“ တာ့ဆမ်ပူး ကူးတို့ဆိပ်ကနေဖယ်ခိုင်းထားတဲ့ကိစ္စ စစ်ရေး ကိစ္စ ဒီဆွေးနွေးပွဲမှာ သူတို့ တခွန်းမှ မဟ လာဘူး။ ခေါင်းစဉ်ကလည်း ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် တပ်မိသားစု ပြန်လည်နေရာချထား ရေးကိစ္စ ဆိုတော့ ခေါင်းစဉ်အတိုင်းဘဲ ဆွေးနွေးသွားတယ်” ဟု ပြောခွင့်ရဗိုလ်မှူးစိုင်းလက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
အောက်တိုဘာလ ၁၀ ရက်နေ့က လားရှိုးတိုင်းရုံး၌ကျင်းပသော ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေး နွေးပွဲသို့ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီဒုဥက္ကဌ ၂ ဦးအောင်မင်း ၊ ဒုဥက္ကဌ ၂ ဦးသိန်းဇော် တို့နှင့် အတူ သျှမ်းပြည် နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူး ကြီးအောင်သူ ၊သစ်တော ရေးရာ ဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီး၊ စစ်ဖက်မှ သျှမ်းပြည်မြောက်ပိုင်း လားရှိုး အခြေ စိုက် ရမခ တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ ခိုလမ် အခြေစိုက် ရလခ တိုင်းမှူး ဗိုလ်ချုပ် မင်းနောင်တို့ပါ၀င်တက် ရောက်ကြ သည်ဟု သျှမ်းပြည် တပ်မတော်မှ အရာရှိတဦးက ပြောပါ သည်။
သျှမ်းပြည်တပ်မတော်ဘက်ကမူ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် သျှမ်းပြည်တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင်ဦးဆောင်သော ၁၀ ယောက်ပါ ကိုယ်စား လှယ်က တက်ရောက်ဆွေးနွေး ခဲ့သည်ဟုဆိုပါသည်။
“ ကျနော်တို့ ဘက်ကနေပြီးတော့ စစ်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ ရွာတွေကိုပြန်လည်တည်ဆောက်မယ်။ ကျနော်တို့ တပ်သား မိသားစုတွေနဲ့ ဒီစစ်ဘေးဒုက္ခသည်တွေကို နေရာပြန်ချပေးမယ်လို့တင်ပြတော့ အစိုးရက မြေနေရာတွေကို ကွင်း ဆင်းကြည့်ရှုမယ် ပြောတယ်။ နောက်ပြီးဘိန်းအစားထိုးသီးနှံအတွက် ပြောင်းဖူးမျိုးစေ့ပေးတယ်၊ ပေါက်တူးအလက် ၂၀၀ ပေးတယ်၊ လက်တွန်းလယ်ထွန်စက် ၂ စီးပေးတယ်။ဆန်အိတ် ၁၀၀၀ ထောက်ပ့ံပေးတယ် ” ဟု ဗိုလ်မှူးစိုင်းလ ကပြောသည်။
နေရာပြန်လည်ချထားရေးအတွက် သဘောတူထားသော ဒေသများမှာ မိုင်းရှူးမြို့နယ်အတွင်းရှိ တိုက်ပွဲများဖြစ်ပွား ခဲ့သော ဟိုနမ့် အုပ်စု၊ နမ့်စိုင်အုပ်စု၊ နမ့်လောင်းအုပ်စု၊ လွယ်ချိုအုပ်စုတို့လည်းပါ၀င်ကြောင်း၊ တရွာလျင် အိမ်ခြေ ၃၅၀ ထားရှိရန်စီစဉ်ထားကြောင်း၊ နှစ်ဦးနှစ်ဘက်၏ သက်ဆိုင် ရာတာဝန်ရှိပုဂ္ဂိုလ် များ မှ ဆက်လက်ညှိနှိုင်းအကောင်အထည် ဖော်သွားဖို့ ဆွေးနွေးခြင်းမှ လွဲ၍ မည်သည့် သဘော တူညီ ချက်လက်မှတ်ရေး ထိုးခြင်း မရှိခဲ့ ကြောင်းလည်း ပြောပါသည်။
