ခဲ့သည့် ဦးထွန်းအောင်ကျော် က
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သတ်၍ သူနှင့် သူ့အဖွဲ့၏ သဘောထား
အမြင်များအား တနင်္လာနေ့က ရှင်းလင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် အမေရိကန် နိုင်ငံသား
ဖြစ်နေသည့် ဦးထွန်းအောင်ကျော်က တိုင်းရင်းသား အင်အားစုများ အားလုံးနှင့်
မြန်မာစစ်ဘက်၊ အစိုးရတို့အကြား ပြန်လည် စည်းလုံး ညီညွတ်မှှု မရရှိသေးသရွေ့
မြန်မာနိုင်ငံအနေဖြင့် မည်သည့်အခါမျှ တည်ငြိမ်လိမ့်မည် မဟုတ်ဟု ဆိုသည်။

“တိုင်းရင်းသားမျိုးစုံရဲ့ ခေါင်းဆောင်တွေနဲ့ ကျနော်တို့ရဲ့ ဆွေးနွေးပွဲတွေမှာ သူတို့က သူတို့ လူမျိုးစုတွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှှုကို ရရှိလိုကြောင်း ဆန္ဒပြုကြပါတယ်။ ကျနော်တို့ အနေနဲ့ လေ့လာတွေ့ရှိခဲ့တာက …ဥပမာ အားဖြင့် ရှမ်းနဲ့ ကချင်တွေ ဆိုရင်
ပြည်ထောင်စုထဲမှာ ပါဝင်လိုကြပါတယ်။ လွတ်လွတ်လပ်လပ် သီးခြားခွဲထွက်ချင်တာမျိုး မဟုတ်ပါဘူး။ တိုင်းရင်းသား အဖွဲ့တွေ လိုချင်တာက မျှတတဲ့ အခွင့်အရေးတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပါ” ဟု နယူးယောက်မြို့ Cornell တက္ကသိုလ် ကျောင်းသားဟောင်း ဦးထွန်းအောင်ကျော် က ဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် အင်္ဂါနေ့က ဖော်ပြထားသည်။

ယခုအခါတွင် အမေရိကန် စီးပွါးရေး လုပ်ငန်းရှင် တဦး ဖြစ်နေပြီ ဖြစ်သည့် အသက် ၄၈ နှစ်အရွယ် ကိုမူးသာက
မြန်မာနိုင်ငံတွင် ဒီမိုကရေစီဆန်သော တိုးတက်မှှုများ ဆက်လက် တိုးတက်ဖြစ်ပွါးနိုင်ရန်အတွက် လူ့အဖွဲ့အစည်း
အတွင်းတွင် ငြိမ်းချမ်းရေး ရရှိရန် လိုအပ်ကြောင်း ပြောသည်။

“အစိုးရအနေနဲ့ လုံခြုံရေးနဲ့ ပတ်သတ်ပြီး အလွန်အမင်း စိုးရိမ်ပူပန်နေဆဲသာ ရှိသေးပါတယ်။ တကယ်လို့ မြန်မာနိုင်ငံ
အနေနဲ့ နောက်ထပ် တိုးတက်မှှုတွေ ရရှိဖို့ဆိုရင် နိုင်ငံအတွင်းမှာ စိတ်နေသဘောထားတွေ ပြောင်းလဲဖို့ လိုပါတယ်။
နောက်ပြီးတော့ ရေဆိုးစွန့်ထုတ်စနစ်နဲ့ ကျန််းမာရေး ကဏ္ဍတွေမှာလည်း အလျင်အမြန် တိုးတက် ပြောင်းလဲဖို့ လိုအပ်နေပါတယ်” ဟု အမေရိကန် နိုင်ငံသား ဖြစ်သည့် ကိုမူးသာ က ဆိုသည်။

ကမ္ဘာအရပ်ရပ်ရှိ ပြည်ပရောက် မြန်မာ ၆ သန်းအား အမိနိုင်ငံသို့ ပြန်၍ ဖွံ့ဖြိုးရေးတွင် ပါဝင်ကူညီ လုပ်ဆောင်ရန်
လည်း ၎င်းတို့အစုက တိုက်တွန်းသည်။

