April 30, 2013
လူထုကို အကြပ်အတည်း ဖြစ်စေသည့် နည်းဖြင့် KIA အား ထိန်းချုပ်
Tuesday, April 30, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
March 11, 2013
KIO နယ်မြေရှိ ၁၀ တန်းကျောင်းသူ/သားများ အစိုးရ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနိုင်ခြင်းမရှိ
Monday, March 11, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲဖြစ်ပွားလာချိန်မှစ၍ KIO ထိန်းချုပ်နယ်မြေသို့ခိုလုံလာသော ဒုက္ခသည်အပါအဝင် ဒေသခံကျောင်းသူ/သားများသည် အစိုးရအုပ်ချုပ်နယ်မြေသို့သွားရောက်ဖြေဆိုရန် လုံခြုံရေးစိုးရိမ်မှုကြောင့် ယမန်နှစ်မှ မဖြေဆိုနိုင်တော့ခြင်းဖြစ်သည် ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာပြောသည်။
“တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ KIO တပ်ဖွဲ့ဝင်မဟုတ်တဲ့ သူကိုလည်း KIO လူဖြစ်တယ်ဆိုပြီး ဖမ်းနေတယ်ဆိုတော့ ဘယ်လိုမှ လုံခြံုရေးမရှိဘူးလေ” ဟုဆိုသည်။
အဆိုပါ KIO နယ်မြေ လိုင်ဇာ ၊မိုင်ဂျာယန် နှင့် အင်ဂွမ်းလ ကျောင်းများမှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားဦးရေသည် ၂၀၀ ကျော်ရှိပြီး ၄င်းတို့ကို KIO ပညာရေးအဖွဲ့မှ တက္ကသိုလ်အဆင့်ပညာရေးသင်ကြားမှုရရှိရေး စစ်ဆေးမေးမြန်းရန် စီစဉ်ပေးနေသည်ဟု ဆလန်ကဘာ ဒွဲပီဆာပြောသည်။
“KIO အခြေနေကောင်းရင်တော့ ကောလိပ်အဆင့်ထိ ပြင်ဆင်နေဆဲဖြစ်တယ်။ အစိုးရဖက်မှာပဲသွားတက်ရတာမဟုတ်ပဲ။ KIO ကောလိပ်ကနေပဲ ပြင်ပကို သွားတက်နိုင်တဲ့ အခွင့်အလမ်းထိ ရောက်လာအောင် ရည်ရွယ်ထားတယ်” ဟု ဆလန်ကဘာ ဒွဲပီဆာ ပြောသည်။
၂၀၁၂-၂၀၁၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် KIO ပညာရေးအဖွဲ့၏ ဗဟိုကော်မတီမှ ပညာရေးမှူးများ၊ အငြိမ်းစားကျောင်းဆရာများနှင့် ဘွဲ့လွန်ဆရာများမှ ဘုတ်အဖွဲ့ ဖွဲ့၍ မေးခွန်းထုတ်ကာ လာမည့် ဧပြီလ ၁ နေ့မှစ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း လိုင်ဇာ အထက်တန်းကျောင်းမှ ဆရာဦးခေါင်လွမ်း KNG ကချင်သတင်းဌာနသို့ပြောသည်။
“ကျနော်တို့နိုင်ငံကို ကျနော်တို့ ယုံကြည်တဲ့ စိတ်ဓာတ်ရှိဖို့လိုအပ်တဲ့ ခေတ်ဖြစ်နေတဲ့ အတွက်ကြောင့် ကျနော်တို့နိုင်ငံကို ကျနော်တို့ချစ်တယ်။ ကိုယ့်နယ်မြေကို တိုးတက်အောင်လည်း လုပ်သွားဖို့နဲ့ ကလေးတွေတိုးတက်ဖို့ရန် ဦးစားပေးဆောက်ရွက်နေတယ်။ ဘယ်မှာဖြေဖြေ အစိုးရမှာဖြေလဲ စာကဒီစာပဲ ကချင်မှာဖြေလဲ စာကဒီစာပဲ အဲလိုမြင်တယ်” ဟုပြောသည်။
မိုင်ဂျာယန် ကျောင်းတွင် ၁၀ တန်းကျောင်းသူ/သား ၉၀ ကျော်ရှိပြီး လိုင်ဇာကျောင်းတွင် ၁၂၉ ယောက်နှင့် မြောက်ပိုင်းတိုင်း အင်ဂွမ်လကျောင်းတွင် ၂၀ ခန့်သည် ယခုနှစ် တက္ကသိုလ်ဝင်တန်းမေးပွဲ ကို မိမိတို့ကျောင်းတွင်သာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ယမန်နှစ် ပညာသင်နှစ်တွင်လည်း KIO ထိန်းချုပ်နယ်မြေတွင်းခိုလှုံနေသော ကျောင်းသားများသည် အစိုးရစစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေဆိုနိုင်ခြင်းမရှိသော်လည်း KIO ပညာရေးအဖွဲ့မှစစ်ဆေးသော စာမေးပွဲတွင် မိုင်ဂျာယန်ကျောင်းမှ ကျောင်းသား ၄၀ ကျော် ခန့်ဖြေဆိုရာ ၂၀ ကျော်အောင်မြင်ခဲ့ကြောင်းသိရသည်။
၎င်းအောင်မြင်သော ကျောင်းသူကျောင်းသားများသည် KIO ဆရာအတတ်သင်ကျောင်း၊ KIO ဗိုလ်လောင်းကျောင်းနှင့် တရုတ်ပြည် မန်ရှီ (Mang Shi) ဆေးကျောင်း၊ မန်ရှီ တရုတ်တက္ကသိုလ်၊ ကျမ်းစာကျောင်း၊ အင်္ဂလိပ်စကားပြောကျောင်းများ စသည့် ကျောင်းအသီးသီးတွင် သင်ယူခွင့်ရကြောင်း မိုင်ဂျာယန်ကျောင်းမှသိရသည်။
အစိုးရနှင့် KIA ကြား တိုက်ပွဲများသည် ၂၀၁၁ ခုနှစ် မှစ၍ စတင်ဖြစ်ပွားခဲ့ရာ ၂ နှစ် နီးပါး ရောက်ရှိလာပြီဖြစ်သော်လည်း တင်းမာမှုများသည် အရှိန်လျှော့နည်းသွားခြင်းမရှိပဲ ဆက်လက်၍ ထိုးစစ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
http://kachinnews.com/burmese/news/1045-kio-%E1%80%94%E1%80%9A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%9B%E1%80%BD%E1%80%AD-%E1%81%81%E1%81%80-%E1%80%90%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%B0-%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B-%E1%80%90%E1%80%80%E1%81%A0%E1%80%9E%E1%80%AF%E1%80%AD%E1%80%9C%E1%80%B9%E1%81%80%E1%80%84%E1%80%B9%E1%80%90%E1%80%94%E1%80%B9%E1%80%B8-%E1%80%85%E1%80%AC%E1%80%B1%E1%80%99%E1%80%B8%E1%80%95%E1%80%BC%E1%80%B2%E1%80%B1%E1%80%BB%E1%80%96%E1%80%86%E1%80%AD%E1%80%AF%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%9B%E1%80%BD%E1%80%AD.html
January 23, 2013
လွယ်ဂျယ် - ဗန်းမော်ကားလမ်း ယာဉ်များမသွားရန် KIA ညွန်ကြား
