September 15, 2012

တိုင်းရင်းသားပေါင်းစုံညီလာခံထိုင်း၌စတင်ကျင်းပ ကိုယ်စားလှယ်ရာကျော်တက်ရောက်

စက်တင်ဘာ ၁၄ - ၁၆ ရက်နေ့ အထိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် သျှမ်း ကိုယ်စားလှယ် များ ပါဝင်သည့် ညီလာခံတရပ်အား ထိုင်းနယ်စပ်၌ ကနေ့ စတင်ကျင်းပကြောင်း တက်ရောက်သူ တဦးက ပြော ပါသည်။

“အခုက တိုင်းရင်းသား ကိုယ်စားလှယ်ပေါင်း ၁၅၀ လောက်တက်တယ်။ ဆွေးနွေးတဲ့ အာဂျဲန်ဒါကတော့ အဓိက  သမ္မတ ခင်းနေတဲ့ Peace Process ဘဲ၊ ကျနော့်အထင်တော့ ၁၉၆၁ တောင်ကြီးညီလာခံ နောက်ပိုင်း ဒီညီလာခံက အကြီးဆုံးဘဲထင်တာဘဲ” - ဟု ပြည်တွင်းမှ တက်ရောက်သူ တဦးက ပြောပါသည်။

ယနေ့ကျင်းပသည့် တိုင်းရင်းသားပေါင်းစုံညီလာခံသည် ပြည်တွင်းပြည်ပမှ တိုင်းရင်းသား နိုင်ငံရေးပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့ ၊ လူမှုအခြေပြု အဖွဲ့အစည်းများလည်း ပါဝင်တက်ရောက် ကြကြောင်း၊ တက်ရောက်သူ လူဦးရေကန့်သတ်ထားကြောင်း တက်ရောက်သူများက ပြောပါသည်။

“ခန့်မှန်းထားတာ ၁၁၅ ယောက်ဘဲ။ အခုတက်ရောက်လာတာ ၁၄၃ ယောက်ထက်မနည်းဘူးလို့ထင်ဒါဘဲ၊ သတင်းထောက်တွေအတွက်တော့ တနင်္ဂနွေနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ပေးမယ်” - ဟု အလုပ်အမှုဆောင်တွင် ပါဝင်သူတဦးက ပြောပါသည်။

တိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာ ခေါ်  ဗမာလူမျိုးများနှင့် ခွဲခြား ဆက်ဆံခြင်းခံရပြီး တန်းတူအခွင့်အရေးလည်း ဆုံးရှုံးနေကြောင်း၊ ၁၉၄၇ ဖွဲ့စည်းပုံမှစ၍ ၂၀၀၈ ဖွဲ့စည်း ပုံအထိ တိုင်းရင်းသားများအား အကာအကွယ်ပေးသည့်၊ အမာခံပေးသည့်အချက်များ မရှိကြောင်း ဝေဖန် ပြောဆိုကြပါသည်။

လက်ရှိအာဏာရ မြန်မာအစိုးရကလည်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ပင်လုံညီလာခံကဲ့သို့ သို့မဟုတ် ပင်လုံညီလာခံထက်သာလွန်သည့် ညီလာခံမျိုး ကျင်းပ ပေးဖို့ရှိကြောင်း - ငြိမ်းချမ်းရေးလုပ်ငန်း ဖေါ်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက နိုဝင်ဘာ ၁၉ ရက် ထိုင်းနယ်စပ်၌ သျှမ်းပြည်တပ် မတော် RCSS/SSA နှင့် ပထမ ဦးဆုံးတွေ့ဆုံစဉ်က ပြောကြားထားပါသည်။

http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3497-2012-09-14-13-51-51.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India