“မြန်မာနိုင်ငံ အနေနဲ့ ကဏ္ဍပေါင်းစုံမှာ ကျွမ်းကျင်သူတွေ လိုအပ်နေပြီး အဲဒီ့ လိုအပ်ချက်ကို ပြင်ပရောက် မြန်မာတွေ
က အလွယ်တကူ ဖြည့်ပေးနိုင်စွမ်း ရှိပါတယ်။ ဗျူရိုကရေစီ စနစ်က အလွန်အားနည်းပြီးတော့ ကဏ္ဍတိုင်းမှာ မကျွမ်းကျင်သူတွေပဲ ရှိပါတယ်။ ပြည်ပရောက် မြန်မာတွေ ပြန်လာစေရေး အားပေးဖို့အတွက် အစိုးရ အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကို အရင်ဆုံး ထုတ်ရပါမယ်” ဟု ဦးထွန်းအောင်ကျော် က ပြောသည်။

ABSDF ၏ ပြန်ကြားရေး တာဝန်ခံဟောင်း ဖြစ်ခဲ့ဖူးသူ ဦးကိုလေး ကလည်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အဓိက အတားအဆီးမှာ အခြေခံ ဥပဒေတွင် ရှိနေသည်ဟု ဆိုသည်။

“ဒါပေမယ့် အစိုးရ အနေနဲ့ အခြေခံဥပဒေ ပြုပြင်ရေး အပြင် တခြားလုပ်နိုင်တဲ့ ဟာလည်း ရှိပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ တခြားကဏ္ဍတွေမှာ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးတွေ နောက်ထပ် ဖြစ်ပေါ်လာဖို့ အတွက် တွန်းအားပေး လုပ်ဆောင်နိုင်ပါတယ်” ဟု အမေရိကန် နို်င်ငံသားဖြစ်သူ ဦးကိုလေး က ဆိုသည်။

၎င်းတို့အစုက သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့်လည်း ငြိမ်းချမ်းရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့စဉ် ဦးအောင်မင်း က ကချင်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သတ်၍ အပြုသဘောဆောင်သော သတင်းကောင်းများ ထွက်ပေါ်
လာလိမ့်မည်ဟု ဆိုခဲ့ကြောင်းလည်း ပြောပြကြသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော ရိုဟင်ဂျာ နှင့် ဗုဒ္ဓဘာသာများအကြား ပဋိပက္ခနှင့် ပတ်သတ်၍မူ ဘာသာရေးနှင့် လူမျိုးရေး လက္ခဏာများနှင့် ပတ်သတ်သော အငြင်းပွါးဖွယ်ရာများ ပါဝင်နေသောကြောင့်ဟု ဆိုကာ ၎င်းတို့အနေဖြင့် ထင်မြင်ချက် ပေးရန် ငြင်းဆန်ခဲ့သည်။

“ဒီကိစ္စကို ဘယ်လို ပုံဖော်ကြမလဲ ဆိုတာက နိုင်ငံထဲမှာ ရှိတဲ့ လူအများစုပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ အနေနဲ့ အဲဒီ့အကြောင်း မပြောနိုင်ပါဘူး။ အဲဒါဟာ ရှုတ်ထွေးပြီး သိမ်မွေ့ပါတယ်” ဟု ဦးထွန်းအောင်ကျော် က ဆိုသည်။

ဒုက္ခအပေးဆုံး ပြဿနာများ အနက် တခုသော ပြဿနာမှာ စီးပွါးရေးနှင့် ပတ်သတ်နေကြောင်းကို “စိတ်ပူစရာ အကောင်းဆုံးကတော့ စက်မှှုဇုန်တွေမှာ မြေယာသိမ်းတဲ့ ကိစ္စနဲ့ ပင်လယ်ကမ်းခြေက လုပ်ငန်းတွေမှာ အာဏာပိုင်
တွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် (crony) တွေက ထိန်းချုပ်ထားတဲ့ ကိစ္စတွေ ဖြစ်ပါတယ်” ဟု ငြိမ်းချမ်းရေး မစ်ရှင်အဖြစ် မိခင်တိုင်းပြည်သို့ ၂၄ နှစ်ကြာအတွင်း ပထမဆုံးသွားရောက်ခဲ့သည့် ဦးထွန်းအောင်ကျော် က သုံးသပ်ပြောဆိုသွား
သည်။

http://mizzimaburmese.com/news/regional/10268-absdf-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India