Wednesday, January 23, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ယမန်နေ့ညပိုင်းက လွယ်ဂျယ် - ဗန်းမော် မော်တော်ယာဉ်လိုင်း ဦးစီးအဖွဲ့သို့ KIA အဖွဲ့မှ ယာဉ်သွားလာ ခွင့်ပိတ်ပင်သည့် စာတစ်စောင် ပေးပို့ထားကြောင်း ဗန်းမော်မြို့ မော်တော်ယာဉ်လိုင်းအဖွဲ့နှင့် နီးစပ်သူတစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြော သည်။
“စာက မနေ့ညပိုင်းကမှ မော်တော်ယာဉ်လိုင်း ဦးစီးအဖွဲ့ကို လိပ်မူပြီးပို့လာတာ။ လွယ်ဂျယ်နဲ့ဗန်းမော်လမ်းမှာ ယာဉ်တွေ အ သွား အလာ မလုပ်ဖို့ပေါ့နော်။ စစ်ဖြစ်နေတဲ့အတွက် အန္တရာယ်တွေဖြစ်လာရင် တာဝန်မယူတဲ့အကြောင်းပေါ့နော်” ဟု သူက ဆိုသည်။
KIA အဖွဲ့၏ အဆိုပါစာပေးပို့အပြီး ယနေ့နံနက်ပိုင်းမှစ၍ ဗန်းမော် - လွယ်ဂျယ်လမ်း ယာဉ်များပြေးဆွဲခြင်း ရပ်နားထား ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း အဆိုပါလမ်းကြောင်းမှ တဆင့် အစိုးရစစ်တပ်များ အဆက်မပြတ် ပို့ဆောင်နေရာ KIA နှင့် အစိုးရ တပ်များ အကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း နောက်ထပ် ဗန်းမော်မြို့ခံကုန်သည် တစ်ဦးက ပြောသည်။
“ဗမာဘက်က စစ်ကြောင်းတွေ အဆက်မပြတ် တက်နေတာ ၃ ၊ ၄ ရက်လောက်ရှိပြီ။ ဗန်းမော်ကနေ လွယ်ဂျယ်နဲ့ နမ့်ခမ်း ဘက်ကို ပို့နေတာ။ မနေ့ညပိုင်းကလည်း လွယ်ဂျယ်ဘက် ထပ်တက်သွားတယ်။ မနေ့ညနေ ၄ နာရီလောက်က မိုးမောက်မြို့ ကျောက်စခန်းနားမှာ တပ်မ ၉၉နဲ့ တိုက်ပွဲဖြစ်တယ် ” ဟု ဆိုသည်။
ယခုလ ၁၉ ရက်နေ့ကလည်း လွယ်ဂျယ် - ဗန်းမော်ကားလမ်း ၂၇ မိုင်အနီးတွင် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ခရီးသည် ၂၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
http://burmese.bnionline.net/index.php/news/imna/12805----kia-.html
ဖားကန့် ဒေသခံတွေအတွက် ကေအိုင်အေ တပ်မှူး အကူအညီတောင်း
Wednesday, January 23, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေဟာ ဒီကနေ့မနက်အစောပိုင်းမှာလည်း အဲဒီ့နေရာမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် ဒီကနေ့မှာပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံပြည်သူဟာ လူဦးရေ ၂ ထောင်ကျော် ရှိလာပြီလို့ မှော်ဂဠုန်ကျေးရွာက NLD ပါတီဝင်တစ်ဦးက RFA ကို အခုလိုပြောပါတယ်။
“အပြန်အလှန် ပစ်ခတ်တာ အခု အစိုးရတပ်က တစ်ယောက်တော့ ထမ်းသွားတာတွေ့တယ်၊ အခု လက်ရှိကတော့ ကျနော်တို့ ရွာကလူတွေက ထိတ်ထိတ်ပြာပြာ ဖြစ်နေကြတာပဲ၊ ထမင်းတောင် အခုချိန်ထိ ဘယ်သူမှ မချက်စားရဲသေးဘူး”
အဲဒီ့ဒေသကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေဟာ ဝှေခါနဲ့ မှော်ဂဠုန်ကျေးရွာတွေမှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။
ကချင်ပြည်နယ်မှာ စစ်ဆင်ရေးရပ်စဲဖို့ သမ္မတဦးသိန်းစိန် က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ညွှန်ကြားထားပြီး ကာကွယ်ရေးဦးစီးချုပ်ကလည်း သမ္မတရဲ့အမိန့်နဲ့ ညွှန်ကြားချက်တွေကို နာခံဆောင်ရွက်နေတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်တာတွေ ရှိပါတယ်။
ဒါပေမယ့် ကချင်ပြည်နယ်ရဲ့ နေရာအတော်များများမှာ ကေအိုင်အေနဲ့ မြန်မာအစိုးရတပ်တွေ ဒီကနေ့အထိ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ်က စစ်ပွဲတွေရပ်ဆိုင်းရေးမှာ ဘယ်လိုအတားအဆီးတွေ ရှိနေသလဲဆိုတာကို RFA သတင်းထောက် မသူဇာက တင်ပြထားပါတယ်။
http://www.rfa.org/burmese/news/help-need-pharkant-people-01232013101346.html
| အသံဖိုင်နားထောင်ရန် | |
| အသံဖိုင်ယူရန်။ |
January 17, 2013
ကချင်စစ်ပြေးဒုက္ခသည််များကို တရုတ် ရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေးမှုရှိနေ
Thursday, January 17, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
စစ်ပြေး ဒုက္ခသည်အချို့ကို တရုတ် ရဲတပ်ဖွဲ့က ဖမ်းဆီး၍ စစ်ဆေးမေးမြန်းမှုများ ရှိနေကြောင်း သိရသည်။
မူဆယ်မြို့နယ်၊ ဝမ်ဒိန်ဂပ်နာ ကျေးရွာအုပ်စု ဖိုင်ကောင်ကျေးရွာမှ ရွာသား ၂၀၀ ကျော်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့နယ်၊ နောင်းလုန်ကျေးရွာမှ ကချင်ခရစ်ယာန် နှစ်ခြင်းအသင်းတော် ကျောင်းဝင်းအတွင်း ခိုလှုံနေရာ ၎င်းတို့အနက် ၁၂ ဦးကို ဇန်နဝါရီလ ၁၅ ရက်နေ့က ထိုကျေးရွာမှ တရုတ် ရဲတပ်ဖွဲ့ဝင်များက လက်ထိတ် ခတ်၍ ဖမ်းဆီးမေးမြန်းခဲ့ခြင်း ဖြစ်သည်။
“တနေ့က တချို့ အိပ်ယာတောင် မထသေးဘူး။ မထသေးတဲ့ လူတွေကို ကန်ပြီး ထခိုင်းပြီးတော့ နှစ်ယောက်တတွဲ လက်ထိပ်ခတ်ပြီး သူတို့ စခန်းထဲကို ခေါ်သွားတယ်။ ဟိုမှာ ၂ နာရီလောက် ထိုင်ထားခိုင်းပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းတယ်။ ကျနော်တို့ ပြောင်းဖို့ တခြားနေရာ မရှိတော့ဘူး။ ရွာကို ပြန်မယ်ဆိုလည်း အစိုးရ စစ်ကြောင်းက ရှိနေတယ်” ဟု ၎င်းရွာသားက ပြောသည်။