ကရင်ပြည်တွင်းဒုက္ခသည်များအတွက် နော်ဝေးနိုင်ငံ Myanmar Peace Support Initiative-MPSI မှ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့၌ စံပြကျေးရွာတည်ဆောက်ပေးရာတွင် တရွာလျင် အိမ်ခြေ ၂၂၄ ၊ လူဦးရေ ၁၅၀၀ ထားရှိပြီး ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ဖြစ်သည်ဟုလည်းပြည်တွင်းသတင်းရပ်ကွက်က ဆိုပါသည်။
စစ်ရေးနှင့်ပတ်သက်၍လည်း “ ကျနော်တို့ကို တာ့ဆမ်ပူးကူးတို့ဆိပ်ကနေ တပ်စခန်းပြောင်းပေးဖို့ သူတို့ပြောတုန်းက - ဗမာစစ် တပ်ဟာ လူထုကိုကာကွယ်ဖို့တာဝန်ရှိ တဲ့အတွက် ရွာထဲကို သျှမ်းတပ်ကဝင်ရင် သူတို့က တိုက် ခိုက်မယ်လို့ ပြောတယ်။ ဒီဆွေး နွေးပွဲမှာ စစ်ရေးနဲ့ပတ်သက်ပြီး ဘာမှထပ်မဆွေးနွေးလာတော့ ကျနော်တို့ နေနေမြဲဖြစ်တဲ့ တပ်စ ခန်းတွေမှာ ဆက်လက်နေ သွား မယ်။ ဆုတ်ပေးမှာမဟုတ်သလို လူထုနေတဲ့ မြို့ထဲရွာထဲလဲ ၀င်မှာမဟုတ်ဘူး။ ကျနော် တို့ တပ် စခန်းဆုတ်ဖို့ထပ်ပြီး ဖိအားပေး လာ မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဘဲရှိတယ်လေ။” ဟု သျှမ်းပြည် တပ်မတော် SSPP/SSA ပြောခွင့်ရဗိုလ်မှူးစိုင်းလ ကပြောသည်။
ယခုနှစ်ဆန်း ဂျန်နဝါရီ ၂၈ ရက်က တောင်ကြီး ၌ဆွေးနွေးကြစဉ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဌ ဦးသိန်းဇော်က SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းရှိ မြန်မာအစိုးရတပ်များ တပတ်အတွင်းအပြီးတပ်ဆုတ်ပေးမည်ဟု ကတိပေးပြောကြား ခဲ့ သော်လည်း တပ်မဆုတ်ပေးသေးသည့်အပြင် သျှမ်းပြည်တပ်မတော်အဆိုအရ ယနေ့အထိ တိုက်ပွဲပေါင်းအကြိမ် ၄၀ ထက် မနည်း ဖြစ်ပွါးခဲ့သည်။ ယခင်အပတ်ကလည်း သျှမ်းပြည်နယ်အစိုးရ၏ လုံခြုံရေးဝန်ကြီး ဦးအောင်သူက သျှမ်းပြည်တပ်မတော် SSPP/SSA ၏နမ့်ပန်ချောင်း တာ့ဆမ်ပူးကူးတို့ဆိပ်အနီး တပ်စခန်းကို အောက်တို ဘာလ ၅ ရက်နေ့နောက်ဆုံးထား တပ်ရုပ်ပေးရန် သတိပေး ပြောဆိုခဲ့သေး၏။ ထူးခြားချက်မှာ ထိုသို့ စစ်ရေးနှင့် ပတ် သက်ပြီး တင်းမာမှုများရှိနေသည့်တိုင် ယမန်နေ့က ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် စစ်ရေးနှင့်ပတ်သက်၍ တခွန်းမျှ မဆွေးနွေးခဲ့ကြပေ။