ထိုသို့ စစ်ဆေးမေးမြန်းစဉ် ရွာသားများအား တိုက်ပွဲများ မရှိတော့သဖြင့် ကိုယ့်ရွာကို ပြန်ရန် ပြောဆိုမှုများ ရှိသဖြင့် မူးယစ်ဆေးဝါး စစ်ဆေးမှု အကြောင်းပြ၍ ၎င်းတို့အား နှင်ထုတ်ခြင်း ဖြစ်နိုင်သည်ဟု သူက မဇ္စျိမကို ပြောသည်။
ကချင်ရွာသူကြီးများက ပြန်လည် ခေါ်ယူခဲ့ရာမှ တရုတ်ရဲတပ်ဖွဲ့က ၎င်းတို့အား ပြန်လွှတ်ပေးလိုက်သည်ဟု သူက မဇ္စျိမကို ပြောသည်။
အဆိုပါ ဖိုင်ကောင်ကျေးရွာသားများမှာ တိုက်ပွဲ ဖြစ်ပွားလာပါက ထွက်ပြေးခိုလှုံရန် ရွာအနီး လယ်ကွင်းများအတွင်း ပိုင်ဆိုင်သော စပါးများကို သိမ်းဆည်းထားသည့် စခန်းငယ် ၂၀ ခန့်အား အစိုးရ တပ်ဖွဲ့က ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မီးရှို့လိုက်သဖြင့် ဒီဇင်ဘာ လဆန်းတွင် တရုတ်နိုင်ငံသို့ သွားရောက် ခိုလှုံနေခြင်း ဖြစ်သည်ဟု သိရသည်။
ထိုသို့ မီးရှို့ဖျက်ဆီးသည့်နေ့က ၎င်းကျေးရွာမှ ဆယ်အိမ်မှူး အပါအဝင် အမျိုးသား ၂၀ ကျော်အား အစိုးရစစ်တပ်က ဘုရားကျောင်းအတွင်း ချုပ်နှောင်ထားခြင်းများ ပြုခဲ့ဖူး၍ ရွာသားများ မိမိနေရပ်သို့ ပြန်ရန် စိုးရိမ်မှုများ ရှိနေသည်ဟု ထိုရွာသားက ပြောသည်။
ဖိုင်ကောင်ကျေးရွာတွင် အိမ်ခြေ ၆၀ ခန့်ရှိပြီး တချို့မှာ မိမိကျေးရွာတွင် ကျန်ရစ်ကာ ၂၀၀ ကျော်မှာ တရုတ်နိုင်ငံ၊
နောင်းလုန် ကျေးရွာသို့ သွားရောက် ခုုိလှုံနေရာမှ ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးခြင်း ခံနေရခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/10771-2013-01-17-12-34-19.html
January 16, 2013
ကချင်အရပ်သားတွေကို အကာအကွယ်ပေးဖို့ AI တိုက်တွန်း
Wednesday, January 16, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မြန်မာအစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA တို့ကြားဖြစ်နေတဲ့ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ အရပ်သားတွေ ထိခိုက် သေဆုံးတာတွေ မဖြစ်အောင် ရှောင်ရှားနိုင်ဖို့ မြန်မာအစိုးရ အနေနဲ့ လုပ်ဆောင်သင့်တာတွေ အားလုံးကို လုပ်သွားဖို့လိုတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။
ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၄ ရက်နေ့က အစိုးရတပ်တွေ ရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေဆုံး သွားခဲ့ပြီးတဲ့နောက် အခုလို Amnesty International ကပြောလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် KIA ကချင်လက်နက်ကိုင်အဖွဲ့အနေနဲ့လည်း အရပ်သားတွေနေထိုင်တဲ့ နေရာတွေနားမှာ အစိုးရတပ်တွေဘက်က ပစ်မှတ်ထားနိုင်တဲ့ စစ်စခန်းတွေ မထားမိအောင်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို အပြည့်အဝ လေးစားလိုက်နာဖို့တိုက်တွန်းပါတယ်။
နှစ်ဘက်တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့အရပ်သားတွေ မထိခိုက်ရအောင် အစိုးရတပ်တွေရော၊ KIA ဘက်ကပါ သေချာပေါက် အကာအကွယ် ပေးသွားဖို့လိုကြောင်း၊ တကယ်လို့ အရပ်သားနဲ့ တိုက်ခိုက်ရေးတပ်တွေကို မခွဲဘဲ ပစ်နေမယ်ဆိုရင် အရပ်သားပြည်သူတွေရဲ့ ဘဝတွေဟာ ထိခိုက်သေဆုံးရမယ့် အန္တရာယ်ရှိတယ်ဆိုတာကို လိုင်ဇာမှာ လူ ၃ ယောက် သေ ဆုံးခဲ့တဲ့ ဖြစ်ရပ်က ပြသနေတယ်လို့ Amnesty International အဖွဲ့ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ဒုတိယညွန်ကြားရေးမှူး Issabelle Arradon က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး စစ်ပွဲဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း ရှိမရှိဆိုတာကို ဆုံးဖြတ်ဖို့ မြန်မာအစိုးရကို တောင်းဆိုတယ်လို့လည်း ပြောပါတယ်။ အခုရက်ပိုင်းတွေအတွင်းမှာ အစိုးရတပ်တွေနဲ့ KIA တို့ကြား တိုက်ပွဲတွေဟာ ပိုပြီးတော့ အရှိန်မြှင့်လာခဲ့ပါတယ်။ အစိုးရဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို KIA ဘက်ကလည်း မန္တလေး-မြစ်ကြီးနားမီးရထားလမ်းမှာ ရထားဗုံးခွဲတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။
အစိုးရတပ်တွေဘက်က လိုင်ဇာကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် KIA တပ်မဟာ ၃ နယ်မြေ မိုင်ဂျာယန် ဒုက္ခသည်စခန်းမှာ ဗုံးခိုကျင်းတွေတူးပြီး လုံခြုံရေးအတွက် ပြင်ဆင်နေစဉ် အတွင်း ဗုံးခိုကျင်းပြိုကျတာကြောင့် ကလေးငယ် ၃ ဦး သေဆုံးသွားခဲ့ပါတယ်။
http://burmese.voanews.com/content/kachin-kia-civilians-killed-by-myanmar-army-bomb-ai-/1585425.html
January 1, 2013
ကချင် ကလေးငယ်များ စစ်ပွဲကြောင့် စိတ်ဒဏ်ရာရနေ
Tuesday, January 01, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
အစိုးရ တပ်များက လေကြောင်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာချိန်တွင် စစ်ဘေးရှောင် ဒုက္ခသည် စခန်းများ၌ ပြောင်းရွှေ့ နေထိုင် ကြရသည့် ဒုက္ခသည်များမှာ မလုံခြုံမှုနှင့် စိုးရိမ်မှုများကို ခံစားလာရကြောင်း၊ အထူးသဖြင့် ဒုက္ခသည်များ ၏ သားသမီး ကလေးငယ်များမှာ စိတ်ဒဏ်ရာကို ပိုမို နက်နက်ရှိုင်းရှိုင်း ခံစားနေကြရကြောင်း ကချင် ဒုက္ခသည်များအား ကူညီစောင့်ရှောက် ပေးနေသူ ကချင်ဒေသခံ ဦးဒွဲပီဆာက ဧရာဝတီသို့ပြောသည်။
၁၈ လ ကျော်ကြာ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်ဒေသတွင် ဒုက္ခသည်များမှာ စားဝတ်နေရေး အပါအဝင် ဒုက္ခအမျိုးမျိုး တွေ့ကြုံ ခံစားနေရကြောင်း၊ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး အခြေအနေ မှာလည်း နိမ့်ကျဆိုးဝါး နေသည့် အပြင် အချိန်တိုင်း ကြောက်ရွံ့ ထိတ်လန့်စိတ်များ ခံစားနေရကြောင်း၊ အစိုးရ စစ်တပ်များက အမြောက်ကြီးများ၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များနှင့် နေ့စဉ် ပစ်ခတ်နေသည့် အတွက် ဒုက္ခသည်များမှာ ကတုတ်ကျင်းများ ထဲတွင် နေထိုင်ရပြီး အပြင်မထွက်ကြရန် သတိပေး ထားကြောင်း ဆက်လက်ပြော ဆိုသည်။
“ကချင် တနယ်လုံးမှာ ဒုက္ခသည်က ခြောက်သောင်းခွဲ ကျော်လောက် ရှိမယ်။ အဲဒီထဲမှာ ကလေးငယ်အရေ အတွက်က တသောင်းကျော် လောက်ရှိတယ်။ ကလေးတွေက စစ်ဒဏ်ကို ပိုပြီး ဆိုးဆိုးဝါးဝါး ခံစားနေရ တာပေါ့။ အရင်တုန်း ကတော့ လူကြီး မိဘတွေ ဆီကနေ စစ်အကြောင်း သိရတာ။ အခုက သူတို့ကိုယ်တိုင် ကိုယ်တွေ့ ခံစားနေရတာ။ ကလေးတွေက ပိုကြောက်နေ ကြတယ်” ဟု ဦးဒွဲပီဆာက ရှင်းပြသည်။
ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ မမေစပယ်ဖြူ ကလည်း ဒုက္ခသည် စခန်းများရှိ ကချင် ကလေးငယ်များ စိတ်တွင် လူမျိုးရေး အခြေခံသော မုန်းတီးမှုများ ပေါက်ဖွားလာနေကြောင်း၊ ဗမာမုန်းတီးရေး စိတ်အခြေခံများ တွေ့လာရကြောင်း ပြောသည်။
“နေ့စဉ်နဲ့အမျှ ပစ်တာ၊ ခတ်တာ တိုက်တာ၊ ခိုက်တာတွေချည့်ပဲ ကလေးတွေ ကြားနေရတယ်လေ။ ဒီကလေး တွေရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာ တွေရလာတယ်။ သူတို့ ဒီလို ဖြစ်နေရတာက စစ်ကြောင့်၊ စစ်ဆိုတာ ကလည်း ဗမာစစ်တပ် တွေနဲ့ ဖြစ်နေတာလို့ သူတို့က နားလည်တယ်။ ဗမာတွေက ကချင်တွေကို လာပြီးတော့ ပစ်ခတ်တိုက်ခိုက်နေလို့ ပြေးနေရတာ၊ စာမသင်ရတာဆိုပြီး နုနယ်တဲ့ ကလေးတွေရဲ့ နှလုံးသားထဲမှာ နှစ်ရှည်ကြာ လာတာနဲ့အမျှ အမြစ်စွဲလာတယ်။ လူမျိုးရေး ကို အခြေခံတဲ့ မုန်းတီးစိတ်၊ စိတ်ဒဏ်ရာ တွေစွဲလာတယ်။ စစ်တိုက်တမ်း ကစားရင်တောင် ဗမာတွေနဲ့ ပစ်ကြမယ်၊ ခတ်ကြ မယ်ဆိုတဲ့ ကစားနည်းမျိုးတွေ ကစားကြတယ်။ ရေရှည်မှာ ဒါက နိုင်ငံ့ အနာဂတ် အတွက် မကောင်းနိုင်ဘူး” ဟု မမေစပယ်ဖြူက ဆိုသည်။
KIA စစ်ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ အနီးရှိ ကြယ်ရန်း ကချင် စစ်ဘေး ဒုက္ခသည် စခန်းသို့ မှတ်တမ်း ဗီဒီယိုသွားရောက် ရိုက်ကူးခဲ့သော မရှင်းဒေဝီကမူ ကချင်ကလေးငယ်များတွင် လူမျိုးရေး အခြေခံသော မုန်းတီးစိတ်များ မြင်တွေ့ ရသည့် အပြင် ကလေးငယ်များသည် သေနတ်ဖြင့် တိုက်ခိုက်ရသည့် စစ်တိုက်ကစားနည်းကို အလွန် နှစ်သက်ကြ သည်ကို တွေ့ရ ကြောင်း ပြောသည်။
“ကချင် ကလေးတွေက သေနတ်ကိုပဲ စိတ်ဝင်စားကြ တယ်။ သူတို့ အချင်းချင်း ကချင်လိုပြောပြီး ပစ်ကြတာ။ အချို့ကလေးတွေက ကစားစရာ သေနတ်မရှိတော့ ၀ါးတွေ၊ သစ်သားတွေကို သေနတ်လုပ်ပြီး ကစားကြတယ်။ ကျမ ကချင် ဒုက္ခသည် စခန်းမှာ မှတ်တမ်း ဗီဒီယိုသွား ရိုက်ဖြစ်တော့ စစ်တိုက်တမ်း ဆော့နေတဲ့ ကလေးလေးတွေက
ကျမက ဗမာဆိုပြီး သေနတ်နဲ့ ပစ်တဲ့ ပုံစံမျိုးလေးတွေ လုပ်ကြတယ်”ဟု မရှင်းဒေဝီက ပြောသည်။
အစိုးရတပ်များနှင့် KIA အကြား ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် ဒီဇင်ဘာလ ၂၇ ရက်နေ့က ကချင်ဒေသခံ ပြည်သူတဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး လေးဦး ပြင်းထန်စွာ ဒဏ်ရာ ရခဲ့သည်။ ကချင် ငြိမ်းချမ်းရေး ကွန်ရက်၊ ၈၈ မျိုးဆက် ကျောင်းသားများ အပါအဝင် လူမှု အခြေပြု အဖွဲ့အစည်းများက ကချင် ဒေသတွင် ငြိမ်းချမ်းရေး ရရှိရန်နှင့် စစ်ပွဲများ ရပ်ဆိုင်းရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က မေတ္တာရပ်ခံလွှာ ထုတ်ပြန် တောင်းဆိုခဲ့ကြသည်။
http://burma.irrawaddy.org/archives/29522
ကေအိုင်အေ က ခရီးသွားနဲ့ ဒေသခံတွေဆီက ဆက်ကြေးတောင်း
Tuesday, January 01, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကေအိုင်အေ ပြည်သူ့စစ်တွေက မီးသွေးကားနဲ့ ထင်းတင်တဲ့ကားတွေကို ကျပ်ငါးသောင်း ပေးဖို့ ကောက်ခံနေတာတွေရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အခုလို ငွေကြေးကောက်ခံနေတာတွေဟာ ပြီးခဲ့တဲ့ (၃)လကစပြီး ပြုလုပ်နေကြတာလို့ သိရပါတယ်။
http://www.rfa.org/burmese/news/kia-local-01012013120254.html
December 18, 2012
ကချင်ပြည်နယ်အရေး စိုးရိမ်ပူပန်ကြောင်း အမေရိကန်သံအမတ်ကြီးပြောကြား
Tuesday, December 18, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
နှစ်ရက်ကြာမြင့်တဲ့ အမေရိကန်သံတမန်အဖွဲ့ရဲ့ ခရီးစဉ်အတွင်း ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာက စိန့်ဂျိုးဇက် ရိုမန်ကက်သလစ်နဲ့ ကချင်နှစ်ချင်းအသင်းတော် ဘုရားကျောင်းတွေမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း၊ ဝိုင်းမော် သာဂရ သရက်တော ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းနဲ့ မြစ်ကြီးနားမြို့က Hope Center အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် စောင့်ရှောက် ကုသရေးဋ္ဌာတို့ကို သွားရောက်ခဲ့ပြီး မြစ်ကြီးနားအခြေစိုက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် သံအမတ်ကြီးက ကချင်ပြည်နယ်ထဲမှာ သွေးထွက်သံယိုပြဿနာတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အတွက် ကျနော်တို့စိုးရိမ်ပါတယ်။
ဒါ့အပြင် အထူးသဖြင့် စစ်ဘေးကြောင့်နေရပ်ကို စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် ပူပန်မိပါတယ်။ အစိုးရထိန်းချုပ်ထားတဲ့ ဒေသတွေမှာရော အစိုးရထိန်းချုပ်နိုင်စွမ်းမရှိတဲ့ ဒေသတွေမှာပါ ရောက်ရှိနေကြတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ဖို့ ကျနော်တို့ စိတ်ဝင်စားပါတယ်။
တနည်းအားဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အပြုသဘောအားဖြင့် ကျနော်တို့ပါဝင် ကူညီနိုင်မယ့်နည်းလမ်းကိုရှာမှာဖြစ်ပါတယ်။
ဒါဟာ မြန်မာပြည်ရဲ့ အကျိုးစီးပွါးဖြစ်ယုံမျှမက ဒေသတခုလုံးရဲ့ တည်ငြိမ်ရေးကိုပါ အကျိုးဖြစ်ထွန်းစေမယ်လို့ ကျနော်တို့ ယူဆပါတယ်။
ဒီလိုပါဝင်ကူညီခြင်းဟာ ကျနော်တို့ အတွက် ဒီတိုင်းပြည်နဲ့ ဆက်ဆံရေးမှာ ယုံကြည်မှု တည်ဆောက်တာလည်း ဖြစ်ပါတယ်လို့ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချယ်က RFA ကို ပြောကြားခဲ့ပါတယ်။
http://www.rfa.org/burmese/news/us-kachin-camp-12182012134513.html
အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ် အခြေအနေသွားလေ့လာ
Tuesday, December 18, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ပထမဆုံးအကြိမ် ကချင်ပြည်နယ်ကို သွားရောက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲနဲ့အဖွဲ့ဟာ နှစ်ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ဒီဇင်ဘာလ ၁၇ ရက် တနင်္လာနေ့က မြစ်ကြီး နားမြို့ကို ရောက်ရှိခဲ့ပြီး၊ အဲ့ဒီမှာရှိတဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ကချင် ပြည်နယ်တိုင်းမှူးအပါအဝင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေကို သီးခြား စီ တွေ့ဆုံခဲ့ပြီးတော့ လက်ရှိ ကချင်ပြည်နယ်တွင်းက အခြေအနေတွေ၊ မအောင်မမြင်ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စတွေနဲ့ ဒုက္ခသည်အရေး ကိစ္စတွေကို မေးမြန်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့တွေ့ဆုံချိန် မစ္စတာမစ်ချဲအနေနဲ့ ဘာတွေ ပြောဆိုခဲ့သလဲလို့ ကချင်ပြည် နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ -
"မစ္စတာမစ်ချဲလ်ဟာ သူ့အနေနဲ့လာတဲ့ ပထမဦးဆုံး ခရီးစဉ်ဖြစ်တယ်၊ လာရောက် လေ့လာတာဖြစ်ပါ တယ်ဆိုပြီးတော့ ဝိုင်းမော်နဲ့ မြစ်ကြီနားစခန်း သုံးလေခုပဲ သူ ကြည့်ပြီးမှ ပြန်သွားပါတယ်။"
အင်္ဂါနေ့ကတော့ မြစ်ကြီးနားနဲ့ ၀ိုင်းမော်မှာရှိတဲ့ ကချင်ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေ ရဲ့ အခြေ အနေတွေကို ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ပြီး သူ့အနေနဲ့ အခုလို လာရောက်တာ ဟာ နယ်စွန် နယ်ဖျားက ဒုက္ခသည်တွေကို ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ဖို့အတွက်ဖြစ်တယ်လို့ ပြော တဲ့အကြောင်း မစ္စတာမစ်ချဲနဲ့ တွေ့ဆုံခဲ့တဲ့ PCG ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင် ဦးယပ်ဇောင်ခေါန်းက ပြောပါတယ်။
"အဓိက ကတော့ ဒီ ဒုက္ခသည်စခန်းက တောထဲတောင်ထဲ နယ်စွန်နယ်ဖျား အရပ်ဒေသ မှာ ဖြစ်တဲ့အခါကျတော့ ကားလမ်းလည်း မပေါက်ဘူးဆိုတဲ့အခါကျတော့ ဘယ်လို ဘယ်ပုံ နည်းနဲ့ ရောက်အောင် ပို့ပေးလို့ဖြစ်မလဲ၊ PCG အနေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ပေးနိုင် မလဲ အဲဒါ စစ်ဘေးဒုက္ခသည်က ဘယ်လောက် ရှိသလဲ၊ ထပ်တိုးတာရှိသလားဆိုတော့ ကျနော်တို့လည်း လောလောဆယ် တိုက်ပွဲအခြေအနေအရ တိုးလာတာရှိပါတယ်လို့ ပြောလိုက်ပါတယ်။"
တနှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးကြရတဲ့ စစ်ပြေးဒုက္ခသည် ဦးရေဟာ အခုဆိုရင် ၁ သိန်းကျော်သွားပြီလို့ ကချင် ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ လူ့အခွင့် အရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့တပတ်ကလည်း KIO ဌာနချုပ်ရှိရာ လိုင်ဇာဘက်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် အဲ့ဒီနား ရွာတွေက ဒေသခံတွေ ထပ်မံထွက်ပြေးခဲ့ကြ ရပါတယ်။ ဒီလို ဒေသခံ ပြည်သူတွေ ဒုက္ခရောက်ကြ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်ရတာကြောင့် နှစ်ဘက် အပစ်အခတ်ရပ်စဲရေး အကြိမ်ကြိမ် ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေကလည်း အခုထိ မအောင်မြင်သေးပါဘူး။ ဒီလို ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ မအောင်မြင်ရတာ ဘာကြောင့်လဲလို့ မစ္စတာ မစ်ချဲက PCG ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ကို မေးခဲ့သေးတယ်လို့ ဦးယပ်ဇောင်ခေါန်း က ဆက်ပြောပြပါ တယ်။
"ဆွေးနွေးတဲ့နေရာမှာ ဒီလို အကြောင်းတွေကြောင့်မို့လို့ မအောင်မြင်တဲ့အပိုင်းက ဘာလို့ မအောင်မြင်သလဲ၊ ဘယ်လိုဖြစ်သလဲဆိုတဲ့ ကျနော်တို့ရဲ့ သုံးသပ်ချက်တွေကို မေးတာပါ။ ထိုးစစ်ဆင်မှုက နည်းနည်း ပြင်းပြင်းထန်ထန်ဖြစ်တဲ့အခါကျတော့ အခက်အခဲ ဖြစ်နေတယ်။ မကြာခင်တော့ အမြန်ဆုံးတွေ့ဆုံဖို့တော့ ကျနော်တို့လည်း ကြိုးစားပေးနေတာပေါ့လေ။ ထိုးစစ်ဆင်မှုကြောင့် ထိခိုက်တဲ့သဘောပဲလေ-"
၀န်ကြီးဦးအောင်မင်းကတော့ ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ ဒါမှမဟုတ် ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ထပ်မံ တွေ့ဆုံဆွေးနွေးကြဖို့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က KIO ကို ကမ်းလှမ်းထားပေမဲ့ အခုထိတော့ တုံ့ပြန်မှု မရှိသေးပါဘူး။ အခုလို အမေရိကန်သံအမတ်ကြီး ဒဲရက်မစ်ချဲနဲ့အဖွဲ့ ကချင်ပြည် နယ်ကို ရောက်ရှိနေချိန်မှာပဲ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေကလည်း ဆက်လက်ဖြစ်ပွားနေ ဆဲ ဖြစ်ပြီး အင်္ဂါနေ့ မနက်ပိုင်းကဆိုရင် ဖားကန့်မြို့အနီးက ကာမိုင်းရဲစခန်းကို လက်နက်ကိုင် အဖွဲ့တဖွဲ့က ၀င်ရောက်ပစ်ခတ်ခဲ့ လို့ သေဆုံးမှုရှိခဲ့တယ်လို့ မျက်မြင်သက်သေတဦးဖြစ်တဲ့ NLD အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဖားကန့်ခရိုင်အဖွဲ့ဝင် ဦးဟန်မြင့် က ဗွီအိုအေကို ပြောပြပါတယ်။
" နှစ်ယောက်သေပါတယ်။ သုံးယောက်ဒဏ်ရာရပါတယ်။ တပ်ကြပ် စိုးမင်းသူ အသက် (၃၀) ခန့်နဲ့ သူနာပြု ဒေါ်တင်မေအောင် အသက် (၂၈) နှစ်ပါ။ အဲဒါက သေစာရင်းပါ။ တပ်ကြပ်ထွန်းအေး၊ ဒေါ်မေမွှေးစိန်ရယ်၊ နောက် ဒေါ်လှစိန်နုရယ်၊ အဲဒါက သားအမိပါ။ အဲဒါတွေက ဒဏ်ရာရပါတယ်။ အဲဒီသုံးယောက်ရဲ့ အခြေအနေကလည်း မကောင်းပါဘူး။ ဆီးခုံမှာတွေတို့၊ တင်ပါးကနေ ဗိုက်ဖောက်ထွက်တာတို့၊ ဗိုက်ကနေ နောက်ဖောက် ထွက်တာတို့၊ လက်ကျိုးတာတို့ အဲဒီ အနေအထားတွေမှာ ရှိပါတယ်။ အဲဒီအချိန်က ကျနော်လည်း ကားမိုင်းမှာ ညီလာခံကိစ္စနဲ့ ရောက်နေတဲ့အတွက် ကျနော်တို့ကို အဲဒီစခန်းနဲ့ နီးနေလို့ကို အတော်ကို အထိတ်အလန့် ဖြစ်သွားပါတယ်။ မြို့ထဲကလည်း အားလုံး ထိတ်လန့်နေကြတာပေါ့ဗျာ။ မနက်က ကျနော်သွားပြီး ပံ့ပိုးကူညီမှု လုပ်တဲ့အချိန်မှာတော့ အာာဏာပိုင်ဘက်က ဘာမှ လုပ်ဆောင်မှုကို မရှိသေးပါဘူး။ သူတို့ကိုယ်နှိုက်ကိုက အားလုံး ကြောက်နေကြပါတယ်။ အပျက်အစီးတွေဆိုတာကတော့ ဆိုင်ကယ်တွေ- ဒါမျိုးတွေပါ။ တခြားပျက်စီးစရာ အကြီးအကျယ်ကတော့ မရှိပါဘူး။"
ဒါ့အပြင် ဖားကန့်ဘက်မှာလည်း လက်နက်ကြီးပစ်ခတ်သံတွေကြောင့် ဒေသခံတွေ အထိတ်ထိတ် အလန့်လန့်ဖြစ်နေကြပြီး မိုးကောင်းဘက်က ကုန်တင်ယာဉ်တွေ မလာတဲ့ အတွက်လည်း ဖားကန့်မြို့မှာ ကုန်စျေးနှုန်းတက်မယ့် အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ ဖားကန့်မြို့ခံတွေက ပြောဆိုခဲ့ပါတယ် ရှင်။
http://burmese.voanews.com/content/derek-mitchell-visit-to-kachin-state/1567222.html
December 12, 2012
မတရားသင်းပုဒ်မဖြင့် ရင်ဆိုင်နေရသူ ကချင် နှစ်ဦးကို ဖောက်ခွဲမှုဖြင့် ထပ်စွဲ
Wednesday, December 12, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ကျေးရွာ ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းရှိ စစ်ပြေးဒုက္ခစခန်းတွင် ခိုလှုံနေ
သော ဦးဘရန်ယုန်နှင့် ဦးလဖိုင်ဂမ် တို့ကို ဇွန်လအတွင်းက ဖမ်းဆီးခဲ့ပြီး မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် စွဲဆို ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဖောက်ခွဲ ၃ ဖြင့် ထပ်မံ စွဲဆိုထားမှုကို ဗုဒ္ဓဟူးနေ့တွင် ခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။
“ကျမတို့လည်း အံ့သြနေတယ်။ ဘာကြောင့် ဒီပုဒ်မ ပြန်တပ်တာလဲ မသိတော့ဘူး။ ကျမနဲ့ ကလေးတွေလည်း ဒုက္ခ
ရောက်နေပါတယ် ဆိုမှ အမျိုးသားက နောက်ပုဒ်မ ပြန်တပ်လာတော့ စိတ်ညစ်နေရတယ်” ဟု ဦးဘရန်ယုန်၏ အမျိုးသမီး ဒေါ်ခေါန်နန် က မဇ္စျိမကို ပြောသည်။
ယနေ့ တရားရုံးသို့ ရောက်ရှိလာသော ဦးဘရန်ယုန်နှင့် ဦးလဖိုင်ဂမ်တို့မှာ ကျန်းမာရေး ကောင်းမွန်ပြီး တရားလိုဘက် မှ သက်သေများ ရောက်မလာ၍ စစ်ဆေးခြင်းမရှိဘဲ ဒီဇင်ဘာ ၁၉ ရက် နေ့မှာ ထပ်မံ ချိန်းဆိုလိုက်သည်။
ပုဒ်မ ၁၇(၁) အမှုနှင့် ပတ်သက်၍ တရားလိုဘက်မှ သက်သေများကို အင်္ဂါနေ့တွင် စစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စွဲချက် တင်သင့်၊ မတင်သင့် နှစ်ဖက်ရှေ့နေများ လျှောက်လဲမည် ဖြစ်သည်။
သူတို့ကို ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ကွဲျကုန်သည်များနှင့် လိုက်ပါသွားရာမှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၃၇ တပ်ဖွဲ့များ ဖမ်းဆီးခဲ့ပြီးနောက် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ နှိပ်စက်မှု ခံခဲ့ရသည်ဟု သူ၏ မိသားစုက မဇ္စျိမကို ပြောဆိုခဲ့ဖူးသည်။
၎င်းတို့ နှစ်ဦးမှာ KIO စစ်သားများ မဟုတ်ကြောင်းနှင့် ဗုံးဖောက်ခွဲခြင်းလည်း မရှိသော်လည်း စရဖ မတရား ညှင်းပန်းနှိပ်စက်ခြင်းကြောင့် ဝန်ခံလိုက်ခြင်းသာ ဖြစ်ကြောင်း လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးမာခါး က ပြောသည်။
“စရဖက KIO စစ်သားလုပ်တယ်ဆိုတဲ့ ကာလမှာ သူတို့က ဒုက္ခသည် စခန်းမှာပဲ နေနေတာ။ မတရားစွပ်စွဲတယ်။ ဘာခိုင်လုံတဲ့ အထောက်အထားမှ မရှိဘူး။ တရားရုံးကလည်း တရားမျှတတဲ့ ဘက်ကနေ ရှိနေရမယ်။ ခုသက်သေ အထောက်အထား မရှိဘဲနဲ့ တရားရုံးက ဘာမှ အရေးမယူပေးဘူး” ဟု မဇ္စျိမကို ပြောသည်။
KIO နှင့် အစိုးရ တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သော တနှစ်ကျော်ကာလအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များ မှ ဒေသခံများနှင့် စစ်ပြေးဒုက္ခသည်တချို့အား မတရားအသင်းနှင့် ဗုံးဖောက်ခွဲမှုတို့ဖြင့် အာဏာပိုင်များက လူ ရဝ
ကျော် ဖမ်းဆီးခဲ့ပြီးနောက် ၃ဝ ကျော်အား ပြစ်ဒဏ်ချမှတ်ခဲ့သဖြင့် ၄ဝ ဦး ကျော်မှာ ဆက်လက် တရားရင်ဆိုင်နေရဆဲ
ဖြစ်ကြောင်း ဦးမာခါးက ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/10567-2012-12-12-11-35-14.html
December 8, 2012
တန်ဖဲ ရွာသား စိတ်မမှန်သူ တဦးအား တပ်မ ၃၃ တပ်ဖွဲ့များ ရိုက်နှက်ခဲ့
Saturday, December 08, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
သောကြာနေ့ ည ၈ နာရီချိန်တွင် အသက် ၃၀ ကျော်အရွယ် ဦးလရှီလနူးသည် ကွယ်လွန်သူ တန်ဖဲကျေးရွာသား ဦးရှိန်ရိုင် ဇော်တောင်၏ တနှစ်ပြည့် အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်းပွဲမှ၍ အပြန် မြစ်ဆုံလမ်းခွဲတွင် အစိုးရတပ်ဖွဲ့
များက ထိုးကြိတ်၍ သေနတ်ဖြင့် ဦးခေါင်းနှင့် မျက်နှာများတွင် ရိုက်နက်ခဲ့ကြောင်း ဒေသခံ တဦးက ပြောသည်။
“မနေ့ည ဆုတောင်းပွဲတခု ရှိတယ်။ အဲဒီကနေ အပြန်မှာ မြစ်ဆုံနဲ့ ဆွမ်ပရာဘွမ်တက်တဲ့ လမ်းခွဲမှာ သူ့အိမ်ရှေ့
အရောက် စစ်သားတွေက သူ့ကို စစ်ဆေးမေးမြန်းတယ်။ သူက စိတ် သိပ်မူမမှန်ဘူး။ ဘယ်လို ပြောလိုက်တာလဲ မသိဘူး။ သူ့ကို ရိုက်နက် ထိုးကြိတ်တာ သတိတောင်မရဘူး” ဟု တန်ဖဲ ရွာသားတဦးက ပြောသည်။
လက်ရှိ ကိုလရှီလနှုးသည့် သွေးထွက်သံယိုမှု များပြားသဖြင့် သတိမဲ့ခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် ဆေးကုသရန်
ပြောဆိုသော်လည်း ကံယံကံရှင်မှာ ကယောင်ခြောက်ခြား ဖြစ်နေသည်ဟု သိရသည်။
“သူက ဗမာစကားရေရေလည်လည် မပြောတတ်ဘူး။ သေနတ်နဲ့ ထုထားတော့ ခေါင်းမှာ အရမ်းဆိုးတယ်။ ပါးနဲ့ မျက်ခုံး နှစ်နေရာမှာ ပေါက်ပြဲနေတယ်။ သွေးတွေချည်းပဲ။ အဲဒီစစ်သားတွေက ဓါတ်ပုံတွေ ရိုက်ထားတယ်” ဟု မဇ္စျိမကို ပြောသည်။
၎င်းတပ်ဖွဲ့များက ဦးလရှီလနှုး၏ အဖိုးတန် ကချင်ရိုးရာ လည်ဆွဲကိုလည်း ယူသွားသည်ဟု ဒေသခံက ဆိုသည်။
ဦးလရှီလနူးသည် အောင်မြင်သာကျေးရွာတွင် နေထိုင်နေပြီး တန်ဖဲကျေးရွာသို့ တောင်ယာ လုပ်ကိုင်ရန် သွားရောက်
နေထိုင်နေသူ ဖြစ်သည်။ စနေနေ့ ညနေပိုင်းတွင် သူ၏ မိသားစုနှင့် မိတ်ဆွေများက အောင်မြင်သာကျေးရွာရှိ
ကျေးရွာအုပ်ချုပ်ရေးရုံးသို့ စာတင်ရန် စီစဉ်နေသည်ဟု ထိုဒေသခံက ပြောသည်။
အောင်မြင်သာကျေးရွာ ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ဦးလရမ်က “ကျနော်မြစ်ကြီးနားရောက်နေလို့ အသေးစိတ် မသိသေးဘူး။ နယ်မြေမှူးတွေက ဓါတ်ပုံတွေတော့ ရိုက်ထားတယ်လို့ ပြောတယ်။ ရိုက်ခံရတဲ့ လူက နည်းနည်း ကြောင်နေတယ်။ သူ စကားပြောမှားတာလား ဘာလား မသိဘူး” ဟု မဇ္စျိမကို ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/10546-2012-12-08-12-47-39.html
December 5, 2012
ဒေသခံများကို ကေအိုင်အေ တပ်သားစုဆောင်းနေ
Wednesday, December 05, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
December 4, 2012
တနိုင်းလွင်ပြင် စစ်ဆင်ရေး၌ အစိုးရ တပ်များ လူ့အခွင့်အရေး ချိုးဖောက်
Tuesday, December 04, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
“တခွ္ပျတ်ဆို့ ကျေးရွာကို သူတို့ ကားတန်း တက်လာတော့ ယုဇနဇုံမှ တက်လာတဲ့ အသက် (၅၀) အရွယ်ပေါ့ ဦးခွန် ဖက် နော်ဖွံ့ ၊ ပြီးတော့ အသက်က (၅၄) နှစ်ရှိတဲ့ ဒေါ်ဌေးကြည်နဲ့ အသက် (၁၀) နှစ်အရွယ် ရှိတဲ့ မောင်ရန်နိုင်တို့ကို တွေ့တော့ ကားပေါ်ကနေ လှမ်းပစ်လိုက်တယ်။ ဦးခွန်ဖက်နော်ဖွံ့က အဲဒီနေရာမှာဘဲ ပွဲချင်းပြီး သေသွားတယ်။” ဟု ဆိုပါသည်။
ဒဏ်ရာ ရရှိထားသော ဒေါ်ဌေးကြည်နှင့် မောင်ရန်နိုင်တို့ကို မြစ်ကြီးနားမြို့ ဆေးရုံသို့ ပိုးပေး လိုက်ကြပါသည်။ (၄၂) စီးခန့် ရှိသော အစိုးရ စစ်တပ်ကားတန်းသည် တချွတ်ရွာတွင်းသို့ ရောက်ရှိချိန်၌လည်း ဓါတ်ပုံဆိုင် တစ်ဆိုင်ကို ပစ်ခတ်ပြီးဖျက် ဆီး ခဲ့သလို လက်ဝါးကပ်တိုင် ကပ်ထားသည့် အိမ်တစ်အိမ် ကိုလည် ပစ်ခတ်သွားခဲ့သည်ဟု ဆိုပါသည်။
KIA တပ်မဟာ(၂) လက်အောက်ခံ တပ်ဖွဲ့များသည်၊ ၄င်းကားတန်းလုံခြုံရေးတပ်ဖွဲ့ကို (၄)ကြိမ် တိုက်ခိုက်ခဲ့သည်ဟု တပ်မ ဟာ (၂) ရုံး အရာရှိ တဦးက ဆိုပါသည်။ တိုက်ပွဲများသည်၊ ယမာန်နေ့ မနက် (၉) နာရီခွဲ ချိန်တွင် တချွတ်ဆို့ရွာ၏ နောင် မြေ အနီး တွင်တကြိမ် နှင့် နေ့လယ် (၁၁) နာရီခွဲ အချိန်် တန်ဦးတောင် အနီး၌ တကြိမ် KIA တပ်ရင်း (၁၄) တပ်ဖွဲ့က တိုက်ခိုက် ခဲ့ပါသည်။
ထို့အပြင် ပြီးခဲ့သည့် ဒီဇင် ဘာလ (၂) ရက်နေ့ နေ့လည်(၂) နာရီခွဲ အချိန်တွင် မိုး ကောင်းမြို့မှ တက်လာသော စစ်တပ် ကားတန်းကို လုုံခြုံရေး ယူထားသည့် တပ်ဖွဲ့နှင့် အထက်- စီဂျင်ယန်း အကြားတွင် KIA တပ်ရင်း (၁၁) တို့က (၂)ကြိမ်တိုက် ခိုက်ခဲ့သည်ဟု ဆိုပါသည်။
အစိုးရ စစ်ကား တန်းသည် KIA တပ်မဟာ (၂) ဧရိယာဖြစ်သော ကချင်ပြည်နယ် တနိုင်း လွင်ပြင်ကို စစ်ဆင်ရန် ရောက် ရှိ လာခြင်းဖြစ်သည်ဟု တပ်မဟာ (၂)ရုံးအရာရှိက ဆိုပါသည်။ ဤကားတန်းတွင် လက်နက် ခဲယမ်း မီးကျောက်နှင့် ရိက္ခာ များ တင်ဆောင်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ မိုးကောင်းမြို့ စကခ (၃) သို့ ထွက်ခွာ လာခဲ့သော ကားတန်းဖြစ်ပါသည်။
ဒီဇင်ဘာလ (၂) ရက်နေ့ နံနက် (၃) နာရီတွင် မိုးကောင်းအခြေစိုက် စကခ (၃) သို့ ရောက်ရှိခဲ့ပြီး ထိုမှတဆင့် တနိုင်းလွင် ပြင်ဘက် သို့ ဆက်လက် ချီတက် သွားခြင်းဖြစ်ပါသည်။
ဤတပ်ဖွဲ့များသည် စစ်ဆင်ရေး အစီအစဉ်အရ ကျေးရွာနှင့် ရွာသားများကို ထင်သလို အကြောင်းမဲ့ ပစ်ခတ်မှုနှင့် နှိပ်စက် ညှင်းပမ်းမှုများ ပိုမိုပြုလုပ်ခြင်း အားဖြင့် စစ်ပြေး ဒုက္ခသည်များကို ဖြစ်စေပြီး KIA နှင့် အဆက်ပြတ်စေသော လုပ်နည်း စီမံချက် အတိုင်း လုပ်ဆောင ်နေခြင်းဖြစ်ကြောင်း ဝေဖန်သူများက ဆိုပါသည်။ အထူးသဖြင့် လမ်းပမ်းဆက်သွယ်ရေး ဆိုးဝါး ခက်ခဲသော နေရာများ၌ လူ့အခွင့်အရေးများ ချိုးဖေါက်မှုများ ပိုမိုဆောင်ရွက်ကြပြီး ဖေါ်ထုတ်ရန် ခက်ခဲသော နေရာ မျိုး၌ လုပ်နေကြဟု ဒေသခံများက ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2467-2012-12-04-11-12-42.html
KIA တပ်သားများကို ဝှက်ထားသည်ဟုဆိုကာ ရွာသားများအား မြန်မာစစ်တပ်က ဖမ်းဆီးစစ်ဆေး
Tuesday, December 04, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
“KIA နဲ့ ဗမာတပ် တိုက်ပွဲဖြစ်ပြီးရင် KIA စစ်သားတွေကို ရွာသားတွေက ဝှက်ထားတယ်။ သေနတ်တွေ လည်း ဝှက်ထားပေးတယ်။ အမြန်ရှာပေး။ မဟုတ်ရင် ရွာတွေကို မီးရှို့ပစ်မယ်လို့ ရွာသားတွေကို ခြိမ်း ခြောက်တယ်။ ဖမ်းဆီးရိုက်နှက် စစ်ဆေးတယ်။ ဒါကြောင့် ရွာသားတွေက ကြောက်နေကြတယ်” ဟု ပန်ဆိုင်းမြို့ခံသူတစ်ဦးက ပြောပါသည်။
နိုဝင်ဘာ ၂၈ ရက် ကြူကုတ်-ပန်ဆိုင်းမြို့နယ် ဖိုင်ကောင်းကျေးရွာအနီး KIA တပ်ရင်း ၃၆ နှင့် အစိုးရ တပ် ခလရ ၂၄၀ တို့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်ပြေးဒုက္ခသည်များ၏ စခန်းရှိ နားခိုတဲ ၁၀ လုံးကို ခလရ ၂၄၀ မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရွာသားများအားလည်း ဖမ်းဆီးကာ ဖိုင်ကောင်းဘုရားကျောင်း ဝင်းအတွင်း ရိုက်နှက် စစ်ဆေးကြောင်း ၎င်းက ဆက်ပြောပါသည်။
“အမျိုးသမီးတွေကို အရင်ပြန်လွှတ်ပေးတယ်။ ပြီးမှ အမျိုးသားတွေကို လွှတ်ပေးတယ်။ ဖိုင်ကောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇင်ထုန်း ဆိုင်းအောင်၊ ခလန်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရွာသားတချို့ကို လမ်းပြအဖြစ် ခေါ်သွားတယ်။ အခုတော့ ပြန်လွတ်လာပြီ။”
တိုက်ပွဲဖြစ်ပွားပါက ရွာသူရွာသားများ ဖိုင်ကောင်းကျေးရွာရှိ စစ်ပြေးဒုက္ခသည်စခန်းသို့ သွားရောက် ခိုအောင်းကြကြောင်း၊ အဆိုပါစခန်းတွင် သက်ကြီးရွယ်အိုများနှင့် ကလေးများ အမြဲတမ်း ပုန်းခိုနေထိုင် ကြကြောင်း၊ လူငယ်လူရွယ်နှင့် လူလတ်ပိုင်းများက တိုက်ပွဲဖြစ်ပွားမှသာ သွားရောက်ခိုအောင်းကြ ကြောင်း သိရှိရပါသည်။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3701-kia-----.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။


